Tuesday, October 30, 2012

ဗိုက်ဆီကျစေတဲ့ ထောပတ်သီးအစွမ်းနဲ့ နည်းလမ်း.....




အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသုံးသင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။ 

အမေ...



ကြယ်တွေကြွေရင်
ရယ်ချင်တယ်  အမေ
သားဆုတောင်းတွေမပြည့်သေးလို့ …။

ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး



ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး
ဖြစ်မယ်လို့ ယူဆပါတယ်။

Sunday, October 28, 2012

လောက၌အကောင်းဆုံးသောအရာ ...




လောကမှာအကောင်းဆုံးသောအရာဟာ ဘာလဲမေးလိုက်ရင် လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတဲ့အတိုင်း ကိုယ်အကြိုက်ဆုံးအရာကိုပဲ အကောင်းဆုံးအရာလို့ သတ်မှတ်ကြမှာပါ။

အက်စစ်လိုလူနှင့် ရေခဲတုံးလိုလူ (ရဝေနွယ်-အင်းမ) ...


…တစ်ခါတုန်းက သာဝတ္ထိပြည်မှာ သူဌေးတစ်ယောက်ရှိပါတယ်။ သူဌေးက သဒ္ဓါတရား သိပ်ကောင်း ပါတယ်။ သူ့ရဲ့ဇနီးကမမတ္တာပါတဲ့။ဒါပေမယ့်ဇနီးကသဒ္ဓါတရားမရှိသလို  ဒေါသလည်းသိပ်ကြီးပါတယ်။  နောက်ဆိုးကျိုးတစ်ခုကတော့ ကလေးမရတာပါဘဲ။

Friday, October 26, 2012

အနှိုင်းမဲ့မီး....





"အချစ်ဟာ ..... မီးလား "လို့ ရပ်ကွက်ထဲမှာ ကလေးတွေအော်ဆိုနေသံ ကြားဖူးပါတယ် ။ သံသယအတွး နဲ့ ဘာမှ စဉ်းစားမနေပါနဲ့ .........
ဟုတ်ပါတယ်....... အချစ်ဟာ...... မီးပါ ။

Thursday, October 25, 2012

မုန်းနေသူ ကို ချစ်စေလိုလျှင် ....



အရှင်ဘုရား
တပည့်တော် ကို လူတယောက်က မုန်းနေပါတယ်၊ အဲဒါ ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ နည်းလမ်းရှိပါသလား-

“သံယောဇဉ်ကို ပါရမီဖြစ်အောင်လုပ်ပါ”



 လောက အတွက်ဆေး နှင့် လောကအတွက်ဘေး
“ပါရမီ” သဘောကိုနားလည် လာသောအခါ ဤ လောက ၌ ရုပ်ဖြစ်ဖြစ်,နာမ် ဖြစ်ဖြစ် ၊ကုသိုလ် ဖြစ်ဖြစ်, အကုသိုလ်ဖြစ်ဖြစ် ၊ပရမတ်ဖြစ်ဖြစ်, ပညတ်ဖြစ်ဖြစ် မည်သည့်အရာဖြစ်ဖြစ် အရာအားလုံးသည် အသုံးကျကြောင်း တွေ့ရ၏။

ပင်မှည့်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ ..........




လူအများစုဟာ ပင်မှည့်သီးခေါ် စူကာသီးကို ဖျော်ရည်ဖျော်သောက်ကြတာ များပါတယ်။ ပင်မှည့်သီးမှာ ဘယ်လို ကျန်းမာရေး အာနိ သင်တွေ ပါရှိပြီး ဘယ်လိုအသုံးပြုသင့်သလဲဆိုတာ ရေးသားလိုက်ရပါတယ်။

Wednesday, October 24, 2012

ဆင်းတုရှိခိုးတာ အကျိုးရှိသလား.........




ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။
မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။
ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

လူနဲ့ကျောက်...........




အမေတို့နိုင်ငံက မြေကြီးထဲကနေပြီး အလွန်အဖိုးတန် အလွန်လှပပြီး မြင်တဲ့သူတိုင်း မက်မောနှစ်သက်ရတဲ့ ကျောက်မျက်ရတနာတွေ ထွက်တဲ့နိုင်ငံပါ။ တစ်မျိုးမက အမျိုးမျိုး နေရာတော်တော်များများက ထွက်ပါတယ်။ ပတ္တမြား ၊ ကျောက်နီ ၊ ကျောက်စိမ်း ၊ နီလာ ၊ မြ စတာတွေ အမေတို့မြေထဲက ထွက်နေတာပါ .. ။

အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်.......



