Monday, December 31, 2012

မြန်မာတို့၏ ပထမဆုံးများ.............





၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်

၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု

၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး

Sunday, December 30, 2012

နားအူရခြင်းအကြောင်း..............




ပြင်ပမှာ တကယ်အသံမရှိဘဲ နားထဲမှာ အသံမြည်နေရခြင်းကို နားအူခြင်း
လို့ ခေါ်ပါတယ်။ တစ်ခါတစ်ရံ နားလေထွက်တာလို့လည်း ခေါ်ကြပါတယ်။

Friday, December 28, 2012

ဘာလို့ ချစ်နေကြတာလဲ၊ မချစ်အောင် ဘယ်လိုနေမလဲ




အချစ်ရယ်လို့ ဆိုလိုက်ရင် မသိသူမရှိလောက် အင်မတန်အသုံးများသော စကားလုံးဖြစ်သည်။ အချစ်ကို အယူအဆအမျိုးမျိုးဖြင့် သုံးသပ်ရှုမြင်ကာ စကားပုံများ၊ ဆိုရိုးများ၊ သီချင်းများ၊ ဇာတ်လမ်းများ၊ ဝတ္ထုများ ဖြစ်တည် လာခဲ့သည်။

Thursday, December 27, 2012

ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကို မရှုံးစေနဲ့...




(၁) စိတ်ဝိညာဉ်ကို လှဲကျင်းပါ

လူအများက အိမ်ခန်းတွေရှင်းလင်းပြီးနောက် သန့်ရှင်းသွားတဲ့ခံစားမှုမျိုး ကို နှစ်သက်ကြတယ်။ အဲဒီလိုပဲ ဆံပင်ညှပ်ပြီးနောက် ပေါ့ပါးသပ်ရပ်သွား
တဲ့ ခံစားမှုမျိုးကိုနှစ်သက်ကြတယ်။ အကြောင်းက ပိုလျှံတာတွေကို ရှင်း ထုတ်ပစ်လိုက်လို့ဖြစ်တယ်။

Wednesday, December 26, 2012

ကင်ဆာ ရောဂါကို နေ့စဉ် ဝယ်နေကြသူများ ........



 မိမိ အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။

Tuesday, December 25, 2012

***သူငယ်ချင်းဆိုတာ***




သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထား ပါတယ်။ "သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။

Friday, December 21, 2012

စိတ်အတွက်အာဟာရများ..............






(၁)
တခါက လူတုံးလူအ တယောက်သည် ဈေးထဲတွင် လှည့်လည် ကျက်စားနေ သည်။ လူများက သူ့အား နည်းအမျိုးမျိုးဖြင့် စနောက်ကြသည်။ လူတွေ အမြဲစနောက်သော နည်းတခုမှာ လက်ဖ၀ါးပေါ်တွင် ၅ကျပ်တန်နှင့် ၁၀ကျပ် တန်ကိုတင်ပြီး သူ့အား ရွေးယူစေသောနည်းဖြစ်သည်။ သူသည် အမြဲတမ်း ၅ကျပ်တန်ကိုသာ ရွေးယူခဲ့သည်။ လူများက သူ့အား တုံးအသောသူ၊ စိတ် မနှံသောသူ၊ ၅ကျပ်နှင့်၁၀ကျပ် မည်သည်က ပိုတန်ဖိုးရှိသည်ကို မသိသော သူဟု ထင်ပြီး ၀ိုင်းလှောင်ကြသည်။ ဈေးထဲသို့ သူ ဖြတ်သွားတိုင်း လူများက ထိုနည်းကို အသုံးပြုပြီး အမြဲ စနောက်ခဲ့ကြသည်။

Thursday, December 20, 2012

"ဒီနေ့" ဆိုတဲ့ "လက်ဆောင်" .............




Yesterday is just a memory... မနေ့က ဆိုတာ အမှတ်သညာမျှပဲ။

မှတ်မိနေတာပဲ ရှိတော့တယ်။တကယ်ဖြစ်ခဲ့တဲ့ ကိစ္စတွေက မရှိတော့ဘူး။မှတ်မိတယ် ဆိုတာ လည်း ပြန်ပြီး စိတ်ကူးနဲ့ဖော်ယူမှ ရတယ်။မဖော်ယူရင် မရှိဘူး။မရှိတာကို ပြန် အသက်သွင်းယူရ တာပါ။အတိတ်ကို ပြန်တွေးပြီး ပျော်တာ ရှိပါတယ်။ဒါလည်း ပင်ကိုယ်က ပျော်နေတဲ့စိတ်အခံ ရှိမှ ပျော်တာ။ဝမ်းနည်းနေတဲ့သူက အတိတ်က ပျော်ခဲ့တာကို ပြန်တွေးမိရင် ၀မ်းနည်းတယ် ။ မပျော်ဘူး။ အတိတ်ဟာ ဘယ်လောက်ပဲ ပျော်စရာကောင်းခဲ့ ကောင်းခဲ့ အတိတ်ကို တွေးနေတာ ဟာ ပစ္စုပန်ကို တန်ဖိုးမထားတာပဲ။

Wednesday, December 19, 2012

ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင်




ယခုရက်ပိုင်းတွင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ထိုငါးလေးများမှာ အလွန်သေးငယ်သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် ငါးသေးသေးလေးများ ဖြစ်သည်။ ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ် ကျပ်သားလျှင် ငါးရာ ကျပ်ဝန်းကျင်သာ ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက်လည်း ဈေးသုံးချွေတာရာ ရောက်သည်။

အချစ်ဆိုတာ...........




