Sunday, September 30, 2012

အိပ်ရေးမ၀ခြင်းကြောင့် လေဖြတ်နိုင်..........



အိပ်ချိန်ခြောက်နာရီထက်လျော့နည်း၍ အိပ်စက်သူတို့သည် လေဖြတ်ဝေဒနာဘေးဥပဒက်ကို လေးဆတိုးပွားစေနိုင်သည်ဟု မကြာသေးမီက လေ့လာဆန်းစစ်မှုတွင် ဖော်ပြခဲ့သည်။

'ယောင်္ကျားတို့ရဲ့ အချစ်'


သူမတို့ သူငယ်ချင်းသုံးယောက် ပြန်ဆုံချိန်မှာ ပြောဖြစ်တဲ့အကြောင်းအရာကတော့ သူမတို့ရဲ့ ယောက်ျားများအကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်သူမှ မကွယ်ဝှက်ကြေး၊ ဟန်မဆောင်ကြေး၊ အကြွားမသန်ကြေး ပြောဖြစ်ကြတယ် ဆိုပါတော့....။ သူမတို့သုံးယောက်ဟာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာကိုး....။

''အကျီင်္လှလှလေး ဝတ်ဖို့ Emergency ၇ရက်အတွင်း ၀ိတ်ချနည်း''

သူငယ်ချင်း မင်္ဂလာဆောင်သွားစရာ ရှိလို့၊ ညစာစားပွဲ သွားရမှာမို့ အရေးပေါ် ၁ပတ်အတွင်း ၀ိတ်ချချင်ရင် အလုပ်ဖြစ်တဲ့ နည်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။ ဂေါ်ဖီထုပ်ဟင်းချို ချက်နည်းလေးပါ။ ဒီနည်းကရေရှည် ၀ိတ်ချချင်သူအတွက်တော့

အသက်ရည်ရှည်နေချင်ရင် ဆေးလိပ်သောက်တာလျှော့....


ယခင်က ဆေးလိပ်သောက်ခဲ့ပြီး ယခုဆေးလိပ်ဖြတ်လိုက်သူတွေဟာ ဆေးလိပ်မဖြတ်ဘဲ ဆက်လက်သောက်သုံးနေသူတွေထက် ပိုမိုအသက်ရှည်ကြောင်း လေ့လာမှု၁၇ခုအရ သိရပါတယ်။ အသက်၆၀နဲ့အထက် ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက်

သူငယ်ချင်း...


ဝ သူငယ်ချင်း...
     တစ်ယောက် လက်ကို တစ်ယောက်တွဲလို့... ငါတို့တွေ ကျောင်းအတူတူ တတ်ခဲ့ဘူးတယ်....
    မင်းမသိတာတွေ ဆိုငါကူဖြေရှင်း ပေးလို့ပေါ့..ငါမသိတာတွေဆို မင်းကကူညီဖြေ ရှင်းပေးလို့...
    တစ်ယောက်ကို တစ်ယောက် ကူညီလို့ အဖြူအစိတ်းလေး နဲ့ အချိန်ကာ လများစွာကို ဖြတ်ကျော်ခဲ့တယ်....။

Friday, September 28, 2012

ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ ချက် .....................


ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင် လိုက်ပါ။

Thursday, September 27, 2012

ဓါရဏပရိတ်ရွတ်ဖတ်ခြင်းအကျိုး.....

ကျွန်မမနက်ဆိုရင်ဘုရားရှိခိုး ပရိတ်ရွတ်ပြီးမြတ်စွာဘုရားရှင်ကိုပူဇော်ပြီးမှကျွန်မအလုပ်ကိုသွားလေ့ရှိတယ်
တစ်နေ့ကျွန်မလုပ်ကိစ္စနဲ့အပြင်ထွက်ခဲ့ရတယ်

Wednesday, September 26, 2012

အမေ...........




