အစာလဲဆေး ဆေးလဲ အစာဆိုတဲ့ ဆိုရိုးနဲ့အညီ
ကျွန်မတို့ ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတွေထဲမှာ
ဆေးဘက်ဝင်တဲ့ အသီးတစ်ချို့အကြောင်း ဖော်ပြချင်ပါတယ်.. ၄င်းအသီးတွေကို
ပုံမှန် စားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ
ရှိနေတဲ့အတွက်ကြောင့် ဘယ်လိုအသီးတွေက ဘယ်လို အကျိုးရှိစေတယ် ဆိုတာလေး
ဖတ်မှတ်ထားမိတာတွေထဲကမှ အသီးတစ်ချို့အကြောင်း ပြန်လည်
ဖော်ပြပေးလိုက်ပါတယ်။
ကီဝီသီး (Kiwi Fruit)
အစိမ်းရောင် ကီဝီသီးဟာ သေးငယ်ပေမဲ့
အကျိုးများတဲ့ အသီးဖြစ်တယ်လို့ဆိုပါတယ်. ပိုတက်ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်
အီး နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါရှိတဲ့အပြင် ဗီတာမင် စီ မှာ
လိမ္မော်သီးထပ်ပင် ၂ဆ ပိုမို ပါဝင်မှု များပြားပါတယ်.. ကီဝီသီးဟာ အသက်ရှူ
အင်္ဂါအဖွဲ့အစည်းကို အားကောင်းစေတဲ့အတွက် ပန်းနာရင်ကြပ် ရောဂါရှိသူများ
စားသုံးသင့်တဲ့ အသီးဖြစ်ပါတယ်.. သွေးထဲမှ အဆီများ ပိတ်ဆို့ခြင်းကို
လျော့ချပေးနိုင်စွမ်း ရှိပါတယ်.. ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကော့ပါး စသည့်
သတ္တုဓာတ်များ ကြွယ်ဝစွာ ပါရှိခြင်းကြောင့်
သွေးအားနည်းရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပြီး
ခန္ဓာကိုယ်အတွင်း စီးဆင်း နေသော သွေးအပြစ်အကျဲကို ထိန်းညှိပေးနိုင်စွမ်း
ရှိကြောင်း သိရပါတယ်.. ခန္ဓာကိုယ်အတွင်း ဇီဝရုပ်ဖြစ်ပျက်ခြင်းနဲ့
အာရုံကြောအဖွဲ့အစည်းများကို အားကောင်းစေနိုင်တယ်လို့ သိရပါတယ်။
ကီဝီသီး စိုက်ခင်း
နွယ်ပင်မျိုးဖြစ်တဲ့
ကီဝီသီးရဲ့ မူလပေါက်ဖွားရာဒေသဟာ တရုတ်ပြည်လို့ သိရပြီး တရုတ်မူရင်း
မျိုးနွယ်ဖြစ်တာကြောင့် အမျိုးသား အသီးအနှံအဖြစ် ကြော်ငြာခြင်းခံရပါတယ်...
ယခင်က တရုတ်အမည် Chinese gooseberry လို့ အမည်တွင်ရာမှ ၁၉၀၀
ခုနှစ်နောက်ပိုင်း နယူးဇီလန်နိုင်ငံကို ရောက်ရှိသွားပြီး
၎င်းမှတစ်ဆင့် အခြားနိုင်ငံအသီးသီးကို ပျံ့နှံ့ရောက်ရှိသွားပါတယ်.
အဲဒီတော့မှ ကီဝီသီးလို့ အမည်တွင်လာကာ လူသိများ ထင်ရှားလာတာ ဖြစ်ပါတယ်..
ငှက်ပျောသီး၊ နာနတ်သီးနဲ့ စတော်ဘယ်ရီတို့ရဲ့ အရသာမျိုး ပေါင်းစပ်ပါဝင်ပြီး
အချဉ်ဓာတ်ကဲတဲ့ အရသာကြောင့် အဖျော်ယမကာအဖြစ် ထုတ်လုပ်လာကြပါတယ်.
တရုတ်ပြည်မှာတော့ ဟန်မင်းဆက် လက်ထက်ကတည်းက ကီဝီသီးကနေ ၀ိုင် အရက်
ချက်လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်..
