Thursday, November 29, 2012

တရားထိုင်ခြင်းသည် ဦးနှောက်ကြွက်သားများကို တောင့်တင်းခိုင်မာစေသည်




ဒိုက်ထိုးလေ့ကျင့်ခန်းသည် လူ့ခန္ဓာကိုယ် ကြွက်သားများအား တောင့်တင်းခိုင်မာစေသလို တရားထိုင်ခြင်းသည်လည်း ဦးနှောက်ကြွက်သားများကို တောင့်တင်းခိုင်မာစေပြီး ဦးနှောက်ကျုံ့ခြင်းကို တွန်းလှန်နိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြားသည်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဦးနှောက်ဓာတ်မှန်ရိုက် ဓာတ်ခွဲခန်းဌာနမှ လက်ထောက် ဧည့်ပါမောက္ခအီလင်လူဒါစ်နှင့်အဖွဲ့သည် ။

Tuesday, November 27, 2012

*** ကိုးဘွဲ့ရဆရာတော်၏ ဒဿနစကားများ ***



၁။ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံ။

၂။ ပါရမီပြည့်အောင် စောင့် မနေပါနဲ့၊ တောင်း မယူပါနဲ့၊ လုပ်ယူပါ။

၃။ မိဘကို စွမ်းနိုင်ပါလျက် မလုပ်ကျွေးဘဲ တမင်ပစ်ထားရင် ကြွေးလည်း တင်တယ်၊ လူယုတ်မာလည်း ဖြစ်တယ်။

၎။ လူကိုပဲ ညာလို့ ရမယ်၊ ကံကိုတော့ ညာလို့ မရဘူး။

Monday, November 26, 2012

မျက်စိကို စစ်ဆေးသင့်သော ထိပ်တန်း အကြောင်းပြချက် လေးရပ်




လူအများစုက မျက်စိစစ်ဆေးမှုရဲ့ အရေးပါပုံကို သိနားလည်တာမျိုး မရှိကြပါဘူး။  ဒါကြောင့် လူတွေက ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် တစ်နှစ်တစ်ကြိမ် စစ်ဆေးမှုနဲ့ သွား၊ ခံတွင်း ကျန်းမာရေးအတွက် ခြောက်လတစ်ကြိမ် စစ်ဆေးမှုတွေကို ပြုလုပ်သလိုမျိုး မျက်စိကျန်းမာရေး အတွက်လည်း ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။ ဒါကြောင့် မျက်စိကို တစ်နှစ်တစ်ကြိမ် စစ်ဆေးမှု ပြုလုပ်သင့်တဲ့ အကြောင်းရင်း လေးရပ်ကို ဖော်ပြလိုက်ပါတယ်။

Friday, November 23, 2012

ဘာဝနာအမိုးကျဲတဲ့စိတ်ဟာ မိုးမလုံတဲ့အိမ်ပါပဲ.......




ပကတိသော မိုးသည်ပင်လျှင် အိမ်မိုးပေါက်တဲ့နေရာ၊ အိမ်မိုးကျဲတဲ့နေရာက ဝင်လာပြီဆိုရင် အဲဒီမိုးရေတွေက အိမ်ကို၊ အိမ်မှာရှိတဲ့ ပစ္စည်းပစ္စယ လူတွေအားလုံးကို နှိပ်စက်တတ်တဲ့သဘောရှိတယ်။ ပကတိသော မိုးသည်ပင်လျှင် နှိပ်စက်တတ်တဲ့ သဘောရှိတယ်ဆိုရင် ကိလေသာဆိုတဲ့ မိုးကပိုပြီးတော့ နှိပ်စက်မှာပဲ။
ကိလေသာဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကိုက စိတ်ကို ညှင်းဆဲတတ်တဲ့ သဘော၊ စိတ်ကို ပူလောင်စေတတ်တဲ့သဘော၊ စိတ်ကိုပင်ပန်းစေတတ်တဲ့သဘောဖြစ်ပါတယ်။