 ဗုဒ္ဓဘာသာဝင်တွေရဲ့အခြေခံအကျဆုံးယုံကြည်ချက်ကတော့ကံနဲ့ကံရဲ့အကျိုးတရားပါပဲ။
“ကောင်းတာလုပ်ခဲ့ရင်ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ခဲ့ရင် မကောင်းကျိုးရမယ်၊ အချိုစေ့စိုက်ခဲ့ရင် အချိုပင်ပေါက်ပြီး အချိုသီးစားရမယ်၊ အခါးစေ့စိုက်ခဲ့ရင် အခါးပင်ပေါက်ပြီး အခါးသီးစားရမယ်၊ ကိုယ်စိုက်ပျိုးတဲ့ မျိုးစေ့နဲ့ ထိုက်တန်တဲ့ အပင်ပေါက်ပြီး အဲဒီအပင်နဲ့ ထိုက်တန်အသီးကိုပဲ ကိုယ်စားရမယ်၊ အလုပ်ဆိုတာကံ၊ ကံဆိုတာအလုပ်၊ ကိုယ်ကံက ကိုယ့်ဘဝကိုစီမံတယ်၊ ကိုယ့်ဘဝရဲ့ ဖန်ဆင်းရှင်ပာာ ကိုယ်လုပ်ခဲ့တဲ့ကံတရား” အဲဒီလိုနားလည်လက်ခံယုံကြည်ထားကြပါတယ်။

Tuesday, October 23, 2012

ဖိအားနဲ့အသိတရား..........




ဒကာတစ်ယောက်က မေးလျှောက်လာပါတယ်။ “ဘုန်ုးဘုန်းဘုရား တပည့်တော် အခုတလော ကိုယ့်ကိုယ်ကို စိတ်တွေအရမ်း ကြမ်းလာတယ်လို့ ခံစားမိပါတယ်၊ ထစ်ခနဲဆို စိတ်တိုလိုက်၊ ထစ်ခနဲဆို အလိုမကျဖြစ်လိုက်၊ ထစ်ခနဲဆို ပါးစပ်က ဆဲလိုက်ဆိုလိုက် စတာတွေ အလွယ်တကူကို လုပ်ဖြစ်လာတယ်လို့ ထင်ပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် တပည့်တော် စိတ်ရိုင်းတွေ ဝင်နေတယ်ဆိုတာ သတိပြုမိလာပါတယ်၊ သတိပြုမိတဲ့အလျောက် ထိန်းနိုင်အောင် ကြိုးစားကြည့်ပေမယ့် မရဘူး ဖြစ်နေပါတယ်ဘုရား၊ အဲဒါ ဘယ်လိုလုပ်ရင် ကောင်းမယ်ဆိုတာ တပည့်တော်ကို အကြံပြု မိန့်ကြားပေးပါး ဘုရား”ဆိုပြီး သူကအကြံဉာဏ် တောင်းခံရင်း လျှောက်ထားလာပါတယ်။

“ မေတ္တာကိုပဲ လိုချင်ခဲ့တာ ”



 ဦးကျော် ကိစ္စတခုကို သိချင်လို့ မေးလို့ရမလား ကိုယ်နဲ့တော့ မဆိုင်ပါဘူး၊ ဒါပေမယ့် သိချင်တဲ့ ဆန္ဒက များနေလို့ပါ၊
ဘာများလဲ ဘုရား - ဒီလောက် စကားပျိုးနေပုံထောက်တော့ ထူးထူးဆန်းဆန်းပါပဲလား၊ မေးပါ ရပါတယ်၊ ကိုယ့်ဦးဇင်းတွေ ဆိုတော့ ပြောပေးရမှာပေါ့၊

ပညတ်ချက်တံတိုင်းအောက်မှာ အမျိုးသမီးတို့ဘ၀...........



နေ၀င်မိုးချုပ် တကုတ်ကုတ်နှင့်
အိမ်တွင်းမှုခင်း နေ့စဉ်ရှင်း၍
ထမင်းချက် ရေခပ် အ၀တ်လျှော်မှ
မိန်းမပီသသတဲ့လား အမေ။

မှတ်ဖွယ်မှတ်ရာအဖြာဖြာ...



