Tuesday, October 30, 2012

အမေ...



ကြယ်တွေကြွေရင်
ရယ်ချင်တယ်  အမေ
သားဆုတောင်းတွေမပြည့်သေးလို့ …။

လူတွေသေရင်
ရယ်ချင်တယ်  အမေ
သားအလှည့်မရောက်သေးလို့ …။
ပျော်စရာတွေကြုံရင်
ရယ်ချင်တယ်  အမေ
အမေပြောပြတဲ့ပုံပြင်လောက်မလေးနက်လို့ …။
အန္တရာယ်တွေတွေ့ ရင်
ရယ်ချင်တယ်  အမေ
ကျွန်တော်ငယ်ငယ်ကအမေဈေးရောင်းခဲ့တာကိုမြင်လို့ …။
ဆွေမျိုးတွေရဲ့ လက်ညိုးတွေကိုမြင်ရင်
ရယ်ချင်တယ်  အမေ
အဲ့လက်ညိုးတွေကို…အမေအံတုနိုင်ခဲ့လို့ …။

By: loafer
Source:http://www.poemscorner.com/post-type/myanmar-poems/24208
 



No comments:

Post a Comment