Friday, February 22, 2013

မင်းအတွက်..........


ငါကဆူးလေးတစ်ချောင်းပါ
မင်းရင်ကိုစူးသွားနိုင်တယ်
ဒါပေမယ့် စူးကောက်တော့မဟုတ်ပါဘူး
ဆူးဖြောင့်လေးတစ်ချောင်းပါ။

ရှင်သန်ရတဲ့ ဒီဘ၀တစ်ခုလေးကို ရိုးရှင်းစွာနေကြည့်ရအောင်.





သတိရတဲ့အခါ......ခေါ်လိုက်ပါ

တွေ့ချင်တဲ့အခါ....ဖိတ်ခေါ်လိုက်ပါ။

နားလည်စေချင်တဲ့အခါ.....ရှင်းပြလိုက်ပါ။

သိချင်တဲ့အခါ...မေးလိုက်ပါ။

Thursday, February 21, 2013

ဩဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ




ကမ္ဘာတစ်ဝန်းလုံးမှာ ပေါက်ရောက်နေတဲ့ ချိုတဲ့ သစ်သီးဖြစ်တဲ့ ဩဇာသီးဟာ အရသာရှိသလို ဆေးဖက်ဝင်တဲ့ အစွမ်းလည်း အများအပြား ရှိပါတယ်။

Monday, February 18, 2013

ငြိမ်းအေးသောဘ၀ပိုင်ရှင်....


ဆရာတော် အရှင်ဆန္ဒာဓိက ၏ ငြိမ်းအေးသောဘ၀ပိုင်ရှင် မှ အသံနဲ့ အမှားနှောမှလား ၊ ဉာဏ်နဲ့စကားပြောမှာလား ဆောင်းပါးကို ကူးယူပူဇော်ပါသည်။ ။
ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် နောက်အရည်အသွေးတစ်ခုကတော့ စကားကို ဉာဏ်နဲ့ချင့်ချိန်ဆင်ခြင်ပြီးမှပြောဆိုခြင်း ၊ သို့မဟုတ် နှုတ်စောင့်စည်းခြင်းဆိုတဲ့ အရည်အသွေးပါပဲ။
စကားကို ဉာဏ်နဲ့မဆင်ခြင်ဘဲ ပြောတတ်တဲ့သူ ၊ နှုတ်မစောင့်စည်းတဲ့သူဟာ စိတ်ရဲ့ငြိမ်းအေးမှုကို ဘယ်တော့မှ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ နှုတ်မစောင့်စည်းဘဲအဆင်ခြင်မဲ့ ပြောလိုက်တဲ့စကားတွေရဲ့
နောက်ကွယ်မှာ စိတ်ဆင်းရဲစရာ ပြသနာတွေရှုပ်ထွေးစွာပါလာတတ်လို့ပါပဲ။

ကံကောင်းအောင် လုပ်ယူနည်း (ရှေးထုံးကိုလည်း မပယ်နဲ့)




ကံကောင်းအောင် လုပ်ယူချင်တဲ့လူတွေဟာ ရှေးလူကြီးသူမများ၊ ပုဂ္ဂိုလ်များရဲ့ ဆုံးမစာတွေကိုလည်း လိုက်နာ ကျင့်သုံးသင့်ပါတယ်။

Thursday, February 14, 2013

အဖြည့်ခံနှလုံးသားပိုင်ရှင်..............




မိတ်ဆွေ…….. သင်က တစ်လောကလုံး သင့်လုပ်စာ စားနေရသည့် မျက်နှာထားနှင့် နေသောအခါ ကျွန်ုပ်သည် သင့်၏ ရှေ့၌ “ကြောင်ရှေ့ကြွက်လို” နေပါ့မည်။
မိတ်ဆွေ……. သင်က သင့်ကိုယ်သင် ထင်တစ်လုံးဖြင့် တစ်ဘက်သားကို အဘက်မတန်သလို မတူမတန် ဆက်ဆံလာသောအခါ ကျွန်ုပ်သည် “အညတရလို” နေပါ့မည်။

လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်




၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

အရှင်ဇနကာ ဘိဝံသ၏ တဏှာ နှင့် နူနာ ရောဂါနှိုင်းယှဉ်မှု ဥပမာကောင်း




သတ္တ၀ါတွေရဲ့ တဏှာက အာရုံငါးပါးမွေ့လျော်ပုံဟာ ဘာနဲ့တူတုန်းလို့ဆိုတော့
အနူမီးကင်တာနဲ့တူတယ်။ အနူဟာ ကံမကောင်းအကြောင်းမသင့်လို့ပဲဖြစ်ဖြစ်
သူ့ကိုယ်သူ မထိန်းသိမ်းလို့ဖြစ်ဖြစ် အနူဘ၀ရောက်နေတယ်။ အနူဘ၀ရောက်နေ
တော့ တော်တော်လေးအနူက ကြီးလာတင်ဆိုရင်ပဲ ယားတယ်။

Sunday, February 10, 2013

တရုတ်နံနံ၏ ကျန်းမာရေး အာနိသင်များ





တရုတ်နံနံကို ရှေးကတည်းက အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတင် ဖော်ပြ ထားခဲ့တာကြောင့် သက်တမ်းရင့် ဟင်းသီးဟင်းရွက် တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ တရုတ်နံနံရဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေကို တိတိကျကျ သိနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ်။
၁) တရုတ်နံနံမှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကျန်းမာနေအောင် အားပေးနိုင်ပါတယ်။

Monday, February 4, 2013

အစာအိမ်ရောဂါ




၁။ အစာအိမ် ရောဂါ ဆိုတာ ဘာလဲ။

အစားအိမ်နှင့် အူသိမ် ဦးပိုင်းရှိ အတွင်းနံရံ အမြှေးပါးတွင်း ဖြစ်ပွားသော အနာရောဂါနှင့် အဆိုပါ နေရာများရှိ အမြှေးပါးများ ရောင်ရမ်း ခြင်းကြောင့် ဖြစ်ပေါ်လာသော အစာမကြေခြင်း၊ ရင်ဘတ် အောင့်ခြင်း ရောဂါ ဝေဒနာကို ဆိုလိုပါတယ်။ ယခင်အခါ များက အစာအိမ် အတွင်း အက်စစ်ဓာတ် လွန်ကဲခြင်းကြောင့် အစာအိမ် ရောဂါ ဖြစ်တယ်လို့ ဆိုခဲ့ကြပေမယ့် ယခုအခါ H.pylori ရောဂါပိုးကြောင့် အက်စစ်ဓာတ် လွန်ကဲကာ အစာအိမ်ရောဂါ ဖြစ်ပွားတယ်လို့ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ထိုးဆေးများ အလွန်အကျွံသုံးစွဲမှု ကြောင့်လည်း ဖြစ်ပွား တတ်ပါတယ်။