Thursday, January 31, 2013

ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမဆောင်ပုဒ်

 ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်။
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။

" Their opinions for Valentines Day "




ဒီနေ့ ...
ရတီ Magazine ရဲ့ February Issue ထွက်လာပါတယ် ..
အဲဒီ ထဲ မှာ ... Valentine's Day နဲ့ ပတ်သက်တဲ့ ကဏ္ဍလေး တခုမှာ ..
စာရေးဆရာမ မြနှောင်းညို ..
စာရေးဆရာမ ပုညခင် ..
သရုပ်ဆောင် ခင်ဇာခြည်ကျော် နဲ့ ..
ကျမ ကို ..

Wednesday, January 30, 2013

~နံနက်ခင်းအိပ်ယာနိုးနိုးခြင်း ရေသောက်လျှင် ရရှိသောအကိုးကျေးဇူးများ~




မနက်ခင်းရဲ့ အိပ်ယာထ ထခြင်း ရေသောက်ခြင်းရဲ့ (သွားမတိုက်ခင်နော်) အကိုးကျေးဇူးများစွာသင် ဘယ်လောက်ရရှိသလဲဆိုရင်...................

မြင်းခွာရွက်၏အသုံးဝင်ပုံ.........



 မြင်းခွာရွက်ဟာ စားစရာ လဲဟုတ်၊ ဆေးလဲ ဟုတ်တယ် ဆိုတာ မြန်မာတွေ သာမကာ တခြား လူမျိုးတွေ ကပါ မှတ်ယူ ကြတယ်။ Sanskrit သင်္သက ရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။ မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။
1.အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။ 2.အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။
3.ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။
 4.အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။
5.အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။..

Source from - http://maruthura.blogspot.com/
Source:https://www.facebook.com/photo.php?fbid=157463737738516&set=a.131944533623770.30161.116827751802115&type=1&theater
 

Tuesday, January 29, 2013

စိတ်နဲ့ခန္ဓာ



ငါ့ခန္ဓာကိုယ်  ငွေထုတ် စက်လား

ငါ့ကိုခိုင်းစေ မနေမနား

ငါပေးဆပ်နေ နေ့မအား ညမနား

Monday, January 28, 2013

၂၀၁၃ တွင် ပျော်ရွှင်စေမည့် နည်း ၁၃ သွယ်





၂၀၁၃ မှာ သင့်ကျန်းမာရေးကို အထောက်အကူ ပြုပေးနိုင်တဲ့ နည်း ၁၃ သွယ်ဟာ သင့်ကို ပိုမိုပျော်ရွှင်စေတာကို အံ့အားသင့်ဖွယ် တွေ့ရှိရပါလိမ့်မယ်။

(၁) မိနစ် ၂၀ လေ့ကျင့်ခန်းလုပ်ခြင်း

ကျွန်မတို့ဟာ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တာရဲ့ အကျိုးကျေးဇူးကို သိပေမယ့် အားကစားခန်းမကို မသွားဖြစ်တာ များပါတယ်။ ဒီလိုဖြစ်နေရင် နိစ္စဓူဝ အလေ့အထထဲမှာ ဓာတ်လှေကားမစီးဘဲ ရိုးရိုးလှေကားနဲ့ တက်တာ၊ သွားချင်တဲ့နေရာနဲ့ ခပ်လှမ်းလှမ်းမှာ ကားပါကင်ထိုးတာ၊ အနီးအနားက အိမ်ဆိုင်တွေကို ခပ်သွက်သွက် လမ်းလျှောက်ပြီးသွားတာ၊ နေ့လယ်စာစားပြီး မိနစ် ၂၀ လမ်းလျှောက်တာ၊ ခွေးနဲ့ လမ်းလျှောက်တာ စတာတွေကို လုပ်ဆောင်သင့်ပါတယ်။

Friday, January 25, 2013

ကိုယ်အလေးချိန် ကျဆင်းနိုင်သော အစားအစာများ




နောက်ဆုံးလေ့လာမှုတွေအရ တချို့အစားအစာတွေဟာ ဆာလောင်မှုကို ပျောက်ကင်းစေပြီး ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်ကာ အဆီတွေမြန်မြန် လောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။ အောက်ပါအစားအစာတွေကို ကြည့်ပြီး သင့်ခန္ဓာကိုယ်အလေးချိန် ၁၀ ပေါင်၊ ပေါင် ၂၀၊ ပေါင် ၃၀ ဒါမှမဟုတ် ဒီပေါင်ချိန်တွေထက် ပိုလျော့အောင် ပြုလုပ်ပါ။

Wednesday, January 23, 2013

~ကလေးကို ပြင်းထန်စွာအော်ငေါက်ခြင်း သို့မဟုတ် ဒဏ်ပေးခြင်းကြောင့် ကလေးကြီးလာစဉ် ကင်ဆာ၊ နှလုံးရောဂါနှင့် ရင်ကျပ်ရောဂါဖြစ်နိုင်ခြေမြင့်မား~




