Monday, October 8, 2012

*ရွှေမြန်မာ*


ဘယ်တောင်ကြည့်ကြည့်
သတိရချင်
တွေးတိုင်းထင်ရဲ့
တို့ရင်ထဲက ပုပ္ပားတောင်။
ဘယ်မြစ်တွေ့တွေ့
အောက်မေ့နေချင်
လွမ်းတိုင်းမြင်ရဲ့
တို့ရင်ထဲက ဧရာဝတီ။
ဘယ်နေရာရှိရှိ
တမ်းတမိချင်
ပြန်ရောက်ချင်ရဲ့
တို့ရင်ထဲက ပုဂံပြည်။
ပုပ္ပား၊ ဧရာဝတီ
ပုဂံပြည်နှလုံးသားရှိသူများလေ
တို့တတွေ
ရွှေမြန်မာများဖြစ်ပါ၏ ။

မောင်စိန်ဝင်း (ပုတီးကုန်း)



No comments:

Post a Comment