အမေ…… အမေ့အရိပ်အေးချမ်းခြင်းကို
ခွဲခွါနေမှပိုသတိရ

အမေ…… အမေ့ရင်ခွင်နွေးထွေးခြင်းကို
အဝေးရောက်ခါမှပိုလွမ်းရ

Tuesday, September 25, 2012

ချစ်သူဆိုတာဘာလဲ.........



ချစ်သူဆိုတာ ?
အချစ်ဆိုတာ ၇ကြိမ်ဖူးပွင့်နိုင်တယ်လို့ အနောက် တိုင်းပညာရှင်တွေက
ဆိုဖူးတယ်။တချို့ကလည်း လူတစ်ယောက်ဟာ အချစ်နဲ့ပတ်သတ်ပြီး အသက်အရွယ်အလိုက်
သုံးကြိမ်သုံးမျိုး ဖူးပွင့်နိုင် တယ်လို့
ဆိုတယ်။ဘယ်လိုပဲဆိုပါစေလေ...။

ကျန်းမာရေး နှင်.ပါတ်သတ်သော ဗဟုသုတများ..........


ပျော်၇ွှင်ကျန်းမာခြင်းကို အထောက်အကူပေးမည့်လွယ်ကူ၇ိုး၇ှင်းသော နည်းလမ်းလေးများ
ကျန်းမာခြင်းသည် ချမ်းသာခြင်းပင်ဖြစ်ပါသည်။ လူတိုင်းမိမိဧ။်၇ည်မှန်းချက် ပန်းတိုင်းများေ၇ာက်အောင်လှမ်းဖို့ အတွက် မ၇ှိမဖြစ်လိုအပ်သောအ၇ာများထဲတွင် ကျန်းမာခြင်း ပာူသည်ေ၇ှ့ဆုံးကပါဝင်နေမည်ထင်ပါသည်။

“ပေါ့စတစ်အတွေးနဲ့ စိတ်ချမ်းသာမှု” ရဝေနွယ် (အင်းမ)


မြတ်စွာဘုရား လက်ထက်တော်က ဒန္တိကာဆိုတဲ့ အမျိုးသမီးလေး တစ်ယောက်ရှိခဲ့ဖူးပါတယ်။
ဒန္တိကာ အရွယ်ရောက်တဲ့ အချိန်မှာပဲ အနာထပိဏ် သူဌေးကြီးရဲ့ ဇေတဝန်ကျောင်း ရေစက်ချ
အလှုပွဲကြီးနဲ့ ကြုံလိုက်ရပါတယ်။ အဲဒီကျောင်း ရေစက်ချပွဲကြီးကိုကြည့်ပြီး သာသနာ့ဘောင်ကို
ဝင်ချင်တဲ့ စိတ်စဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်း မဝင်နိုင်ခဲ့ပါဘူး။

ဝိပဿနာ အကျိုးကြီးမားပုံ …


မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ်အခါ၌ ကျောင်းဒါယကာကြီး အနာထပိဏ် သူဌေးအား အလှူဒါနနှင့် ပတ်သက်၍ ဝေလာမသုတ်တရားတော်ကို မိန်.တော်မူသည်။

Monday, September 24, 2012

***‌ကောသလမင်းအိပ်မက်(၁၆)ချက်.***


(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။ နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

ငရုတ်ကောင်း၏ ဆေးဖက်ဝင်အာနိသင်များ............


ငရုတ်ကောင်း၏ ဆေးဖက်ဝင်အာနိသင်များကျန်းမာရေး ကောင်းဖို့ရာ အတွက် “မိုးမှာ ပိတ်ချင်း၊ နွေမှာ ချင်း (ဂျင်း)၊ ဆောင်းတွင်း ငရုတ်ကောင်း” ဆိုတဲ့ ဆိုရိုးတစ်ခု ရှိပါတယ်။ လူအတော်များများဟာ ငရုတ်ကောင်းရဲ့ ဆေးဖက်ဝင်ပုံကို မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ ငရုတ်ကောင်းမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်၊ ဘက်တီးရီးယားဆန့်ကျင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုနဲ့ ကင်ဆာ ဆန့်ကျင်တဲ့အစွမ်းတို့ ပါဝင်နေပါတယ်။ ငရုတ်ကောင်းမှာ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တို့ များစွာ ပါဝင်နေတာကြောင့် အောက်ပါအကျိုးကျေးဇူးတို့ကို ရရှိနိုင်ပါတယ်။

ရေနွေးကြမ်းနှင်.ကျန်းမာရေး.......