၁။ အချစ်ဆိုတာ တခါတခါ ကဗျာလှလှလေးတွေဖြစ်စေနိုင်သလို တခါတရံ ကြောက်မက်ဖွယ် စစ်ပွဲတွေ လည်းဖြစ်စေနိုင်တယ် ။

ဒူးနာ သက်သာအောင် နာနတ်သီး စားပါ............




နာနတ်သီးမှာ ဗီတာမင်စီ မြင့်မားစွာ ပါဝင်တဲ့ အပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင် ဓာတ်တွေ အများအပြား ပါရှိပြီး အဆီနဲ့ ကိုလက်စထရော အနည်းငယ်သာ ပါရှိပါတယ်။

အမျက်ထွက်လေ့ရှိသူသည် ....



 “အမျက်ထွက်လေ့ရှိသူသည် အဆင်းမလှ၊ ထိုသူသည် ဆင်းရဲစွာလည်း အိပ်ရနေရ၏၊ ထိုမှတစ်ပါး အကျိုးစီးပွားရှိ၏ဟု မှတ်ယူ၍ အကျိုးစီးပွားမဲ့သည့် အဖြစ်သို့ ရောက်၏။”

Monday, December 17, 2012

အနှိုင်းမဲ့မေတ္တာ




ပျက်ရယ်ပြုခြင်းကို ခံရသောအခါ
ဝမ်းနည်းသွားတတ်ပေမဲ့
ဘယ်တော့မှ စိတ်မဆိုးရက်ပါလေ...

လက်ဖက်ရည်(၃)ခွက် ပုံမှန်သောက်သုံးပါက လေဖြတ်ခံရခြင်းလျော့ပါးစေနိုင်




တစ်နေ့လျင်လက်ဖက်ရည်(၃)ခွက် သောက်သုံးပါကအသက်အရွယ်မျိုးစုံတွင် လေဖြတ်ခံရမည့် အခြေအနေကို သိသိသာသာ လျော့ပါးစေကြောင်း သိရသည်။

Thursday, December 13, 2012

နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာဖြစ်ပါသည်။




ဘယ်လိုပဲဖြစ်စေလူတွေဟာ မကြာခဏ အကျိုးသင့်အကြောင်းသင့်
မဟုတ်တာတွေလုပ်တတ်သလို ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေ ကိုလည်းလုပ်တတ်ကြတယ်။ ဘယ်လိုပဲဖြစ်စေ..........သူတို့ကိုခွင့်လွှတ်
လိုက်ပါ။

Wednesday, December 12, 2012

ပျော်ချင်တယ်ဆိုရင်............


တခါတလေကျတော့လည်း
လိုချင်လွန်းလို့သာ ပိုင်ဆိုင်ဖို့ ကြိုးစားရတာ
မဖြစ်နိုင်တော့တဲ့အဆုံးကျရင်တော့

Monday, December 10, 2012

ဖရဲသီးနဲ့ Diet လုပ်နည်း (ကျန်းမာရေး သိမှတ်ဖွယ်ရာ)....



ဖရဲသီးဟာ ရာသီပေါ် အသီးအနှံ ဖြစ်ပြီး မြန်မာ ပြည်သူပြည်သားတွေ အများဆုံး စားသုံးကြတဲ့ သွားရည်စာ တစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်းကတောင် ဖရဲသီးကို စားတဲ့သူဟာ နတ်သားတွေ ဘာစားတယ် ဆိုတာ သိလာ လိမ့်မယ်ဆိုပြီး ဖရဲသီး ဂုဏ်ကို ချီးမြောက် ခဲ့ပါတယ်။ ဖရဲသီးဟာ နတ်သားတွေ စားသုံးတဲ့ သစ်သီး ဖြစ်ရုံမက နတ်သမီးလေး ဖြစ်အောင်ပါ ဘယ်လို စားသုံးသင့်တယ် ဆိုတဲ့ အကြောင်းကို တင်ဆက်စရာ သစ်သီးအလှအဖြစ် ဖော်ပြ လိုက်ရပါတယ်။

အသိပေးစကားစုများ ( ဓမ္မဒူတ အရှင်ဆေကိန္ဒ )



၁ ။ အားနည်းချက်ကို ကြည့်ပြီး စိတ်ပျက်တတ်သလို အားသာချက်ကြောင့် လည်း အထင်ကြီးတတ်တယ်၊ တစ်ဖက်စွန်းရောက်ရင် ဘယ်ဟာမှမကောင်း ဘူး။

စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ.........