ကျွန်မတို့တွေ ချက်ပြုတ်ရာမှာ သော်လည်းကောင်း၊ ပတ်ဝန်းကျင်တွေမှာသော်လည်းကောင်း တွေ့ရတတ်တဲ့ စိတ်အနှောက်အယှက် ဖြစ်စရာလေးတွေကို ဖြေရှင်းဖို့အတွက် အောက်ပါ အချက်တွေကို သိထားမယ်ဆိုရင် တစ်နည်းတစ်ဖုံအားဖြင့်တော့ အထောက်အကူ ဖြစ်မယ် ထင်ပါတယ်။

ဘဝရှင်သန်နည်းများ.............

သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

“ပျော်ပျော်နေပါ သူငယ်ချင်း”



 “ပျော်ပျော်နေပါ” တဲ့..  စကားလေးက သိပ်ကို ရိုးစင်းလွန်းပါတယ်..  တကယ်တမ်းတော့ ကျွန်မတို့ရဲ့ ဘ၀မှာ ပျော်ရွှင်မှုတွေကို သူတစ်ပါးက ဖန်တီးပေးနိုင်သလို ကိုယ်တိုင်ကလည်း ဖန်တီးယူနိုင်ပါတယ်.. ဒါပေမဲ့ တကယ်တမ်းတော့ ကိုယ့်စိတ်နေစိတ်ထား၊ ကိုယ့်ရွေးချယ်မှုကနေပြီးတော့ ပိုပိုသာသာရနိုင်ပါတယ်.. တကယ်လို့များ သင်ဟာ အရာရာကို အကောင်းဘက်ကသာ ကြည့်မယ် တွေးမယ်ဆိုရင် အမြဲပျော်ရွှင်နေတဲ့ သူတစ်ယောက် ဖြစ်နေမှာပါ။

အသားအရေလှစေသော သစ်သီးများ.....

သခွားသီး ( Cucumber)

သခွားသီးသည်လည်း ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝခြင်းကြောင့် အရေပြားကို သန့်စင်စေခြင်း သွေးလှည်ပတ်မှုအားကောင်းစေခြင်း၊ အသားအရေကို စိုစွတ်ချောမွေ့စေခြင်း၊ အရေပြားတွန့်ခြင်း၊ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကို သက်သာစေခြင်း စသည်တို့အတွက် အထူးကောင်းမွန်စေပါတယ်…

Monday, October 22, 2012

ကျန်းမာရေးနှင့် အလှအပအတွက်မာလကာသီး.........



 မာလကာသီးဟာ မြန်မာလူမျိုးများ နှစ်ခြိုက်စားသုံးကြတဲ့ သစ်သီးတစ်မျိုး ဖြစ်ပေမယ့် မာလကာသီးနဲ့ အလှပြင်တာ ကတော့ ရှားပါ လိမ့်မယ်။ မာလကာသီးဟာ ပျိုမေများအတွက် ကရိကထိများကာ ကမကထ စီစဉ်ဝယ်ယူရမယ့် သစ်သီး တစ်မျိုး မဟုတ်တဲ့ အပြင် ဈေး လည်းချို အလွယ်လည်း ဝယ်ယူနိုင်တဲ့ အပြင် အလှအပအတွက်ပါ ထည့်သွင်း အသုံးပြု နိုင်တာမို့ မာလကာသီးနဲ့ အလှအပ ရေးရာ အဖြစ် ဖော်ပြလိုက် ရပါတယ်။

အချစ်အကြောင်း ပြောကြည့်ခြင်း ...

အချစ်နဲ့ ပတ်သက်ပြီး တစ်ယောက်က မေးဖူးပါတယ်။ အများကြီး မသိပေမယ့် သဘာဝဓမ္မအရ ပြောရရင် မေတ္တာ မဟုတ်တဲ့ အချစ်ဟာ တဏှာပေမနဲ့ ဆက်စပ်နေတဲ့အတွက် ပူလောင်မှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။

ရချင်ရင် ပေးပါ .........


 မပေးဘဲ မရချင်ပါနဲ့။ ကိုယ်ကရချင်ရင် ကိုယ်ကအရင် ပေးပြရမှာ ဖြစ်ပါတယ်။ ပေးရတယ်ဆိုတဲ့ စကားက ပေးရင် ရတယ်ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။

အပေါင်းအသင်း ....