Thursday, November 22, 2012

ရှေးခေတ်မှယခုခေတ်ထိပစ်ပယ်မရတဲ့ ဆေးဖက်ဝင် အသီးအရွက်များ




ကြက်သွန်နီ
ရှေးထုံးစဉ်လာ အယူအဆအရ ကြက်သွန်နီဟာ ၉၆ ပါးဝေဒနာကို ပျောက်ကင်းစေတယ်ဆိုပြီး နိုင်ငံအနှံ့မှာ အသုံးပြုကြပါတယ်။ အရှေ့အလယ်ပိုင်း တိုင်းရင်းဆေး ဆရာတွေက ကြက်သွန်နီကို ဆီးချိုရောဂါ ကုသရာမှာ အသုံး ပြုကြပါတယ်။ ၂၀ ရာစုနှစ် အစောပိုင်း ကာလတွေ မှာလည်း အမေရိကန်မှ ဆရာဝန် Willian Boericke က ကြက်သွန်နီကို အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေမှာ အသုံးပြုခဲ့ပါတယ်။

Tuesday, November 20, 2012

သရဏဂုံညစ်နွမ်းကြောင်း သုံးမျိုး





သရဏဂုံ ညစ်နွမ်းကြောင်း သုံးမျိုးရှိ၏ ။ မူလပဏ္ဏာသအဌကထာ၌ အဉာဏသံသယမိစ္ဆဉာဏ ဒီဟိသံကိလိဿတိ ဟူပြီး ဖွင့်ပြသည်။ အဉာဏ - ရတနာသုံးပါးအပေါ် သေချာကျနစွာမသိခြင်း၊ သံသယ - ရတနာသုံးပါးအပေါ်မှာ ယုံမှားလာခြင်း၊ မိစ္ဆာဉာဏ - ရတနာသုံးပါးအပေါ်၌ မှားယွင်းသော အယူအဆဖြစ်ခြင်း တို့ပင်။

ခုခံအားစနစ် ပြန်လည်ကောင်းလာစေမည့် နည်းလမ်းခြောက်သွယ်




၁. ကြက်သွန်ဖြူအားဖြည့်ဆေး မှီဝဲပါ

ကြက်သွန်ဖြူအားဖြည့်ဆေးကို နေ့စဉ် ၁၂၀၀ မီလီဂရမ် မှီဝဲသူတွေဟာ ရိုးရိုးအားဆေးသာ မှီဝဲသူတွေထက် အအေးမိ ဝေဒနာ ခံစားရနှုန်း ၆၆ ရာခိုင်နှုန်း သက်သာနိုင်ပါတယ်။

Monday, November 19, 2012

ကျူငုတ်......



 အရောင်ကလေးမြင်တုန်းက
အားနာတာနဲ့
မြင်တယ်လို့ မမှတ်ခဲ့တာ
ခုတော့ အရောင်ကလေးက
နှလုံးသားကို ဆေးခြယ်နေပြီ …

အားလုံးအလကား .....




ရနံတိုင်းဟာ လေအဝှေ့မှာ
လွင့်ပျယ်ရရှာ အလကားပါ …
ဖယောင်းသားဟာ မီးတစ်ပွင့်မှာ
လွင့်ပျယ်ရရှာ အလကားပါ …

Friday, November 16, 2012

ဆောင်းရာသီတွင်အဖြစ်များသော နှုတ်ခမ်းကွဲခြင်း ........




အခုလို ဆောင်းရာသီအတွင်း အဖြစ်များတဲ့ နှုတ်ခမ်းကွဲခြင်းဟာ နှုတ်ခမ်းအရေပြားမှာ အစိုဓာတ်လျော့နည်းခြင်းကြောင့် ဖြစ်တတ် သလို ကူးစက်ပိုး တချို့ကြောင့်လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ တခြားအရေပြားတွေနဲ့ မတူတာက နှုတ်ခမ်းသားဟာ ခြောက်သွေ့တဲ့လေထုနဲ့ ထိတွေ့မှုကို တွန်းထုတ်နိုင်ဖို့ အစိုဓာတ် အလုံလောက်ကို မထုတ်ပေးနိုင်ပါဘူး။

ဆရာတော် ဦးဇောတိကရဲ့ ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ် အပိုင်း (၂)



 ၁။ ဒီနေ့ ဟာ ငါတကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာအပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခုပစ္စုပ္ပန်မှာပဲ ရှိတယ်။ ငါ့ကိုယ်ကို ငါကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ
ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ ဆိုတာ ငါသိတယ်။ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။

ဆုံနိုင်ခွင့်...