ငါ ကံဆိုးတယ်လို့ တွေးရင် ဝမ်းနည်းမယ်။
ငါ့ကို ဂရုမစိုက်ကြဘူးလို့ တွေးရင် စိတ်ဆိုးမယ်။ ဝမ်းနည်းမယ်။
ငါ့ကို မပေးဘူးလို့တွေးရင်လည်း ဝမ်းနည်းမယ်။ နာကြည်းမယ်။
ဒီခံစားချက်တွေ ဒီလို ဝမ်းနည်းတာတွေ၊ စိတ်ဆိုးတာတွေ နာကြည်းတာတွေကိ သေသေချာချာ
ကြည့်ရင် ကိုယ့်အကြောင်းကို ကိုယ် တွေးတာ များလို့ ဖြစ်ရတာကို တွေ့ရမယ်။

စိတ်ချမ်းသာဖို့....



လူတိုင်းသည် ကိုယ့်ဘ၀ကို အောင်မြင်ဖို့ကြိုးစားနေကြတယ်
ဒါပေမယ့်လူတိုင်းမအောင်မြင်ကြဘူး။

ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘ၀ကို ကိုယ်အရင်သိအောင်မလုပ်ကြဘူး၊
ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင် ငွေကိုလည်း
မချိန်တွယ်မစဉ်းစားတတ်ဘူး။
အောင်မြင်လိုလျင်အချက်(၄)ချက်ကို အရင်ကြည့်ရအောင် --

Sunday, December 9, 2012

ကိုယ့်အကြောင်းနဲ့ ကိုယ် ....

 အမှားတွေနဲ့ အသားကျနေတဲ့သူ
အမှန်တရားဆိုတာက သူ့ရန်သူလား
သစ္စာတရားအတွက် အသက်နဲ့လဲပြီး
သက်သေထူတဲ့သူဆိုတာ
ရှိတော့ရှိတယ် ရှားမယ်။

Tuesday, December 4, 2012

အချစ်နဲ့ဘဝ



ကိလေသာမကုန်သေးတဲ့သတ္တ၀ါတိုင်းရဲ့သန္တာန်မှာ အချစ်ဆိုတာ ရှိနေကြဦးမှာပါ။ အဲဒီအချစ်ကို ပယ်ဖျောက် နိုင်ဖို့ဖြစ်စေ၊ မှန်ကန်တဲ့နည်းနဲ့ ချစ်တတ်အောင်ဖြစ်စေ ပြုလုပ်တတ်ဖို့အတွက်က ဘာသာတရားရဲ့ အဆုံးအမ၊ မှန်ကန်တဲ့ အသိဉာဏ်များ ရှိမှဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ဆိုတာ မေတ္တာနဲ့ချစ်ရင် လမ်းမှားမရောက်၊ ဒုက္ခ မရောက်တတ်ပေမဲ့ တဏှာနဲ့ချစ်တဲ့အခါမှာ နည်းလမ်းမမှန်၊ ချစ်နည်းမမှန်ပါက ဒုက္ခပင်လယ်နဲ့ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ချစ်နည်းနဲ့ ချစ်တဲ့အခါ တကယ်ချစ်ရာရောက်ပြီး အပေါ်ယံချစ်ခြင်းကနေ ရှောင်ကြဉ်နိုင်ဖို့အတွက် မှန်ကန်တဲ့အသိပညာ ဘာသာရေးတရားများ သိရှိထားဖို့ လေ့လာထားရပါလိမ့်မယ်။ ဘာသာရေးဆိုတာ မှားတဲ့ဘက်ကို မရောက်အောင်၊ မှားတာကိုမပြုလုပ်မိအောင်၊ စိတ်သက်သာရအောင် အားထားရတဲ့၊ ကူညီပေးတဲ့အရာဖြစ်နေတာမို့ မသိမဖြစ် သိထားရမဲ့အရာပါ။

Monday, December 3, 2012

ကြက်ဥ၊ ဘဲဥ၏ ကျန်းမာရေးနှင့် အာဟာရ ....




ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့် ဖြစ်နေတတ်ကြပါတယ်။  တကယ်တော့ ကြက်ဥ၊ ဘဲဥတွေကို အသင့်အတင့် စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

မျက်ရည်မကျခင် သိစေချင်..........



  
လွန်ခဲ့သော (၁၅) နှစ်ခန့် ၁၃၄၃ ခုနှစ် ပြာသိုလ၏ တစ်ခုသောည၊ တစ်ည၊ အချိန်အားဖြင့် ည (၁၁) နာရီ ကျော်နေပြီမို့ မြင်းခြံခရိုင် တောင်သာမြို့၏ ကျက်သရေဆောင် သာသနာ့ မူလိကာရာမ ကျောင်းသစ်ကျောင်း စာသင်တိုက်ကြီး အတွင်းမှ စာချ စာသင် သံဃာတော် အရှင်မြတ် (၇၀) ကျော်တို့ မိမိတို့အိပ်ရာ အသီးသီးတွင် ကျိန်းစက်တော်မူ နေကြပြီ ဖြစ်သည်။