အတူတကွ သွားလာနေထိုင် စားသောက်လေ့ရှိတဲ့သူကို မိတ်ဆွေအပေါင်းအသင်းလို့ ခေါ်ပါတယ်။ ဒီအပေါင်းအသင်းဟာလည်း ကောင်းတဲ့အပေါင်းအသင်း မကောင်းတဲ့အပေါင်းအသင်းလို့ နှစ်မျိုးရှိပါတယ်။ စာလိုပြောရင်တော့ ကလျာဏမိတ္တ (ကောင်းတဲ့အဆွေခင်ပွန်း) နဲ့ ပါပမိတ္တ (မကောင်းတဲ့အဆွေခင်ပွန်း)တို့ပါပဲ။ 
လူတစ်ယောက်ရဲ့ ဘ၀အကောင်းအဆိုးဟာ သူပေါင်းတဲ့အပေါင်းအသင်းနဲ့လည်း ပတ်သက်မှု ရှိပါတယ်။ သူပေါင်းသင်းတဲ့ အပေါင်းအသင်းကို ကြည့်ပြီး သူဘယ်လိုသူဆိုတာလည်း အကဲခက်လို့ ရပါတယ်။

Sunday, October 21, 2012

မာနလေးတွေ လျှော့စေချင် ...

“ဒို့က ကိုယ့်မာနနဲ့ ကိုယ်နေတာ…၊ ကိုယ်မှန်ရင် ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး…၊ ဒို့ကသူများကို ဘယ်တော့မှ   အောက်မကျို့ဘူး…၊ သူလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်…၊ ကိုယ်မှားတာမှ မဟုတ်ဘဲ ဘာလို့ တောင်းပန်ရမှာလဲ…၊ ဂျင်းစိမ်းနဲ့ မိတ်သလင်လို သူကျင်မှ ကိုယ်ကျင်ပဲပေါ့…၊ ဒို့က သူများကိုလည်း မဟုတ်တာမလုပ်ဘူး ကိုယ့်လာထိရင်လည်း ဘယ်တော့မှ မခံဘူး…၊ သူကရော ဘာမို့လို့လဲ…“
စတဲ့ စတဲ့ စကားများ အားလုံးကြားဖူးကြမှာပါ။

‘‘မနက်စာ နှင့် သင့်ကလေး ကျန်းမာရေး’’

‘‘မနက်စာ နှင့် သင့်ကလေး ကျန်းမာရေး’’

မနက်စာဟာ ကလေးတွေအတွက် အိပ်ယာမှ နှိုးနှိုးချင်း ပထမဆုံးစားရတဲ့ အစားအသောက် ဖြစ်တာမို့ အရေးကြီးဆုံးလို့ ဆိုချင်ပါတယ်။ ကလေးတစ်ယောက်ဟာ မနက်စာ မစားပဲ ကျောင်းသွားမယ် ဆိုပါစို့။

တံမြက်လှည်းခြင်းအကျိုး ငါးပါး နှင့် သြကာသရှင်းတမ်း....


ဗုဒ္ဓဘာသာမြန်မာလူမျိုးများ မိမိတို့ ကိုးကွယ်နေကြတဲ့ ဘုန်းကြီး ကျောင်းပေါ်မှာဖြစ်စေ၊ ဘုန်းကြီးကျောင်းဝန်းထဲမှာဖြစ်စေ။ဘုရားပေါ်သို့ဘုရားဖူးသွားခိုက် ကုသိုလ်ပြုသည့် အနေနှင့် ဘုရားရင်ပြင်ပေါ်တွင်ဖြစ်စေ

Friday, October 19, 2012

XP မှာ start နှင့် shutdown မြန်အောင်လုပ်နည်း............

 
start မြန်အောင် လုပ်နည်း

 start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့်ပြီး ok ပေးလိုက်ပါ.။

သူငယ်ချင်းနွယ်လေးအတွက်ဂျူးရဲ့ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ.......


“သူတို့စောင့်ရှောက်သော်ငြား
ကိုယ်ငရဲရောက်နိုင်သား”
ကြယ်တွေကို မော့ကြည့်ကာပင်
ကိုယ်တရေးရေးသိမြင်။

Thursday, October 18, 2012

သံဝေဂဖွဲ့ (ဦးပုည) ..........

