Sunday, October 28, 2012

အက်စစ်လိုလူနှင့် ရေခဲတုံးလိုလူ (ရဝေနွယ်-အင်းမ) ...


…တစ်ခါတုန်းက သာဝတ္ထိပြည်မှာ သူဌေးတစ်ယောက်ရှိပါတယ်။ သူဌေးက သဒ္ဓါတရား သိပ်ကောင်း ပါတယ်။ သူ့ရဲ့ဇနီးကမမတ္တာပါတဲ့။ဒါပေမယ့်ဇနီးကသဒ္ဓါတရားမရှိသလို  ဒေါသလည်းသိပ်ကြီးပါတယ်။  နောက်ဆိုးကျိုးတစ်ခုကတော့ ကလေးမရတာပါဘဲ။
…ဒီတော့ သူဌေးက မျိုးနွယ်ပြတ်သွားမှာစိုးလို့ အမျိုးတူ အမျိုးသမီးတစ်ယောက်နဲ့ ထပ်ပြီး လက်ထပ်လိုက်ပြန်ပါတယ်။ နောက်လက်ထပ်လိုက်တဲ့ ဒုတိယဇနီးရဲ့နာမည်က မတိဿာလို့ ခေါ်ပါတယ်။
…မတိဿာကတော့ သဒ္ဓါတရားကောင်းသလို ရတနာသုံးပါးကိုလည်း ကြည်ညိုပါတယ်။
…ဒီလိုနဲ့နေလာရင်း မတိဿာမှာ ကိုယ်ဝန်ရှိလာပြီး သားယောက်ကျားလေး မွေးပါတယ်။ မတိဿာဟာ အိမ်ထောင့် တာဝန်အပြင် ရဟန်းတော်လေးပါးကိုလည်း နေ့စဉ်ပြုစု ဆွမ်းလောင်းလှူ ပါတယ်။ ဒါကြောင့်ပဲ ယောက်ကျားဖြစ်သူက မတိဿာကို အချစ်ပိုသွားရပါတယ်။
…ဒီတော့ ကိုယ်ထက်သာ မနာလိုဆိုတဲ့အတိုင်း မနာလိုဝန်တိုတဲ့ အကုသိုလ်စိတ်တွေ မမတ္တာရဲ့ ရင်ထဲကို ၀င်လာရပါပြီ။ အကုသိုလ်စိတ်တွေ ရင်ထဲဝင်လာတော့  စိတ်ကလည်း ဆင်းရဲရပါပြီ။
…မတိဿာက ကုသိုလ်စိတ်တွေ ရင်ထဲမှာ အစဉ်သဖြင့်ရှိနေတဲ့အတွက် မျက်နှာက အေးနေပါတယ်။ မမတ္တာကတော့ အကုသိုလ်စိတ်တွေ ရင်ထဲပြည့်နေတဲ့အတွက် မျက်နှာက ပူနေပါတယ်။ တစ်အိမ်ထဲမှာကို အအေးမျက်နှာနဲ့ အပူမျက်နှာဖြစ်နေကြတာပါ။
…တစ်နေ့တော့ မမတ္တာနဲ့ မတိဿာတို့နှစ်ယောက် ခေါင်းလျှော်ကြပါတယ်။ ခေါင်းလျှော်ပြီးတော့ ဆံပင်စိုနေတာနဲ့ ရပ်နေလိုက်ကြပါတယ်။ မယားနှစ်ယောက်ကို မြင်လိုက်ရတဲ့ ခင်ပွန်းသူဌေးက အချစ်ပိုနေတဲ့ မတိဿာကိုပဲ စကားတွေ အကြာကြီးပြောနေလိုက်ပါတယ်။
…ဇနီးမောင်နှံနှစ်ယောက် ကြည်ကြည်နူးနူး ပြောနေကြတာကိုကြည့်ရင်း မမတ္တာက သည်းမခံနိုင် တော့ပါဘူး။ အကုသိုလ်စိတ်တွေကလည်း ရင်ထဲကို ဆင့်ကာ ဆင့်ကာ ၀င်လာပါပြီ။ ဒါကြောင့် ပုံထားတဲ့အမှိုက်တွေနဲ့ မတိဿာရဲ့ခေါင်းပေါ် ကြဲချလိုက်ပါတယ်။
…ဒီလိုနဲ့နေလာကြရင်း တစ်နေ့မှာတော့ မမတ္တာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်တော့ ပြုခဲ့တဲ့ အကုသိုလ်ကံကြောင့်ပဲ ပြိတ္တာဖြစ်သွားရရှာပါတယ်။ မှောင်စပျိုးတဲ့အချိန် မတိဿာ ရေချိုးနေတဲ့ အချိန်မှာ ကိုယ်ထင်ပြပြီး “ညီမရယ်၊ အစ်မဟာ လူ့ပြည်မှာတုန်းက ပြုခဲ့တဲ့ အကုသိုလ်ကံကြောင့် ပြိတ္တာဖြစ်နေရပါတယ်။ အစ်မအတွက် သံဃိကအနေနဲ့ ရဟန်းလေးပါး၊ ပုဂ္ဂလိကအနေနဲ့ ရဟန်း လေးပါးကို ကုသိုလ်ပြုပြီး အမျှဝေပေးပါ” လို့ တောင်းပန်ရှာပါတယ်။
