Sunday, October 14, 2012

အားသွားလို့လားသူငယ်ချင်း......



သူငယ်ချင်း
-မင်းငါခုံခိုက် ဘုရားလိုက်ဖို့
ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူးနောက်မှ ကွယ်။

- ဥပုသ်နေ့မှာ ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ်။
- ဆိတ်ငြိမ်နေရာ အေးရိပ်သာဝယ်
အာနာပါန ရသမျှကို
သွင်းမံရှူရှိုက် အတူလိုက်ဖို့
ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ်။
- ဟိုတစ်နေ့က
မအားနေရင်း သူငယ်ချင်းဟာ
သေမင်းခေါ်ရာ မငြင်းသာဘဲ
လိုက်ပါသွားရရှာလေပြီ။
- ကိုယ်ခေါ်စဉ်က
ငြင်း လို့ရလည်းခုမှမငြင်း
လိုက်သွားခြင်းကြောင့်
ရင်တွင်းစကား ဆိုမိငြားသည်
အားသွားလို့လား သူငယ်ချင်း
by နဒီ နက္ခတ်ဗေဒင်

No comments:

Post a Comment