ပန်းသီး
ပန်းသီးဟာ သက်စောင့်တဲ့ အသီးလို့ ပြောရ
လောက်အောင် လူရဲ့ ခန္ဓာကိုယ်ကို အကျိုး ဖြစ်စေနိုင်ပါတယ်.. ဗီတာမင် စီ
ပါဝင်မှု နည်းပါးသော်လည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ flavonoids
ပါဝင်မှုတို့က ဗီတာမင်စီရဲ့ လုပ်ဆောင်ချက်ကို ပိုမို အစွမ်းထက်စေပြီး
အူမကြီးကင်ဆာ၊ အဆုပ်ကင်ဆာ၊ ဆီးချို၊ ပန်းနာ ရင်ကြပ်ရောဂါ၊
နလုံးလေရိုက်ခြင်းနင့်၊ လေသင်တုန်း ဖြတ်ခြင်း တို့ကို ဖြစ်နိုင်ခြေ
နည်းပါးစေပါတယ်. ပန်းသီးတစ်လုံးတွင် အမျှင်ဓာတ် ပမာဏ ၅ဂရမ်ခန့် ပါဝင်ပြီး
အာဟာရဓာတ်များ ပေါင်းစပ် ပါဝင်နေ သောကြောင့် ၄င်းတွင် အရိုးကို သန်မာစေသော
ဗီတာမင် ကေ၊ နာကျင်ရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်တစ်မျိုးတို့လည်း
ပါဝင်ပါတယ်. ထို့ပြင် အစာစားချင်စိတ်ကို ထိန်းချုပ်လိုသူများ၊
ဝိတ်လျော့လိုသူများ အစားမစားမီ နာရီဝက်အလိုတွင် ပန်းသီးတစ်လုံးကို
စားသင့်ကြောင်း သိရပါတယ်။။
စတော်ဘယ်ရီ
စတော်ဘယ်ရီသီးမှာ အလွန် ကောင်းမွန်
မြင့်မားတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ အတွက် စားသုံးသူတွေအတွက်
အလွန်အကျိုးများစေတဲ့အသီး ဖြစ်ပါတယ် ခန္ဓာကိုယ်ကို ရောဂါဖြစ်ပွားမှုကနေ
အကာအကွယ် ပေးတဲ့ အသီးလို့တောင် တင်စား ကြပါတယ်.. ၄င်းဟာ ကင်ဆာဖြစ်ခြင်း၊
သွေးဖိအားမြှင့်တက်ခြင်း၊ တုတ်ကွေး ဖြစ်ခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့မှ
ကာကွယ်ပေးနိုင်ပြီး ဦးနှောက်အတွင်းရှိ ဆဲလ်များကို အားကောင်းစေတယ်လို့
သိရပါတယ်.. ဘယ်ရီသီး အားလုံးဟာ ကျန်းမာရေးအတွက် အလွန် ကောင်းမွန်ပြီး
ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်မှုကြောင့် လူကို နုပျိုစေနိုင်တယ် လို့
ဆိုပါတယ်.. ဒီလိုဆိုရင်ဖြင့် စတော်ဘယ်ရီအပါအ၀င် ဘယ်ရီသီးကို များများ
စားသင့်ပါတယ်နော်။
လိမ္မော်သီး
တစ်ရက်ကို လိမ္မော်သီး ၂လုံးမှ ၄လုံးခန့်
စားပေးခြင်း အားဖြင့် အအေးမိရောဂါများ ဖြစ်ပွားခြင်းကို ကာကွယ်
ပေးနိုင်ပါတယ်. လိမ္မော်သီးမှာ ကိုလက်စထရောကို လျော့ချပေးခြင်း၊
ကျောက်ကပ်တွင် တည်နေသော ကျောက်များကို ပျော်ကျစေခြင်း၊ အူမကြီး ကင်ဆာ
ဖြစ်ပွားခြင်းကို လျှော့နည်းစေခြင်း စတဲ့ အစွမ်း သတ္တိများ ပါဝင်ပါတယ်..