…မတိဿာလည်း ခင်ပွန်းဖြစ်သူကို အကျိုးအကြောင်း ပြောပြပြီး ဆွမ်းကျွေးလှူဒါန်းပေးပါတယ်။ ပြုပေးတဲ့ကုသိုလ်ကြောင့်ပဲ;8|O_g{ Kgတ်ပြီး နတ်မှာဖြစ်တဲ့ စည်းစိမ်ချမ်းသာတွေကို ရသွားရပါတယ်။
(မတ္တာပေတိဝတ္ထု)
…ယောနိသောမနသိကာရ ရှိတဲ့သူကတော့ အာရုံဆိုးတစ်ခု ကြုံလာရတဲ့အခါ ကိုယ့်အားနည်းချက်ကို ကိုယ်ကြည့်ပြီး ကုသိုလ်တွေ ဆက်ကာဆက်ကာ ဖိပြုပစ်ပါတယ်။
…ယောနိသောမနသိကာရ မရှိတဲ့သူကတော့ ကိုယ့်အားနည်းချက်ကို ကိုယ်မကြည့်တော့ဘဲ သူတစ်ပါးရဲ့ ပြည့်စုံမှုကို အာရုံပြုပြီး အကုသိုလ်တွေ ဆက်ကာဆက်ကာ ဖိပြုတော့တာပါ။ ဒီတော့ အကျိုးပေးကလည်း မိုးနဲ့မြေလို ကွာဟသွားရတော့တာပါ။
…တကယ်လို့သာ မမတ္တာဟာ ကိုယ့်အားနည်းချက်ကို ကိုယ်ကြည့်ပြီး ကုသိုလ်တွေ နေ့ရော ညရော ဖိပြုပစ်လိုက်ရင် စိတ်ဆင်းရဲနေရတော့မှာ မဟုတ်တော့ပါဘူး။ တစ်ဆင့်တက်ပြီး ၀ိပဿနာတရားတွေ ရှုမှတ်အားထုတ်ပစ်လိုက်မယ်ဆိုရင်တော့ စိတ်ချမ်းသာသထက် စိတ်ချမ်းသာတဲ့ အမြင့်တစ်ခုဆီကို ရောက်သွားရမှာပါ။
…တကယ်တော့ အခက်အခဲကို ကုသိုလ်နဲ့ဖြေရှင်းရမှာကို အကုသိုလ်နဲ့ သွားဖြေရှင်းလိုက်တဲ့အတွက် အဆင့်က ထပ်နိမ့်သွားရတာပါ။ လူမှာ နှစ်မျိုးရှိပါတယ်။ အက်ဆစ်လိုလူရယ်၊ ရေခဲတုံးလိုလူရယ်ပါ။
…အက်ဆစ်လိုလူက အစကတည်းက သူကိုယ်တိုင်က လောင်နေတာပါ။ ဒီတော့ သူ့ကို ဘယ်သူ သွားကိုင်ကိုင် ကိုင်တဲ့သူဟာ အလောင်ခံရမှာပါ။
…တစ်ချို့က စိတ်သဘောထား သိပ်ညံ့ပါတယ်။ အဲဒီလို စိတ်သဘောထားညံ့တဲ့သူနဲ့ ဆက်ဆံလိုက် ရပြီဆိုရင် နှစ်ရက်သုံးရက်လောက်ကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေ ဖြစ်သွားရတော့တာပါ။ ပြီးတော့ သူ့ကို အမှီပြုပြီး ကိုယ့်ရင်ထဲကို အကုသိုလ်တွေကလည်း အတုံးလိုက် အတစ်လိုက် ၀င်လာတော့တာပါ။ ဒီလိုလောင်တတ်တဲ့လူများကို အက်ဆစ်လိုလူလို့ ခေါ်ပါတယ်။