မိမိကလေးကို ဒဏ်ပေးတာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းတာကြောင့်ကလေးငယ်ကြီးပြင်းလာရင်ကင်ဆာရောဂါအပါအ၀င်ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နိုင်ခြေ မြင့်မားတယ်လို့ လေ့လာမှုအသစ်အရ တွေ့ရှိခဲ့ပါတယ်။

Monday, January 14, 2013

ခွက်ပဲ့လေး တစ်လုံး 一只破碗




ဒီပုံပြင်ကို အင်္ဂလိပ်လို ဖတ်ဖူးသူလည်း ရှိကြပါလိမ့်မယ်။ မြန်မာလို ဘာသာပြန်ဖူးသူလည်း ရှိကောင်းရှိမယ်။ ခပ်ဆင်ဆင် ဇာတ်လမ်းမျိုးလည်း ရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်မဖတ်ဖူးတာလေးကို ရင်ဘတ်နဲ့ထပ်တူ ပြန်ခံစား လိုက်ပါတယ်။

ဧည့်သည်...........




လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။

အကြင်နာပေါင်း ရှစ်သောင်း လေးထောင်







- မေတ္တာဆိုတာ တစ်ဖက်သားရဲ့ ကောင်းကျိုးချမ်းသာကို ရွက်ဆောင်ပေးချင်တဲ့သဘော
တကယ်လည်း ရွက်ဆောင်ပေးချင်တဲ့ သဘောပါ။

Sunday, January 13, 2013

ထိပ်ပြောင်သူများ အတွက် ကြက်သွန်နီ




ဆေးပညာရှင်များ၊သိပ္ပံပညာရှင် များစွာ ရောဂါကာကွယ်ဆေး၊ ကုသ ဆေးမျိုးစုံတီထွင်ဖန်တီးလျက်ရှိကြ သည်။ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင် ခြင်းအတွက် ထိထိရောက်ရောက် ကုသနိုင်မည့်နည်းလမ်းမရှိသေး။
ထူထဲ တောက်ပြောင်သော ဆံကေသာသည် ငယ်ရွယ်ခြင်း၏ ဝိသေသတစ်ခု ဖြစ်သည်။ ဆံပင်ကျွတ် ခြင်းကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ကျ ဝေဒနာတို့ ခံစားရတတ်သည်။

Friday, January 11, 2013

နံနံပင်က ဘာတွေ ကာကွယ်နိုင်လဲ





နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။

Tuesday, January 8, 2013

~~~~ အဖော်မရှိပေမယ့် အပျော်အတိပြီးပါတယ် ~~~~




သူတော်ကောင်းပုဂ္ဂိုလ်ဟာ

ဘယ်အပေါင်းအဖ်ာကိုမှ မငြိတွယ်ပဲ

တစ်ယောက်တည်း

တရားနဲ့နေတတ်အောင်

ဆေးစွမ်းထက်သော သလည်းသီး




မြန်မာနိုင်ငံမှာဆိုရင် ရှမ်းပြည်နဲ့ မြန်မာပြည် အောက်ပိုင်း ဒေသအချို့ မှာ စိုက်ပျိုး အောင်မြင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ သလည်းသီးလို့ ခေါ်ပြီး ဥရောပ၊ အာဖရိ၊ အမေရိကန်၊ အာရှ အစရှိသဖြင့် နေရာစုံမှာ ဒေသစုံ မှာ ပေါက်တတ်တဲ့ အပင် ဖြစ်ပါတယ်။

Sunday, January 6, 2013

ဗိုက်ထဲတွင် အစာမရှိလျှင် ဒိန်ချဉ်မသောက်ရ




ဒိန်ချဉ်ကို ဝမ်းထဲမှာ အစာမရှိရင် မစားသင့်ဘူးလို့ ဆေးပညာရှင်များက မှာကြားထားပါတယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။

Wednesday, January 2, 2013

ကျန်းမာရေး သော့ချက်များ (အင်တာနက်)




(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။

(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။

Tuesday, January 1, 2013

Happy new year အတွေးများ....




မြောက်လေကသွေး၊ နှင်းဖွေးဖွေး နှင့် ၊ ချမ်းအေးပါလှ ၊ ည...တစ်ည.. ၊
မိသားစုတွင်း ၊ မိတ်ဆွေရင်း နှင့် ၊ ချစ်သူချင်းဆုံ ၊
ဝိုင်းစုပြုံကာ ၊ နှင်းမြူမှုံကြား ၊ မြူးပျော်ပါးစွာ ၊ကကြ ခုန်ကြ ၊ ည တစ်ည ။
မီးရှူး မီးပန်း ၊ထောင်သောင်းသန်း ဖြင့် ၊ အံ့မခန်းလှ ၊