ကယ်လ်စီယမ် ပါဝင်ခြင်း ကြောင့် အရိုးများကို သန်မာအားကောင်းစေခြင်း၊
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ခြင်း၊
သွေးထဲတွင် ဟေမိုဂလိုဘင် ထုတ်လုပ်ခြင်းကို ကူညီပေးခြင်း ၊
နှလုံးသွေးကြောများကို ကောင်းမွန်စေခြင်း စသည့်အကျိုးသက်ရောက်မှုများ
ဖြစ်စေနိုင်ပါတယ်။
ဖရဲသီး
ရေဓာတ်ပါဝင်မှု ၉၀% ရှိသောကြောင့် ဖရဲသီးဟာ
အသားအရေကို စိုပြေ ချောမွတ် စေရုံသာမက အစာ ခြေဖျက်ခြင်းကိုလည်း အားကောင်းစေ
နိုင်ပါတယ်.. ဖရဲသီးမှာ သဘာဝ SPF ပါဝင်မှုကြောင့် နေရောင်ခြည်တွင်ပါဝင်သော
ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်.. ကင်ဆာ
ဖြစ်ပွားခြင်း၊ မျက်စိအားနည်းခြင်း၊ ရောဂါ ဘယ ဖြစ်ပွားခြင်း တို့မှ
ကာကွယ်စေနိုင်တဲ့ အကျိုး ကျေးဇူးများ ရှိပါတယ်။ ဖရဲသီးတွင် ပါဝင်သော
လိုင်ကိုပိန်းမှာ နှလုံးရောဂါဖြစ်ပွားခြင်း ၊ အမျိုးသား များတွင်
ဖြစ်တတ်သော ကင်ဆာရောဂါကို လျှော့နည်းစေခြင်း၊ ဗီတာမင် B6, A,C တို့
ပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြင့်မားစေခြင်း ၊ အဖျားအနာ
လျော့နည်းစေခြင်း တို့ကို အကျိုးပြုနိုင်ပါတယ်။
သေဘာၤသီး
ဗီတာမင်စီ နဲ့ အမျှင်ဓာတ်များ ပါဝင်မှုကြောင့် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်.. ထို့ကြောင့်လည်း ၀မ်းမှန်မှန်သွားချင်သူများ သဘောင်္သီးကို များများ စားပေးသင့်ပါတယ်.. သင်္ဘောသီးဟာ အစာချေဖျက်ခြင်းကို အထောက်အကူများစွာ ပေးနိုင်ပြီး အူမကြီးကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေး နိုင်တယ်လို့ သိရပါတယ်.. အရေပြားပေါ်မှ ဆဲလ်အသေများကို ပျော်ဝင်စေနိုင်သောကြောင့် ပိတ်ဆို့နေသော အပေါက်များကို ပွင့်စေနိုင်စွမ်း ရှိတာကြောင့် အသားအရေကို တောက်ပချောမွတ်စေနိုင်ပါတယ်.. ကိုလက်စထရောကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်..
နဂါးမောက်သီး ( Dragon fruit)
လျှားစောင်းလက်ပတ် အနွယ်ဝင်
နားဂါးမောက်သီးပင်ဟာ တောင် အမေရိကတိုက်နဲ့ မက္ကစီကို ဒေသတို့မှာ စတင်
တွေ့ရှိခဲ့ကြပြီး ယခုအခါမှာတော့ အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊
ဖိလိပိုင်တို့မှာ စီးပွားဖြစ် မြောက်မြားစွာ
စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။ ကျွန်မတို့
မြန်မာနိုင်ငံမှာတော့ နဂါးမောက်သီးဟာ ခေတ်စားလာတာ မကြာသေးဘူးလို့
ဆိုရပါမယ်.. ယခင်ကတော့ နိုင်ငံခြားကနေသာ တင်သွင်းလာတာ ဖြစ်ပြီး
ခုနောက်ပိုင်းမှာမှ ပြည်တွင်းမှာ အထူးသဖြင့် ရှမ်းပြည်နယ်ဘက်တွေမှာ
စိုက်ပျိုးလာကြတာ တွေ့ရှိရပြီး ရန်ကုန်မှာတော့ မြေပဒေသာကျွန်းထဲမှာ
အပင်တစ်ချို့ တွေ့ခဲ့ရပါတယ်..