 ဘဝသံသရာဆိုတာ အလွန်ပဲ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ ဘဝတစ်ခုမှာ လင်မယား တော်စပ်ပေမယ့် တခြားဘဝတစ်ခုမှာတော့ မောင်နှစ်မ ဖြစ်ချင်ဖြစ်ကြရပါတယ်။ မိဘ၊ သားသမီး တော်ခဲ့ဖူးသူလည်း လင်မယား တော်ရင်တော်ကြရပြန်ပါတယ်။ ဘဝတစ်ခုတည်းမှာသာဆိုရင်တော့ အလွန်ကို ကဲ့ရဲ့စက်ဆုပ်ဖွယ်ရာကြီးပါ။ ဒါပေမယ့် ဘဝဆိုတဲ့ နံရံတစ်ခုက ခြားကွယ်ထားတဲ့အခါကျတော့ မိမိတို့အနေနဲ့ ဘာကိုမှ သတိမရ သံဝေဂမရနိုင်တော့ဘဲ ပျော်ပျော်ပါးပါးကြီး ခံစားစံစားမိကြပါတယ်။

Thursday, November 15, 2012

ဆရာတော် ဦးဇောတိကရဲ့ ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ် အပိုင်း (၁)



(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်းအရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေး
တွေကို ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်နိုင်တဲ့ အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ ငါ့ဘ၀မှာ ငါဟာ အရေးပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀ မှာ အရေးပါဆုံးဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင် ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ်စိတ်အားတက်မလဲ။

ဆရာတော်ဦးဇောတိက – ခွင့်လွှတ်ခြင်း တရားတော်



ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ်ကိုအများဆုံး ဒုက္ခပေးနိုင်တာနော်။ ကိုယ်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှမကြားဖူးတဲ့သူက ကိုယ်ကိုစိတ်ဆင်းရဲအောင် လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင်မတန် ရှားပါတယ်။ အဲဒီလူအားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။

Wednesday, November 14, 2012

ဂုဏ်သိက္ခာရှိရှိ ပြောရမယ် .....



ပြောရဲဆိုရဲတယ်၊ ရသင့်တာရအောင် ဆွေးနွေးနိုင်တယ်၊ ကိုယ်ရဲ့အခွင့်အရေးအတွက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်တယ်ဆိုတဲ့ အရည်အချင်းမျိုး ရှိတဲ့သူဆိုတာက ကိုယ့်ခံစားချက်ကိုလည်း သိရမယ်။ အဲ့ဒီ ခံစားချက်ကို လည်းတဖက်လူ နားလည်အောင် ပြောပြတတ်ရမယ်။

Tuesday, November 13, 2012

တိမ်တောက်ချိန် ......



 နေ့တစ်နေ့ဟာ
သူ့ရဲ့ခန္ဓာအဟောင်းကို
သူ့အခေါင်းထဲ သူထည့်ဖို့ပြင်
နေ၀င်ဖို့အဆင်း။

တစိမ့်စိမ့်တွေးမယ် မှ




သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။
ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ် ရဲရဲကြီး ပြင်လိုက်ပါ။  

ကမ်းသို့ လမ်း ....



သတိအားတွေ လျော့လာတော့
မြင်မြင်သမျှ အပြစ်လို့ပဲ ထင်လိုထင်
အချစ်ဆိုရင်လည်း နောက်ကျောလာထောက်တဲ့ ဓားများလား
ကိုယ့်အရိပ်ကတောင် အမောက်တထောင်ထောင်နဲ့
မြွေဟောက်လို ကိုယ့်စိတ်ကို ကိုယ်ပြန်ခြောက်နေပေါ့
အ၀ိဇ္ဖာဟာ အနယ်မထိုင်တဲ့မြစ်တစ်စင်းလု
ခပ်ပြင်းပြင်း ငါ့ကိုသယ်ဆောင်

Sunday, November 11, 2012

***မေတ္တာရှိရင် အားလုံးရှိတယ် ***



  ကမ္ဘာပေါ်မှာ နှစ်သက်မြတ်နိုးဖွယ်ရာ အကောင်းဆုံးဟာ မေတ္တာပါပဲ။ မေတ္တာတရားဟာ ယဉ်ကျေးမှုရဲ့ အသည်းနှလုံး၊ ငြိမ်းချမ်းခြင်းရဲ့ ဗဟိုချက်မ၊ မြင့်မြတ်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ် ပါတယ်။ မေတ္တာတရားမှာ ရွှင်လန်းချမ်းမြေ့တဲ့မျက်နှာ၊ ချိုသာကြည်မြတဲ့ အသံ၊ နူးညံ့သိမ် မွေ့တဲ့ အမူအရာနဲ့ ယဉ်ကျေးပျူငှာတဲ့ နှလုံးသားရှိပါတယ်။

Friday, November 9, 2012

သစ်သီးဝလံတို့၏ အစေ့ကို စားသင့်မစားသင့်...




