Thursday, March 28, 2013

ရင်သွေးယူတော့မည့် မိခင်၊ ဖခင်လောင်းများ ဖတ်ရန်


 

ရင်သွေးငယ်ရယူရန် ဆုံးဖြတ်ထားသည်ဆိုပါက အောက်ပါစာမူကို ဖတ်ရန်တိုက်တွန်းအပ်ပါသည်။
မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ကြသည့်သူများရှိသကဲ့သို့  မိမိရင်သွေးအတွက် ကြိုတင်ပြင်ဆင်၍ ရင်သွေး ငယ်မွေးဖွားသူများလည်းရှိသည်။ ကြိုတင်ပြင်ဆင်သည်ဆိုရာတွင် ရင်သွေးငယ်အတွက် သင့်တင့်သော စီးပွားရေးအခြေအနေ၊ မိဘများ၏ အသက်အရွယ်၊ ကလေးတစ်ဦးနှင့်တစ်ဦး အသက်ကွာခြားချက် စသည်တို့ဖြစ်သည်။

Tuesday, March 19, 2013

ဘယ်အရာကိုမှ မမှီထားတဲ့အတွက်..............




ငိုနေတဲ့ အခါ ချော့မယ့်သူ မရှိဘူး။
ငါ...မျက်ရည်သုတ်ပြီး ရီတတ်လာတယ်။

ဦးနှောက်ကင်ဆာရောဂါကို ကုသနိုင်ရန်အတွက် လူ့ခန္ဓာကိုယ်ထဲရှိအဆီက အထောက်အကူပေးနိုင်…




လူ့ခန္ဓာကိုယ်အဆီထဲက ထုတ်ယူထားသည့် Stem Cells များသည် Brain
Tumors ဟုခေါ်သည့် သေစေလောက်သော ဦးနှောက်ကင်ဆာရောဂါကို
ကုသနိုင်ရန် သုသေသနပညာရှင်များကစမ်းသပ်လေ့လာနေပြီဖြစ်သည်။

Sunday, March 17, 2013

ကဗျာဆရာ...






ကျနော်...ပညာတတ်တွေရဲ့...
ကျွန်းပေါ်မသွားချင်ဘူး...
အဲဒီမှာ..မကြားဖူးတဲ့စကားလုံးတွေ..
မမြင်ဖူးတဲ့...သူတို့..မာနတွေ..
ဆတ်ဆတ်ထိတောင်မခံဘူးတဲ့...
ကျနော့်စိတ်ဓါတ်တွေကို...
ကျုံ့ဝင်မသွားစေချင်ဘူး..

Friday, March 15, 2013

နင့်မှာရှိနေပြီလား.........




ငါလို နင့်ကိုအားပေးနိုင်သောသူတစ်ယောက်
နင့်မှာရှိနေပြီလား...?

နင်ပျော်ရွှင်နေတဲ့အခါ
ငါလိုနင့်ထက်မကပျော်ရွှင်နိုင်သောသူတစ်ယောက်
နင့်မှာရှိနေပြီလား...?

ဗီယက်နမ် လူမျိုးများ အသားအရေနှင့် ခန္ဓာကိုယ် လှပရသည့် အကြောင်း အရင်း





ဗီယက်နမ် နိုင်ငံသူ၊ နိုင်ငံသား အများစုက အသက် ကြီးငယ်မရွေး အသား အရေ ကြည်လင် လှပပြီး ခန္ဓာကိုယ် အဆီမရှိဘဲ သွယ်လျ လှပကြတာကို တွေ့ရှိ ရပါတယ်။

Tuesday, March 12, 2013

ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ်




(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ
ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား
လုပ်ပေးနိုင်၏လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာ စရာလေးတွေကိုငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့ အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်း
သာမှု ရစေချင်တယ်။

ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ်စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။

Wednesday, March 6, 2013

"သေခြင်းတရား"




သေခြင်းတရားကို ကိုယ်နဲ့အဝေးကြီးလို့ သဘောထားရင် သတိသံဝေဂ အားနည်းသွားတတ်ပါတယ်။သတိသံဝေဂ အားနည်းရင် လူသားတိုင်းမလုပ်မဖြစ်လုပ်ရမယ့် အပ္ပမာဒလုပ်ငန်းတွေမှာ ခြေလှမ်းကျဲနေတတ်ပါတယ်။