Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Monday, April 1, 2013

လွမ်းစံပယ်...........




တကယ်မဝေးပေမယ့်၊
စံပယ်လေးတွေ ခြောက်ပြီလေ …. ။

Tuesday, March 19, 2013

ဘယ်အရာကိုမှ မမှီထားတဲ့အတွက်..............




ငိုနေတဲ့ အခါ ချော့မယ့်သူ မရှိဘူး။
ငါ...မျက်ရည်သုတ်ပြီး ရီတတ်လာတယ်။

Sunday, March 17, 2013

ကဗျာဆရာ...






ကျနော်...ပညာတတ်တွေရဲ့...
ကျွန်းပေါ်မသွားချင်ဘူး...
အဲဒီမှာ..မကြားဖူးတဲ့စကားလုံးတွေ..
မမြင်ဖူးတဲ့...သူတို့..မာနတွေ..
ဆတ်ဆတ်ထိတောင်မခံဘူးတဲ့...
ကျနော့်စိတ်ဓါတ်တွေကို...
ကျုံ့ဝင်မသွားစေချင်ဘူး..

Friday, March 15, 2013

နင့်မှာရှိနေပြီလား.........




ငါလို နင့်ကိုအားပေးနိုင်သောသူတစ်ယောက်
နင့်မှာရှိနေပြီလား...?

နင်ပျော်ရွှင်နေတဲ့အခါ
ငါလိုနင့်ထက်မကပျော်ရွှင်နိုင်သောသူတစ်ယောက်
နင့်မှာရှိနေပြီလား...?

Friday, February 22, 2013

မင်းအတွက်..........


ငါကဆူးလေးတစ်ချောင်းပါ
မင်းရင်ကိုစူးသွားနိုင်တယ်
ဒါပေမယ့် စူးကောက်တော့မဟုတ်ပါဘူး
ဆူးဖြောင့်လေးတစ်ချောင်းပါ။

ရှင်သန်ရတဲ့ ဒီဘ၀တစ်ခုလေးကို ရိုးရှင်းစွာနေကြည့်ရအောင်.





သတိရတဲ့အခါ......ခေါ်လိုက်ပါ။

တွေ့ချင်တဲ့အခါ....ဖိတ်ခေါ်လိုက်ပါ။

နားလည်စေချင်တဲ့အခါ.....ရှင်းပြလိုက်ပါ။

သိချင်တဲ့အခါ...မေးလိုက်ပါ။

Thursday, January 31, 2013

ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမဆောင်ပုဒ်

 ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်။
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။

Monday, January 14, 2013

ဧည့်သည်...........




လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။

Tuesday, January 8, 2013

~~~~ အဖော်မရှိပေမယ့် အပျော်အတိပြီးပါတယ် ~~~~




သူတော်ကောင်းပုဂ္ဂိုလ်ဟာ

ဘယ်အပေါင်းအဖ်ာကိုမှ မငြိတွယ်ပဲ

တစ်ယောက်တည်း

တရားနဲ့နေတတ်အောင်

Tuesday, January 1, 2013

Happy new year အတွေးများ....




မြောက်လေကသွေး၊ နှင်းဖွေးဖွေး နှင့် ၊ ချမ်းအေးပါလှ ၊ ည...တစ်ည.. ၊
မိသားစုတွင်း ၊ မိတ်ဆွေရင်း နှင့် ၊ ချစ်သူချင်းဆုံ ၊
ဝိုင်းစုပြုံကာ ၊ နှင်းမြူမှုံကြား ၊ မြူးပျော်ပါးစွာ ၊ကကြ ခုန်ကြ ၊ ည တစ်ည ။
မီးရှူး မီးပန်း ၊ထောင်သောင်းသန်း ဖြင့် ၊ အံ့မခန်းလှ ၊

Monday, December 17, 2012

အနှိုင်းမဲ့မေတ္တာ




ပျက်ရယ်ပြုခြင်းကို ခံရသောအခါ
ဝမ်းနည်းသွားတတ်ပေမဲ့
ဘယ်တော့မှ စိတ်မဆိုးရက်ပါလေ...

Thursday, December 13, 2012

နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာဖြစ်ပါသည်။




ဘယ်လိုပဲဖြစ်စေလူတွေဟာ မကြာခဏ အကျိုးသင့်အကြောင်းသင့်
မဟုတ်တာတွေလုပ်တတ်သလို ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေ ကိုလည်းလုပ်တတ်ကြတယ်။ ဘယ်လိုပဲဖြစ်စေ..........သူတို့ကိုခွင့်လွှတ်
လိုက်ပါ။

Wednesday, December 12, 2012

ပျော်ချင်တယ်ဆိုရင်............


တခါတလေကျတော့လည်း
လိုချင်လွန်းလို့သာ ပိုင်ဆိုင်ဖို့ ကြိုးစားရတာ
မဖြစ်နိုင်တော့တဲ့အဆုံးကျရင်တော့

Sunday, December 9, 2012

ကိုယ့်အကြောင်းနဲ့ ကိုယ် ....

 အမှားတွေနဲ့ အသားကျနေတဲ့သူ
အမှန်တရားဆိုတာက သူ့ရန်သူလား
သစ္စာတရားအတွက် အသက်နဲ့လဲပြီး
သက်သေထူတဲ့သူဆိုတာ
ရှိတော့ရှိတယ် ရှားမယ်။

Monday, November 19, 2012

ကျူငုတ်......



 အရောင်ကလေးမြင်တုန်းက
အားနာတာနဲ့
မြင်တယ်လို့ မမှတ်ခဲ့တာ
ခုတော့ အရောင်ကလေးက
နှလုံးသားကို ဆေးခြယ်နေပြီ …

အားလုံးအလကား .....




ရနံတိုင်းဟာ လေအဝှေ့မှာ
လွင့်ပျယ်ရရှာ အလကားပါ …
ဖယောင်းသားဟာ မီးတစ်ပွင့်မှာ
လွင့်ပျယ်ရရှာ အလကားပါ …

Tuesday, November 13, 2012

တိမ်တောက်ချိန် ......



 နေ့တစ်နေ့ဟာ
သူ့ရဲ့ခန္ဓာအဟောင်းကို
သူ့အခေါင်းထဲ သူထည့်ဖို့ပြင်
နေ၀င်ဖို့အဆင်း။

ကမ်းသို့ လမ်း ....



သတိအားတွေ လျော့လာတော့
မြင်မြင်သမျှ အပြစ်လို့ပဲ ထင်လိုထင်
အချစ်ဆိုရင်လည်း နောက်ကျောလာထောက်တဲ့ ဓားများလား
ကိုယ့်အရိပ်ကတောင် အမောက်တထောင်ထောင်နဲ့
မြွေဟောက်လို ကိုယ့်စိတ်ကို ကိုယ်ပြန်ခြောက်နေပေါ့
အ၀ိဇ္ဖာဟာ အနယ်မထိုင်တဲ့မြစ်တစ်စင်းလို
ခပ်ပြင်းပြင်း ငါ့ကိုသယ်ဆောင်

Tuesday, October 30, 2012

အမေ...



ကြယ်တွေကြွေရင်
ရယ်ချင်တယ်  အမေ
သားဆုတောင်းတွေမပြည့်သေးလို့ …။

Tuesday, October 23, 2012

ပညတ်ချက်တံတိုင်းအောက်မှာ အမျိုးသမီးတို့ဘ၀...........



နေ၀င်မိုးချုပ် တကုတ်ကုတ်နှင့်
အိမ်တွင်းမှုခင်း နေ့စဉ်ရှင်း၍
ထမင်းချက် ရေခပ် အ၀တ်လျှော်မှ
မိန်းမပီသသတဲ့လား အမေ။