Wednesday, October 3, 2012

သွားပိုးစားခြင်းရောဂါအကြောင်းသိကောင်းစရာ

သွားပိုးစားခြင်းရောဂါကို လူတိုင်းခံစားဖူးကြမည်ထင်ပါသည်။သွားပိုးစားရန်အတွက် အကြောင်းအရာ (၄) ရပ်လိုအပ်ပါတယ်။
အဲဒါတွေကတော့ ပါးစပ်ထဲတွင်                              
(၁)သွားရှိရမည်။                                                   
(၂)စားကြွင်းစားကျန် ရှိရမည်။                                               
(၃)ဘက်တီးရီးယားပိုး ရှိရမည်။                                                                                             
(၄)အချိန် တခု လိုအပ်ပါသည်။
                             
               အထက်ပါအကြောင်းရာ (၄)ရပ်ပေါင်းမှသာ သွားပိုးစားခြင်းဖြစ်သည်။ အဲဒီ အကြောင်းအရာ (၄)ရပ်ထဲမှ တစ်ခု မရှိလျှင် သွားပိုးစားခြင်းရောဂါ ဖြစ်ပွားမည် မဟုတ်ပါ။ သွားပိုးစားခြင်းသည် ချက်ချင်းဖြစ်ပွားသည့် ရောဂါမဟုတ်ပါ။
ပါစပ်ထဲမှာရှိတဲ့ သွားမှာကပ်နေတဲ့ စားကြွင်းစားကျန်တွေနဲ့ ဘက်တီးယားပိုးတွေ ပေါင်းပြီး အက်စစ် တစ်မျိုး(latic acid) ထုတ်ပါတယ်။ အဲဒီအတွက် အချိန် မိနစ် ၉၀ ခန့် လိုအပ် ပါတယ်။ အဲဒီ အက်စစ်က သွားရဲ့ သစ်ရှူးတွေကို ပျက်စီးစေပြီး သွားပိုးစားစေတာဖြစ်ပါတယ်။
             သွားမှာ ကြွေသွားလွှာ၊ ဆင်စွယ်နှစ်လွှာ၊ မွသွားလွှာဆိုပြီး အလွှာ(၃)လွှာရှိပါတယ်။ သွားရဲ့ ကြွေသွားလွှာကို ပိုးစားနေချိန်တွင် လူတွေက သိပ်ပြီးသတိ မထားမိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နာတာ ကျင်တာ ဘာမှမရှိလို့ပါ။ ဒါပေမယ့်
သွားရဲ့မျက်နှာပြင်မှာ အပေါက်ကလေးဖြစ်နေတတ်ပါတယ်။အစာခဏခဏ ညှပ်နေတတ်ပါတယ်။သွားရဲ့ ဆင်စွယ်နှစ်လွှာကို ပိုးစားမှသာ လူတွေသတိထားမိလာပါတယ်။ အဲဒီအချိန်မှာ ရေပူရေအေးသောက်လျှင် နာတာ၊ကျင်တာတွေဖြစ်လာလို့ပါ။
အဲဒီအချိန်မှာ သွားဆရာဝန်ဆီသွားပြပြီးလိုအပ်တဲ့ ကုသမှုခံယူမယ်ဆိုရင်တော့ သွားတချောင်းလုံးဆုံးရှုံးတာကို ကာကွယ်နိုင်တဲ့အပြင် နာတာကျင်တာတွေလဲ ပျောက်ကင်းသွားနိုင်ပါတယ်။အဲဒီလိုမဟုတ်ပဲ ဆင်စွယ်နှစ်လွှာကနေတဆင့် မွှသွားလွှာကို ရောက်ရှိသွားပြီဆိုလျှင်တော့ သွားကိုက်တာဟာ မခံမရပ် နိုင် အောင်နာလာမယ်။ အစာဝင်လျှင်မခံရပ်နိုင်အောင်နာနေမယ်။တချို့ဆိုလျှင် အမြစ်ထိပ်မှာ ပြည်တည်နာဖြစ်မယ်။မျက်နှာတခြမ်းယောင်လာမယ်။အဲဒီအချိန်မှ သွားဆရာဝန်
ဆီ သွားပြမယ်ဆိုလျှင် သွားအကြောထုတ်ကုသတာနဲ့ သွားနှုတ်တာ တစ်ခုခုပဲ လုပ်လို့ရတော့မယ်။မိမိရဲ့သွားဆုံးရှုံးဖို့ တော်တော်လေး များသွား ပြီ ဖြစ်ပါတယ်။

             သွားပိုးစားရောဂါကိုမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရလား ၊ ကာကွယ်ဖို့ ကာကွယ်ဆေးရှိလား၊ ဘယ်လိုကာကွယ်ရမလဲလို့ တချို့က မေးကြပါတယ်။ သွားပိုးစားရောဂါကို ကြိုတင်ပြီးကာကွယ်လို့ရပါတယ်။ကာကွယ်ဆေးကတော့ အခုချိန်
ထိတော့ မရှိသေးပါဘူး။ဘယ်လိုကာကွယ်ရမလဲဆိုရင်တော့ ကျွန်တော် အထက်ကပြောခဲ့တဲ့ သွားပိုးစားခြင်းဖြစ်ရန်အကြောင်း(၄)ရပ်ထဲက တစ်ခုခုမရှိရင် သွားပိုးမစားဘူးဆိုတာပါပဲ။အဲဒီ(၄)ခုလုံးတွဲမနေအောင် ကာကွယ်ရပါမယ်။ အရိုးရှင်းဆုံးနည်း
ကတော့ ခံတွင်းကို သန့်ရှင်အောင်ထားရပါမယ်။ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေသွားမှာကပ်မနေအောင် သွားတိုက်ရပါမယ်။
သွားတိုက်လျှင် လိုက်နာရမယ့် စည်းကမ်း တွေ ရှိပါတယ်။အဲဒါတွေကတော့
(၁) နူးညံ့တဲ့အမျှင်တွေပါတဲ့သွားတိုက်တံနှင့် ဖလိုရိုက်(ဖ်)      ပါသောသွားတိုက်ဆေးကိုသုံးပြီး လျှာအပါအ၀င် သွားရဲ့မျက်နှာပြင်အားလုံးကို တိုက်ရပါမယ်။
(၂) သွားဖုံးကနေ ၄၅ဒီဂရီ စောင်းပြီး သွားရဲ့အမြစ်ဘက်ကနေ ကြိတ်ဝါးတဲ့ဘက် ကိုဦးတည်ပြီး အထက်အောက်ဆွဲချရပါမယ်။
(၃)မနက်စာစားပြီးချိန်နနဲ့ ညအိပ်ယာမ၀င်ခင် အနည်းဆုံး တနေ့နှစ်ကြိမ် သွားတိုက်ရပါမယ်။(ဖြစ်နိုင်ရင် နေ့လည်စာစားပြီးချိန်တွင်လည်း သွားတိုက်သင့်ပါတယ်)
(၄) သွားတိုက်ချိန်အနည်းဆုံး ၂မိနစ်ခန့် အချိန်ယူပြီးတိုက်ရပါမယ်။
(၅)သွားတစ်ချောင်နှင့်တစ်ချောင်းကြားသန့်ရှင်းရေးအတွက်  Dental floss (သို့)
သွားကြားထိုးတံ အသုံးပြုပြီးသန့်ရှင်းရပါမယ်။
အဲဒါတွေကတော့ စနစ်မှန် သွားသန့်ရှင်းရေး လုပ်နည်းတွေဖြစ်ပါသည်။
အဲဒါတွေအပြင်  ခံတွင်းသန့်ရှင်းရေးအတွက် အာလုတ်ကျင်းဆေးရည်တွေကို လဲအသုံးပြုနိုင်ပါတယ်။ ဥမမာ။   ။ Listerine mouthwash,  Chlorhexidine mouthwash,  Betadine mouthwash.
ချိုပြီးစီးကပ်တဲ့ အစားအစာတွေကိုရှောင်သင့်ပါတယ်။အရည်ရွှမ်းတဲ့အသီအနှံ၊အ မျှင်ဓာတ်ပါတဲ့ အစားအစာတွေကိုစားသုံးသင့်ပါတယ်။
အစားအစာစားပြီးတိုင်း အာလုတ်ကျင်းရပါမည်။အဲဒါတွေကို  လိုက်နာမယ်ဆိုရင် သွားပိုးစားခြင်းရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

                                             ` အားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေ ’


                                                                                                        Moe Watan

No comments:

Post a Comment