…ရေခဲတုံးလိုလူက အစကတည်းက သူကိုယ်တိုင်က အေးမြပြီးသားပါ။ ဒီတော့ သူ့ကို ဘယ်သူပဲကိုင်ကိုင် ကိုင်တဲ့သူ အေးမြရတာပါ။ တစ်ချို့က စိတ်သဘောထား သိပ်ပြီး မွန်မြတ်ပါတယ်။ အဲဒီလို စိတ်သဘောထားမြင့်မြတ်တဲ့သူနဲ့ ဆက်ဆံလိုက်ရပြီဆိုရင် တစ်ပတ်ဆယ်ရက်လောက် စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ရှိနေတော့တာပါ။ ပြီးတော့ သူ့ကို အမှီပြုပြီး ကိုယ့်ရင်ထဲကို ကုသိုလ်တွေလည်း ရောက်ရောက်လာရတော့တာပါ။ ဒီလိုလူမျိုးကျတော့ ရေခဲတုံးလိုလူပါ။
…ဒါက သူတစ်ပါးနဲ့ ဆက်ဆံနေရတဲ့အပိုင်းပါ။
…ကိုယ့်ကိုယ်ကိုယ်လည်း “ငါ အက်ဆစ်လိုလူလား၊ ရေခဲတုံးလိုလူလား” ဆိုတာ ပြန်ဆန်းစစ်ကြည့် ရမှာပါ။ တကယ်လို့ ကိုယ်က အက်ဆစ်ဖြစ်နေတယ်ဆိုရင် ပြန်ပြီးပြုပြင်ယူရမှာပါ။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် အက်ဆစ်ဖြစ်တယ်ဆိုတာ ပထမဆုံးလက်ခံနိုင်ဖို့ သိပ်အရေးကြီးပါတယ်။
…ကိုယ့်ကိုယ်ကိုယ် အက်ဆစ်ဖြစ်တယ်ဆိုတာ လက်ခံနိုင်မှ ပြုပြင်ယူလို့ရတာပါ။ တကယ်လို့ ကိုယ့်ရင်ထဲကို အက်ဆစ်ဖြစ်တဲ့ ဣဿာမစ္ဆရိယစတဲ့ တရားတွေဝင်လာပြီဆိုရင် “ငါအခု အက်ဆစ်ဖြစ်နေပြီ၊ ငါက ရေခဲတုံးဖြစ်ချင်တာ၊ ဒီတော့ ငါဟာ့  ဣဿာမစ္ဆရိယ မဖြစ်သင့်ဘူး” လို့ စိတ်ထဲက ကိုယ်နားလည်သလို ဆင်ခြင်လိုက်ရင်လည့်း  ဣဿာမစ္ဆရိယလေးတွေက လျော့ကျသွား တတ်ပါတယ်။ စိတ်နဲ့ဆင်ခြင်လို့မှ အားမရရင် မပျောက်ရင် ကိုယ့်အခန်းထဲဝင်ပြီး ဒါမှမဟုတ် ရေချိုးခန်းထဲ ၀င်ပြီး ခပ်တိုးတိုးလေး အသံထွက်ပြီး ဆင်ခြင်လို့ရပါတယ်။
…စာရေးသူကတော့ တစ်ခါတလေ အက်ဆစ်လေးတွေ ကိုယ့်ရင်ထဲကို ၀င်လာတဲ့အခါ အနားမှာလည်း လူမရှိဘူးဆိုရင် အသံလေးထွက်ပြီး ဆင်ခြင်ပစ်လိုက်ပါတယ်။ တကယ်လို့ အနားမှာ လူရှိနေတယ်ဆိုရင်တော့ ရေချိုးခန်းထဲသွားပြီး ကိုယ့်နှလုံးသားလေးဆီကို စိတ်ကလေးကို တည့်တည့် စိုက်ချပြီး အသံထွက် ဆင်ခြင်ပေးလိုက်ပါတယ်။ ဘေးလူမမြင်တာ၊ မကြားတာဆိုတော့ ဘာမှလည်း ရှက်စရာ မလိုတော့ပါဘူး။
…ကိုယ်က ဖြစ်ပေါ်လာတဲ့အကုသိုလ်ကို အဆင့်မြင့်မြင့်လေး ပယ်ထုတ်ချင်တယ်ဆိုရင်တော့ ၀ိပဿနာ ရှုမှတ်ပြီး ပယ်ထုတ်လိုက်ဖို့ပါ။ ဒါပေမယ့် လူတိုင်းဝိပဿနာကို အားမထုတ်ဖူးသေးတာ ဆိုတော့ လူတိုင်း ၀ိပဿနာနဲ့ ပယ်ဖို့ကျတော့ ခက်သွားရပြန်ပါတယ်။ ဒါကြောင့် ဆင်ခြင်ပြီး ပယ်လို့လည်း ရပါတယ်။
…စိတ်ဆိုတာ ပြုပြင်ပြောင်းလဲယူလို့ လွယ်ကူပါတယ်။ ကိုယ်က ပြုပြင်ချင်တဲ့စိတ်ရှိဖို့ပဲ အရေးကြီးတာပါ။ တကယ်သေချာစဉ်းစားကြည့်ရင် အက်ဆစ်လို ပုဂ္ဂိုလ်ကို ဘယ်သူမှ မဆက်ဆံ ချင်ကြပါဘူး။ ဒီသဘောလေးကို အာရုံပြုပြီး ကိုယ်က အက်ဆစ်မဖြစ်အောင် အထူး သတိထားရပါမယ်။ အက်ဆစ်ဖြစ်တယ်ဆိုရင်လည်း အမြန်ဆုံး ပြုပြင်ပြောင်းလဲယူနိုင်ရပါမယ်။