သစ်သီးဝလံအချို့ ရဲ့ အစေ့ကို စားလို့ရတယ်လို့ ထင်နေသူများ ရှိနေပါတယ်။ ပြီးတော့ ယင်းအစေ့ဟာ ကျန်းမာရေးအတွက် အထောက်အကူ ပြုတယ်။ ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါ ပျောက်တယ်၊ မျက်စိ အားတိုးတယ်လို့ ထင်သူများလည်း ရှိနေပါတယ်။ အမှန်တော့ ယင်းအစေ့များကို မစားသင့်ပါဘူး။ (သာမန်- အပြင်အသားစားရသော သစ်သီးဝလံများကို ဆိုလိုသည်၊ အစေ့စားရသော မြေပဲ၊ ပဲသီး တို့ကဲ့သို့ အသီးများကို မဆိုလိုပါ။)

မုသားစကားပြောခြင်းကြောင့် စိတ်ပိုင်းနှင့် ရုပ်ပိုင်း ကျန်းမာရေး ထိခိုက်စေတတ်



မုသားကင်းစင်သော စကားများသည် စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေကြောင်း သုတေသန ရလဒ်တစ်ခုက ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားရှိ နော်တာဒိမ်း တက္ကသိုလ်မှ သုတေသီများသည် မုသားစကားနှင့် ကျန်းမာရေးတို့ ဆက်စပ်မှု ရှိမရှိ လေ့လာမှု တစ်ခုကို ပြုလုပ်ခဲ့သည်။ (၁၀) ပတ်ကြာ အချိန်ယူ ပြုလုပ်သော သုတေသန ရလဒ်က မုသားစကားပြောခြင်းသည် လူတစ်ဦး၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်း ကျန်းမာရေးကို အနည်းနှင့်အများ ထိခိုက်စေတတ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

Thursday, November 8, 2012

ကံကောင်သူများတွင် ရှိတတ်သော "အရည်အချင်းများ"



 အချို့လူများသည် ကံကောင်းသူများအဖြစ် သတ်မှတ်ခံရလေ့ ရှိကြသည်။
ထီပေါက်သည့် ကံကောင်းခြင်းမျိုး မဟုတ်ဘဲ အလုပ်လုပ်ရာ၌ ကံလိုက်တတ်ခြင်းမျိုး ၊
 အခြားသူများထက် ထူးကဲအောင်မြင်တတ်ခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်ပါသည်။ သုတေသီ မက္က(စ်)ဂွန်သာ၏ လေ့လာဆန်းစစ်မှုများအရ ကံကောင်းသည် ဆိုသူများမှာ
အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။

ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား



၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။

နားပေါက်ဖောက်ရာတွင် သတိထားသင့်တာလေးများ



  နားပေါက်ဖောက်ရာတွင်
       ထုံးတမ်းဓလေ့အရ မြန်မာအမျိုးသမီး အများစုက နားပေါက်ဖောက်ပြီး နားကပ် ဝတ်ဆင်ကြပါတယ်။ ရှေးဘုရင်တွေ ခေတ်တုန်းကလည်း နားထွင်းမင်္ဂလာ ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာ့ဓလေ့အရ နားဖောက်တာက ထုံးစံလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီး ပစ္စည်းတွေ ထည့်တာကတော့ မကောင်းပါဘူး။ ဒါပေမဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအရတော့ ဖောက်နေကြတာပါပဲ။ ယဉ်ကျေးမှုဓလေ့ကို တားလို့တော့မရပါဘူး။ အဲဒါကြောင့် အကောင်းဆုံးဖြစ်အောင် အကြံပေးချင်ပါတယ်။

Wednesday, November 7, 2012

မိန်းကလေးများပျက်စီးခြင်း(၉)မျိုး....