အရသာအနေနဲ့ ထူးထူးခြားခြား ကောင်းလှတယ်
မဆိုနိုင်ပေမဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တာမို့ ထင်ရှားလာတဲ့အသီးလည်း
ဖြစ်ပါတယ်.. အရည်ရွှမ်းပြီး အနည်းငယ်ချိုတဲ့ အရသာရှိပါတယ်။ အနက်ရောင်
အစေ့လေးပေါင်း မြောက်မြားစွာပါဝင်ပြီး နဂါးမောက်သီး အမှည့်အခွံဟာ အများ
အားဖြင့် နီရဲတဲ့ အရောင်အဆင်း ရှိပြီး အ၀ါရောင် လည်း ရှိတတ်ပါတယ်..
အတွင်းသားမှာ အဖြူရောင်နဲ့ အနီရောင် နှစ်မျိုး ရှိပါတယ်။
နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိသောကြောင့် သွေးတိုး ဆီးချိုးသမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်.. ကင်ဆာဖြစ်စေနိုင်သော ဓာတ်တိုး ပစ္စည်းကို လျော့ချပေးနိုင်သောကြောင့် ကင်ဆာကိုကာကွယ်ပေးခြင်း၊ ကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေကို ချောမွတ်စိုပြေစေခြင်း၊ အစာစားချင်စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်းကို အားပေးခြင်း၊ အဆီများကို ခြေဖျက်ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဥာဏ်အားနှင့် မျက်လုံးအားကောင်းစေခြင်း၊ ဒဏ်ရာများကို သက်သာပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အသီးဖြစ်ပါတယ်.. နလံထ လူမမာများအတွက် အထူးသင့်လျော်သော အသီး ဖြစ်ပါတယ်..
ကျွန်မတို့ ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့ရတဲ့ အသီးအနှံတွေဟာ ကျန်းမာရေးအတွက် ဆေးတစ်လက်အဖြစ် အသုံးဝင်တယ်ဆိုရင်ဖြင့် ငွေကုန်ကြေးကျ မများလှတဲ့ အသီးအနှံတွေကို နေ့စဉ် စားသုံးပေးခြင်းအားဖြင့် ၀င်ရောက်လာနိုင်တဲ့ ရောဂါဘေးတို့ကနေ ကာကွယ်သင့်ကြတယ် မဟုတ်ပါလားနော်။
နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိသောကြောင့် သွေးတိုး ဆီးချိုးသမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်.. ကင်ဆာဖြစ်စေနိုင်သော ဓာတ်တိုး ပစ္စည်းကို လျော့ချပေးနိုင်သောကြောင့် ကင်ဆာကိုကာကွယ်ပေးခြင်း၊ ကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေကို ချောမွတ်စိုပြေစေခြင်း၊ အစာစားချင်စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်းကို အားပေးခြင်း၊ အဆီများကို ခြေဖျက်ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဥာဏ်အားနှင့် မျက်လုံးအားကောင်းစေခြင်း၊ ဒဏ်ရာများကို သက်သာပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အသီးဖြစ်ပါတယ်.. နလံထ လူမမာများအတွက် အထူးသင့်လျော်သော အသီး ဖြစ်ပါတယ်..
ကျွန်မတို့ ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့ရတဲ့ အသီးအနှံတွေဟာ ကျန်းမာရေးအတွက် ဆေးတစ်လက်အဖြစ် အသုံးဝင်တယ်ဆိုရင်ဖြင့် ငွေကုန်ကြေးကျ မများလှတဲ့ အသီးအနှံတွေကို နေ့စဉ် စားသုံးပေးခြင်းအားဖြင့် ၀င်ရောက်လာနိုင်တဲ့ ရောဂါဘေးတို့ကနေ ကာကွယ်သင့်ကြတယ် မဟုတ်ပါလားနော်။
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေရှင်။
Sources and photos from google
source>>> http://www.missgreenlady.com/2011/01/blog-post_31.html
ှ့shared>>>http://natureenergycare.blogspot.com/2012/10/monday-january-31-2011...
No comments:
Post a Comment