…ဂုဏ်တော်ရယ်၊ မေတ္တာရယ်၊ ၀ိပဿနာရယ် သုံးမျိုးကို နေ့တိုင်းလေး ပွားဖို့သွားနိုင်တယ်ဆိုရင်တော့ မကြာခင်အချိန်အတွင်းမှာ အက်ဆစ်ကနေ ရေခဲတုံးပြန်ဖြစ်သွားနိုင်ပါတယ်။ ရေခဲတုံးအဖြစ် ပြုပြင်ပြောင်းလဲဖို့ ဂုဏ်တော်ရယ်၊ မေတ္တာရယ်၊ ၀ိပဿနာရယ်မှာ အစွမ်းသတ္တိကိုယ်စီ အပြည့်ရှိနေလို့ပါ။
…ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ၀ိပဿနာကို  ငါးမိနစ်။ တစ်နေ့ကို ဆယ့်ငါးမိနစ်လောက်လေး နေ့စဉ်ပွ7]gCုရင်ပဲ မဆိုးပါဘူး။ ကိုယ့်ရင်ထဲမှာ ဂုဏ်တော်ရယ်၊ မေတ္တာရယ်၊ ၀ိပဿနာရယ် ရောက်လာပြီဆိုရင် အက်ဆစ်ဖြစ်တဲ့ ဣဿာမစ္ဆရိယ စတဲ့ အကုသိုလ်တရားတွေဟာ  ထွက်ပေးရတော့တာပါ။
…ပွားစမှာတော့ ချက်ချင်း ရေခဲတုံး မဖြစ်နိုင်သေးပါဘူး။ ကိုယ့်စိတ်ကလေးကို တရားသုံးမျိုးနဲ့ ထုံပါများများလာရင် အကုသိုလ်တွေက ၀င်ခွင့်မသာတော့တဲ့ သဘောပါ။ ကိုယ်ရင်ထဲကနေ  ဣဿာမစ္ဆရိယစတဲ့ တရားတွေထွက်သွားပြီဆိုရင် ပထမဆုံးအကျိုးက သိပ်ပြီးစိတ်ချမ်းသာ ရတော့တာပါ။
…ကိုယ့်ကိုယ်ကိုယ် တကယ်စိတ်ချမ်းသာချင်တယ်ဆိုရင် ရင်ထဲမှာရှိနေတဲ့ အက်ဆစ်တွေကို ထုတ်ပစ်ဖို့ပါ။ ဘာပဲပြောပြော ကိုယ့်ရင်ထဲမှာ အက်ဆစ်တွေ ထွက်သွားပြီးေ﷿8N_်လာပြီဆိုရင် ကိုယ်လည်း စိတ်ချမ်းသာရသလို ကိုယ်နဲ့ဆက်ဆံနေရတဲ့သူတွေလည်း စိတ်ချမ်းသာရတော့တာပါပဲလေ…..။
ရဝေနွယ် ( အင်းမ )
အလင်းတန်းမှ မျှဝေပေးပါသည်။
Source:http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:116490

1 comment:

  1. အိမ်ကကျားက အက်ဆစ်မလိုဘူးတဲ့ . . သံလျင်ကျောင်းဝန်းသိုက်စောင့်.မြွေကိုခေါင်းဖြတ်သတ်ပြီးချက်စားထားလို့တဲ့ ကာဏဂေါတမက မကျေဘူးတဲ့ဘုရား. . .စစ်လေယာဉ်က အလကားပေးပါ့မယ်ရွေးလိုက်ဆိုတာတောင် ရွေးပေးလို့မရဘူး အက်ဆစ်ရွေးရင် တပည့်တော်ကို မြွေမြိုမှာဘုရား. . .အရှင်ဘုရားတို့ ကမ္ဘာကျော်မမတပည့်ဘ၀က သိုက်မြွေမှ လုပ်မိထားတာ အခုထိ ဟိုကမကျွတ်ဘူး...အရှင်ဘုရားခေါ်မေးကြည့်ပါလား...နည်းအမျိုးမျိုးနဲ့လာခြောက်ပြီး ပြောပေးခိုင်းပြီးပြီ...မကယ်နိုင်ဘူး . . .သူအပြစ်နဲ့သူ. . . ဒီတော့ရေခဲတုံးပဲကောင်းပါတယ်....
    ကောင်းပါတယ်. . .

    ReplyDelete