တချို့မိဘတွေက သူတို့သမီးပျိုလေးများကို မပျက်စီးအောင် ဘယ်လိုဆုံးမပေးရမလဲ။ ဘယ်လိုပြုလုပ်သင့်ပါသလဲ လို့ မေးလာကြတဲ့အတွက် မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ မိန်းကလေးများ ပျက်စီးခြင်း(၉)မျိုးကို ရေးသားပေးလိုက်ပါတယ်။ ဒီအချက်တွေကို မိမိတို့သမီးများ မပြုလုပ်မိအောင် စောင့်ရှောက်ကာကွယ် သတိပေးထားမယ်၊ သမီးဖြစ်သူများကလည်း စောင့်ထိန်း လိုက်နာမယ်ဆိုရင်တော့ ပျက်စီးခြင်းများကနေ လွတ်ကင်းပါလိမ့်မယ်။

နိဗ္ဗာန်အကြောင်း သိချင်လျှင်.....




စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များ၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သကဲ့သို့ အခြားဘာသာများ၏ ပန်းတိုင်များသည်လည်း နိဗ္ဗာန်နည်းတူ ကောင်းကင်ဘုံရှိကြပါသည်။ ထို့ကြောင့် မိမိတို့ဆိုင်ရာ ပန်းတိုင်များ၏အကြောင်းကို ပြောပြဖို့ဆိုလျှင် မည်သူကမျှ ပြည့်စုံလုံလောက်အောင် မပြောပြနိုင်ကြပါ။

Monday, November 5, 2012

ကြက်သွန်မြိတ်၏ ဆေးဖက်ဝင် အာနိသင်များ ....


 ကြက်သွန်မြိတ်ဟာ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့လိုပဲ Alliaceae အနွှယ်ဝင်ဖြစ်ပါတယ်။  ကြက်သွန်မြိတ်ရဲ့ အာဟာတန်ဖိုးဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့နဲ့ ဆင်တူပါတယ်။ ဟင်းလျာတွေထဲ ထည့်စားလေ့ရှိတဲ့ ကြက်သွန်မြိတ်မှာ အောက်ပါ ဆေးဖက်ဝင် အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။

ဟင်းခတ်အမွှေးအကြိုင်များ၏ ကျန်းမာရေးအစွမ်းများ



ဟင်းခတ်အမွှေးအကြိုင်တွေ အသုံးပြုတာကြောင့် ဟင်းရဲ့အရသာကောင်းမွန်ပြီး ဟင်းအပြင်အဆင် လှပရုံသာမက သင့်အတွက် ကျန်းမာရေးကောင်းစေတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါ ရရှိနိုင်ပါတယ်။ Phytochemicals နဲ့ antioxidant တွေလည်း ပါဝင်တဲ့အတွက် ကင်ဆာရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို လျှော့ချပေးပါတယ်။ ဟင်းခတ်အမွှေးအကြိုင် အလိုက်ပါဝင်တဲ့ အာဟာရဓာတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Sunday, November 4, 2012

သိထားသင့်ပါတဲ့ အစာနှင့်ဓာတ်မတည့်ခြင်း အကြောင်း



အစားအစာနှင့် ဓာတ်မတည့်ခြင်းဟူသော ပြသနာသည် အလွန် အရေးကြီးသော ကျန်းမာ ရေး ပြသနာ တစ်ခုလို့  ဆိုနိုင်ပါတယ်။

သင့်ကျန်းမာရေးအတွက်အဆိုးဆုံးရန်သူမျိုး(၅)ပါး...

 

အသားအရေနဲ့ပတ်သက်ပြီး လူတွေပြောကြတာတစ်ခုရှိပါတယ်။အသက်နှစ်ဆယ်အရွယ်မှာအမွေရထားတဲ့
အသားအရေ ၊ အသက်(၄၀)အရွယ်မှာ ကိုယ့်မှာရှိသင့်ရှိထိုက်တဲ့အသားအရေ ၊ အသက် (၆၀)မှာ
ကြိုးစားရယူထားတဲ့အသားအရေကို လူတွေပိုင်ဆိုင်ကြတယ်လို့ဆိုပါတယ်။ အကောင်းဆုံးအသားအရေနဲ့
မွေးဖွားခဲ့လာပေမဲ့ ကိုယ့်ရဲ့နေထိုင်မှုပုံစံက ကိုယ့်မှာရှိသင့်ရှိထိုက်တဲ့အသားအရေနဲ့ ကြိုးစားရယူထားတဲ့
အသားအရေဆိုတာ ဘယ်လိုလည်းဆိုပြီး ဆုံးဖြတ်ပေးပါတယ်။ အများစုဟာ ကိုယ့်ထိန်းချူပ်မှု
အောက်မှာပဲရှိတာမို့ သတိပြုသင့်ပါတယ်။