Wednesday, October 3, 2012

"အနန္တ မေမေ"

အမေ ...
ဘယ်လိုနေနေ .. ဘာတွေလုပ်လုပ် ..
စုန်ရေ ..သဘော ..

စစ်ကြော အမှန် ..
ငြင်းဆန်မရ ...
အမေ့မေတ္တာ .. ကရုဏာ ..။


ကြီးမား သတ္တိ ....
လောက၏ ၀န်၊
ပင်ပန်းလျှင်လည်း ...
ပြူစူမဲ့ကင်း ..ထိုချစ်ခြင်းသည် ...
လမင်းပမာ ..အေးမြစွာ ....။

အမေ့အေးရိပ်
ချွေးသိပ်နားခို
ရိုသေမြတ်နိုး ..လက်စုံမိုးရင်း
ရှိခိုးခြင်းလျှင် .. ဦးထိပ်တင်သည် ...
အမေဟာ ..အမေ ....
စိမ့်စမ်းရေ ................။ ။


နန်းအသင်္ခယာ

(သတ္တိသွေး နွေးတဲ့မေတ္တာ ..ဟူသည့် ၀တ္တုတိုလေးမှ ကဗျာလေးအား ပြန်လည်ထုတ်နုတ် ခံစားတင်ပြပါသည်။)

No comments:

Post a Comment