Tuesday, October 23, 2012

အသားအရေလှစေသော သစ်သီးများ.....

သခွားသီး ( Cucumber)

သခွားသီးသည်လည်း ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝခြင်းကြောင့် အရေပြားကို သန့်စင်စေခြင်း သွေးလှည်ပတ်မှုအားကောင်းစေခြင်း၊ အသားအရေကို စိုစွတ်ချောမွေ့စေခြင်း၊ အရေပြားတွန့်ခြင်း၊ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကို သက်သာစေခြင်း စသည်တို့အတွက် အထူးကောင်းမွန်စေပါတယ်…
အဆီပြန်တတ်သူများအတွက်လည်း ချွေးပေါက်များကိုကျဉ်းစေရန် အသုံးပြုနိုင်ပါတယ်။ ညအိပ်ရာဝင်ချိန်တွင် သခွားသီးကို ပါးပါးလွှာ၍ မျက်နှာပေါ်တွင် ၁၅မိနစ်ခန့် ဖုံးအုပ်ထားပြီး ရေစင်အောင်ဆေးလိုက်ပါ.. ထိုသို့ ပုံမှန်ပြုလုပ်ပါက နူးညံ့တောက်ပနေသော မျက်နှာပြင်လေးကို စိတ်ကျေနပ်ဖွယ်တွေ့ရှိရမှာ ဖြစ်ပါတယ်.. သခွားသီးကို နွားနို့နှင့် ရောမွှေ၍ မျက်နှာပေါင်းတင်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပြီး မျက်နှာပြင်ကို နူးညံ့သန့်စင်စေပြီး ချွေးပေါက်များကိုလည်း ကျဉ်းစေနိုင်ပါတယ်..

သလဲသီး (Pomegranates)


 










အနီရောင်သလဲသီးမှာ အဆီပြန်တတ်သော အသားအရေအတွက် အထူးသင့်တော်ပါတယ်.. သလဲသီးမှာ အရေပြားအတွက် အကျိုးဖြစ်စေသော AHA ပါဝင်သောကြောင့် ချွေးပေါက်များကို ကျဉ်းစေနိုင်ပြီး ဗီတာမင်စီလည်း ပေါများစွာ ပါဝင်သောကြောင့် သဘာဝ တိုနာအဖြစ် အသုံးပြုနိုင်ပါတယ်.. ကြိတ်ချေထားသော သလဲသီးစေ့များဖြင့် မျက်နှာပြင်ပေါ် ဖြေးညှင်းစွာ ပွတ်တိုက်ပေးပါက အဆီပိုများကို ဖယ်ရှားပစ်ပြီး မျက်နှာပြင်အရေပြားကို လန်းဆန်းလာစေနိုင်ပါတယ်.. သလဲသီးရည်ဖြင့် မျက်နှာပြင်ပေါ် ၁၀မိနစ်ခန့် နှိပ်နယ်ပြီး ရေစင်အောင်ဆေးလိုက်ပါက တောက်ပကြည်လင်နေသော မျက်နှာပြင်ကို ပိုင်ဆိုင်စေနိုင်ပါတယ်..

ငှက်ပျောသီး (Bananas )











ငှက်ပျောသီးဟာ အရေပြားနာကျင်မှုကို သက်သာစေဖို့ အကောင်းဆုံး ဆေးတစ်လက်လို အသုံးဝင်ပါတယ်… ငှက်ပျောသီးမှာ ပရိုတိန်းနဲ့ သဘာဝ အဆီဓာတ်များ ပေါများစွာ ပါဝင်သောကြောင့် မည်သည့်အရေပြား အမျိုးအစားနဲ့မဆို သင့်လျော်ပါတယ်.. ငှက်ပျောသီးကို လက်နှင့်ချေမွ၍ မျက်နှာပေါ်တွင် မိနစ် ၂၀ခန့် မျက်နှာပေါင်းတင်ထားပြီး ရေခပ်နွေးနွေးဖြင့် သန့်စင်ဆေးကြောကာ Moisturize လိမ်းပေးပါက အရေပြားကို နုညံ့သန့်စင်စေသလို ချေမွထားသော ငှက်ပျောသီးကို ပျားရည်တစ်ဇွန်းဖြင့် ရောစပ်၍ ဆံပင်အတွက် Conditioner အဖြစ်အသုံးပြုပါက တောက်ပနူးညံ့သော ဆံပင်သားကို လှပစွာ ဖန်တီးနိုင်ပါတယ်..

ခရမ်းချဉ်သီး ( Tomato)

ခရမ်းချဉ်သီးသည်လည်း အရေပြားအတွက် အစွမ်းထက်သော အထောက်အကူပြု အသီးတစ်မျိုးဖြစ်ပါတယ်.. နေပူထဲ အချိန်ကြာကြာသွားလာ၍ နေလောင်ခြင်းဖြစ်ပါက ခရမ်းချဉ်သီးနှင့် သခွားသီးအရည်ကို ရောနှော၍ နေလောင်သော နေရာသို့ ၁၀မိနစ်ခန့် လိမ်းပြီး ရေဖြင့် ဆေးကြောလိုက်ပါက နေလောင်ခြင်းမှ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်.. ပျားရည်နှင့် ခရမ်းချဉ်သီးအရည် အရောအနှောကို မျက်နှာပေါ်တွင် ၁၅မိနစ်ခန့် ပေါင်းတင်ထားပြီး ရေဖြင့်ဆေးကြောလိုက်ချိန်တွင် မှန်ထဲတွင် သန့်ရှင်းတောက်ပြောင်၍ ၀င်းလက်နေသော မျက်နှာပြင်ကို ဖန်တီးနိုင်ပါတယ်.. ခရမ်းချဉ်သီးကို အရေပြားသန့်စင်လှပဖို့ ပုံမှန်အသုံးပြုပါက ထူးခြားထင်ရှားစွာ ၀င်းလဲ့တောက်ပသော အရေပြားအလှကို တွေ့ရမှာ ဖြစ်ပါတယ်..
အလှအပကို နှစ်သက်သူ မိန်းခလေး၊ ယောက်ျားလေးများအားလုံး အိမ်မှာရှိတဲ့ အသီးအနှံများဖြင့် လှပ လန်းဆန်းသော မျက်နှာအလှကို ဖန်တီးနိုင်ကြပါစေရှင်။
Ref: Funzug.com and John Edward’s Natural skin care from your kitchen
http://taangland.ning.com/profiles/blogs/4029941:BlogPost:8564မှကူးယူတင်ပြထားပါသည်။

No comments:

Post a Comment