ပျော်မမွေ့နိုင်ဘု၊
ဓလေ့ကိုတဲ့ ငြီးတော့တယ်။
ကိုင်ပုတီး၊

အဆုပ်ရောဂါကာကွယ်ရန်အတွက် အစိမ်းရောင်ပန်းဂေါ်ဖီစားသုံးသင့် ....


အစိမ်းရောင်ပန်းဂေါ်ဖီစားသုံးခြင်းသည် အဆုတ်အတွက် အထောက်အကူပြုကြောင်းသိရှိရသည်။ နောက်ဆုံးတွေ့ရှိသော သုတေသနရလဒ်များအရ အစိမ်းရောင်ပန်းဂေါ်ဖီတွင်ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ခံနိုင်ရည်အားကို တိုးမြှင့်ပေးသည်ဟု ဖော်ပြလျက်ရှိသည်။

မင်းတစ်ယောက်သာ............

 ပုံပြင်မဟုတ်ဘူး…
အမှန်တကယ် အထီးကျန်ခြင်းတွေ
မယုံနိုင်အောင်လူးလွန့်နေလို့
အခါခါခေါင်းရမ်း..နာကျင်စွာ

တိုးတိုးညဉ်းမိတယ်စွန့်ခဲ့တာ ကြာခဲ့တယ်…..
မေ့လိုက်ပါတယ်…

Wednesday, October 17, 2012

ကွမ်းယာကြိုက်တဲ့ သူငယ်ချင်းတို့အတွက် ဒီပို့စ်လေးကို ကူးယူပေးတာပါ.......

 


ကွမ်းနဲ့ကွမ်းယာဝါးတဲ့ဓလေ့ဟာ၊မြန်မာအပါအ၀င်အရှေ့တောင်အာရှနဲ့တောင်ပစိဖိတ်ကျွန်းဒေသနိုင်ငံတွေမှာတွေ့ရတဲ့ဓလေ့ဖြစ်ပါတယ်။

ပန်းပွင့်တို့ အကြောင်း....



> ပန်းတစ်ပွင့်က ပြောပါတယ်....
>
> အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး
> စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ..
> ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။

Laptop ပျက်နေပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ ....


အခုပြောပြမယ့် အကြောင်းအရာလေးကတော့ ပျက်နေတဲ့ Laptop တွေကို ဘယ်လို Troubleshoot လုပ်ရမလဲ၊ Problem တွေ ဘယ်လိုရှာကြမလဲဆိုတဲ့ အကြောင်းအရာလေးပါ။ Laptop ရဲ့ Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ အားလုံးဟာ ဘာ Sign မှ မပြဘူး။ Laptop မှာ ပုံမှန်အသံတွေလည်း မကြားရ။ LED ကလည်း မလင်း၊ Fan ကလည်း မလည်၊ Screen ကလည်း အမဲကြီးပဲ ဘာမှမပေါ်ဘူးဆိုရင်တော့ သေချာသလောက် ၎င်း Laptop ပျက်နေပါပြီ။ ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ။ ပြောပြမှာပေါ့ဗျာ။ အဲဒါပြောချင်လို့ကို ဒီလိုအစပျိုးလိုက်တာ။

ကိုယ်တိုင်အိမ်မှာလုပ်ကြည့်ပါလား...

 ကိုယ့်အိမ်မှာပဲ သစ်သီးတွေနဲ့ အသားအရေထိန်းသိမ်းမှုတွေလုပ်နိုင်ဖို့ ကျွန်တော်သိသလောက်ဝေမျှလိုက်ပါတယ်။

Tuesday, October 16, 2012

လိုက်ချီးသီး၏ ကျန်းမာရေး စွမ်းပကား


အရသာရှိလှတဲ့ လိုက်ချီးသီးတွေကို စားရတာက ရေငတ်ပြေစေပါတယ်။ ဘဲဥပုံ ဒါမှမဟုတ် အသည်းနှလုံးပုံရှိပြီး အတွင်းသားမှာ အဖြူရောင်ရှိတဲ့ ဂျယ်လီ အမျိုးအစား ဖြစ်ပါတယ်။  လိုက်ချီးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ပါဝင်နေပါတယ်။

