နင်မသိနိုင်တဲ့ နင့်အတွက်ငိုကြွေးခြင်းတွေ ငါ့မှာရှိတယ်..
နင်မသိနိုင်တဲ့ နင့်အတွက်ရည်ရွယ်တေးတွေ ငါသီဆိုဖူးတယ်...
နင်မသိနိုင်တဲ့ နင့်အတွက်ရည်ရွယ်တေးတွေ ငါသီဆိုဖူးတယ်...
နင်မသိနိုင်တဲ့ နင့်အတွက်တီးတိုးစကား တိုးဖွဖွလေး ငါဆိုမိတယ်...
ဘာရယ်တော့မဟုတ်ပါဘူးလေ...နင်မသိနိုင်ပေမဲ့...ငါကျေနပ်ပါတယ်.......။.
မြေပေါ်မှာေ၇းခဲ့တဲ့ နာမည်လေးဟာ
ဖြတ်ခနဲ့ မိုးတစ်ချက်အရွာ လေတစ်ချက်အဝှေ့မှာ
ပျက်သွားနိုင်ပေမယ့် နှလုံးသားထဲက
ချစ်ခြင်းတွေကတော့ ပြက်ပျယ်ဖို့က ခက်တယ်ဆိုတာ နင်မေ့နေရက်တယ်...။
တကူးတကဖျောက်ဖျက်ဖို့ ငါမကြိုးစားတော့ဘူး..
ခံစားချက်ဆိုတာ လုပ်ယူလို့ရစတမ်း ဆို....
အလွမ်းဆိုတာ ငါ့အတွက်ရှိမှာ မဟုတ်တော့ဘူး...၊။
ဆုပ်ကိုင်စရာ လက်ဖ၀ါးတစ်ခုနဲ့
မော့ကြည့်စရာ အကြင်နာ မျက်ဝန်းတစ်စုံ
ငါ့ အတွက်ပျောက်ဆုံးနေတာတော့ မဖြစ်နိုင်ပါဘူး
ငါအားတင်းတယ် ငါကြိုးစားတယ်
တဖြည်းဖြည်းနဲ့ ငါအားလျှော့လာတယ်
ဒါတွေက ၀ဋ်တခုလား???...
ဆုတောင်းတွေမပြည့်တတ်ပေမဲ့..
အိပ်မက်ဆိုးတွေက ကျိန်စာအလားပြည့်ဝတတ်လို့
တောင်းမိတဲ့ဆုက ၀ဋ်ရှိသမျှကြေပါစေ......။
source:https://www.facebook.com/photo.php?fbid=505571772788041&set=a.503437349668150.124868.503407463004472&type=1&theater


No comments:
Post a Comment