ဝက်ခြံထွက်လာရင် မြန်မြန်ပျောက်အောင် ဘာလုပ်ပေးရမလဲ


ဒီတစ်ခေါက်မှာတော့ ဝက်ခြံ ထွက်ခြင်းကြောင့် စိတ်အနှောက်အယှက် ဖြစ်နေရတဲ့ ရွှေဗြူးတီးမှ ရွှေမြန်မာမလေးတွေအတွက် “ဝက်ခြံထွက်လာရင် မြန်မြန်ပျောက်အောင် ဘာလုပ်ပေးရမလဲ” ဆိုတဲ့ မေးခွန်းကို ဖြေပေးချင်ပါတယ်။

“ဒေါသဖြစ်ရင် အဆိပ်သင့်သလို”




ဘုရားဟောထားတာရှိတယ်။
" သဒေါသံဝါ စိတ္တံ၊ သဒေါသံ စိတ္တန္တိ ပဇာနာတိ " တဲ့ ။ " ဒေါသနှင့်တကွဖြစ်သော စိတ်ကို ဒေါသနှင့်တကွဖြစ်သော စိတ် ဟူ၍ သိ၏" တဲ့ ။ ဒီထက်ရိုးအောင်၊ ရှင်းအောင်ပြောရရင် " ဒေါသစိတ်ကို ဒေါသစိတ်ဟူ၍သိ၏" တဲ့ ။ ဒေါသစိတ်ကို လို့ ဆိုကတည်းက ငါ့ဒေါသလို့ မဆိုလိုဘူးနော်- ငါမဟုတ်ဘူး။

ဝန်ထမ်းနှင့် နတ်ပြည်.............



မြတ်စွာဘုရားလက်ထက်တော်က သူဌေးကြီးတစ်ယောက်ရှိပါတယ်။ သူက ” နေ့တိုင်း ကုသိုလ်ဖြစ်စေရမယ်” လို့ အဓိဌာန်ပြီး ရဟန်းသံဃာတော်တွေကို အိမ်မှာ ဆွမ်းခံကြွစေပါတယ်။
ဒီလိုနဲ့ ဆွမ်းလောင်းလှူလာလိုက်တာ ကာလတစ်ခုမှာတော့ သူတို့ရက်ကွက်ကို သူခိုးသူဝှက်တွေ မကြာခဏ လာလာကပ်လာပါတယ်။ ဒါကြောင့် ဇနီးလုပ်သူက အိမ်ခြံဝင်းတံခါးကို အမြဲပိတ်ခိုင်းထားလိုက်ပါတယ်။

မိန်းမတွေရဲ့တန်ဖိုး..............




“ဒကာရေ ဒီမာတုဂါမတွေကြောင့်ပဲ သံသရာလည်နေကြသကိုးကွဲ့”
”မှန်ပါ” 
 
“အဲဒီတော့ မာတုဂါမတွေ မရှိမှ သံသရာဝဋ်က ကျွတ်မယ် ဒီလိုမဟုတ်လား”
“ မှန်ပါ ကျွတ်မှာပါဘုရား” 

Monday, October 15, 2012

လောကမှာ သင့်ကိုအချစ်ဆုံးသူ 世界上最愛你的那個人


ဒီလောကမှာ ဒီလိုလူတစ်ယောက်ရှိတယ်။ သင်ငယ်စဉ်အခါမှာ သင့်ကို "လိမ်ညာတယ်ဆိုတာမကောင်းဘူး၊ မလိမ်ညာရဘူး၊ လိမ်တတ်တဲ့ကလေး သစ်သားရုပ် Pinocchioလို နှာခေါင်းရှည်ထွက်လာတတ်တယ်" လို့ သူမကြာခဏပြောတယ်။ သူ့စကားကို သင်ယုံတယ်.. နှာခေါင်းရှည်ထွက်လာပြီး ရုပ်ဆိုးမှာစိုးလို့ သင်မလိမ်ညာရဲခဲ့ဘူး။

ဘုရားဟောသောပိန်နည်း........


      မြတ်စွာဘုရား  လက်ထက်တော်က  ပသေနဒီကောသလ မင်းကြီးဟာ  ဆန်တစ်စိတ်   (လေးပြည်) ချက်ထမင်းကို ကုန်တယ်လို့ ဆိုပါတယ်။   ဟင်းကိုလည်း     ဆန်တစ်စိတ်ချက်နဲ့  ညီမျှအောင်   စီစဉ်ပေးရ ပါတယ်တဲ့။    တစ်နေ့မှာတော့ ထမင်းစားပြီးပြီးချင်း   မြတ်စွာဘုရား  ဆီထွက်ခဲ့ပါတယ်။  မြတ်စွာဘုရား ဆီရောက် တော့ဦးချပြီး ထိုင်နေ လိုက်ပါတယ်။

နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း ...


နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့အား အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။ ဟု သမ္ဗုဒ္ဓေဂါထာတော်တွင် ရွတ်ဆိုလေ့ရှိသည်

ဘာတွေဘဲဖြစ်နေနေ..အဖေလာမယ်စိတ်ချ

၁၉၈၉ ခုနှစ်တွင် အာမေးနီးယားပြည်၌ ရစ်ချတာစကေး ၈.၂ ရှိသည့် အင်အားပြင်းထန်သော မြေငလျင်ကြီးတစ်ခု ဖြစ်ပေါ်သည်။ တိုက်တာအိမ်ရာတွေ မြေကြီးမှာ ပြားပြားဝပ်သွားပြီး ၄ မိနစ်ပင် မပြည့်သည့်အချိန် အတောအတွင်း လူပေါင်း ၃၀,၀၀၀ ကျော် သေဆုံးခဲ့သည်။

Sunday, October 14, 2012

သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး.........


သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။  သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့်  ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်

အားသွားလို့လားသူငယ်ချင်း......



သူငယ်ချင်း
-မင်းငါခုံခိုက် ဘုရားလိုက်ဖို့
ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူးနောက်မှ ကွယ်။

Thursday, October 11, 2012

အချစ်မှ တစ်ဆင့် နိဗ္ဗာန်သို.............


အချစ်ဟာ ကောင်းသလားလို. မေးရင်တော့ မကောင်းဘူး ပြောရမှာပဲ။ ဒါပေမဲ့ အချစ်ကြောင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကို ရနိုင် ပါတယ်တဲ့။ ဒီလိုပြောတော့ စာဖတ်သူက ချက်ချင်း လက်ခံချင် နိုင်မှ လက်ခံနိုင်မှာပါ။ ပဋ္ဌန်း ဥပနိဿယ ပစ္စည်းကိုအာရုံပြုကြည့်လိုက်ပါ။

ညီမလေးရေ...ပွဲဈေးတန်းလေးမဆုံးသေးခင်...


ညီမလေး တို့ ရေ.. ဆယ်ကျော်သက်အရွယ်တုန်းက တို့တွေလဲ စိတ်ကစားခဲ့ဖူးတာပေါ့။ မင်းသားရန်အောင် ဆို အသည်းစွဲ။ သူနဲ့တူတဲ့သူများတွေ့ ရင် လေ ရင်တွေခုန်လို့ ခြေမကိုင်မိလက်မကိုင်မိပဲ ။ ဘာရယ်လဲ မဟုတ် ဒီလိုပဲ .. ကိုယ်သဘောကျတဲ့သူဆို သူ့ ဘာသာတူ ဘာရုပ်ဖြစ်နေ ဖြစ်နေ ကိုယ့်မျက်စိထဲမတော့ ဟိုမင်းသားနဲ့တူသလို လို ဒီမင်းသားနဲ့ တူသလိုလို ကြိတ်ပြီးသဘောကျရင်ခုန်ခဲ့ရတာအမောပါရောလား။

လူငယ်နှင့် ၀ိပဿနာ

ဘယ်အရွယ်မှာ တရားအားထုတ်ရမလဲ ?
ဒီမေးခွန်းရဲ့အဖြေကို မဖြေခင်အာရုံနှိုးတဲ့အနေနဲ့ အားလုံးကြားဖူးပြီးဖြစ်တဲ့ ၀တ္ထုလေးတစ်ပုဒ်ကို  အရင်ပြောပြရအောင်ပါ။

Wednesday, October 10, 2012

ဘလော့နောက်ခံ ဒီဇိုင်းအလွယ်ထည့်နည်း..........

 
သည်နေ့တင်မဲ့ ပို့စ်လေးကတော့ ဘလော့မိတ်ဆွေအပေါင်းအတွက် မိမိတို့ ဘလော့ကိုနောက်ခံ ပုံစံဒီဇိုင်းဆန်းဆန်းလေးတွေနဲ့ အလှဆင်ဖို့ နောက်ခံ ပုံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုး ရယူနိုင်တဲ့ ဆိုဒ်လေးကို
လမ်းညွှန်ပေးပါ့မယ်... ကုဒ်ယူနည်းလေးနဲ့တစ်ကွ ရှင်းပြထားပါတယ်...