Heart Attacks And Drinking Warm Water
(ရေနွေးကြမ်း နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်း)
This is a very good article. Not only about the warm water after your meal,
but about Heart Attacks . The Chinese and Japanese drink hot tea with
their meals, not cold water, maybe it is time we adopt their drinking
habit while eating.

Sunday, September 23, 2012

ကွန်ပျူတာသုံးစွဲသူတွေအတွက် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာ


လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးထိခိုက်မှု မရှိအောင် ဆောင်ရွက်မှုဟာ အရေးကြီးပါတယ်။ ကာယလုပ်သားတွေ၊ စက်ရုံဝန်ထမ်းတွေမှ
မဟုတ်ပါဘူး။ လုပ်ငန်းခွင်အန္တရာယ် သိပ်မရှိလှဘူးလို့ ထင်ရတဲ့
ဉာဏလုပ်သားတွေထဲမှာလည်း မထင်မှတ်ဘဲ ကျန်းမာရေးထိခိုက်ဆိုးဝါးတာမျိုး
ဖြစ်စေတတ်ပါတယ်။

မောင်စိန်ဝင်းပုတီးကုန်းရဲ့ ကဗျာလေးပါ...........


တစ်ခုခုကြောင့်
သူ့ကို မလှည့်စားခဲ့ပါ ဘုရား …
စ တွေ့သည်မှ ၊ပစ္စက္ခထိ
သူပါပဲကွယ် ၊ဘယ်မှာရှိရှိ

"ရွှေရင်စို့"



ကလေးရေ..
တောအုပ်ကိုဖြတ်ကျော်ပြီးရင်..
ရှေ့မှာ
တောင်တန်းတွေရှိတယ်
တောင်တွေရဲ့ဟိုဖက်မှာတော့
ပင်လင်ပြင်ကြီးရှိပေတယ်၊

Thursday, September 20, 2012

မိဘဟူသည်


ကြွေးရှင်မည်၏။
မိဘမေတ္တာ ၊ ရွှေနှင့်တင်စား
လိုက်ကားမမှီ ၊ ပတ္တမြားရည်
သည်ရာမမှန်း ၊ သွမ်းလို့ရွှင်သည်
ဘယ်အရာမျှ ၊ နှိုင်းမရ ။

သင့်အွန်လိုင်းမိတ်ဆွေကို အကောင်းအဆိုး ဘယ်လို ဆန်းစစ်ကြည့်မလဲ ?


နင် အထီးကျန်ဖြစ်ဘူးလား။ တစ်ယောက်ယောက်နဲ့ စကားတစ်ခုခုလောက် ပြောလိုက်ချင်စိတ်တွေ ပေါ်ဘူးမှာပေါ့။ ဒါဆို အွန်လိုင်းပေါ်က နင့်စကားကို နားထောင်ပေးမဲ့သူ၊ ကူပီး ခံစားပေးမဲ့သူ တစ်ဦးဦးကို ရှာကြည့်ချင်မှာပဲ။ အွန်လိုင်းမှာက ချတ်ရွန်းတွေ၊ IM တွေကအစ ကမ္ဘာအနှံ့က သူတွေနဲ့ ပေးဆုံတွေ့နိုင်တဲ့ ဆားဗစ်တွေ အပုံအပင်ကိုး...အွန်လိုင်းပေါ်ကနေ အလွန်လွယ်ကူစွာ တစ်ဦးဦးနဲ့ ခင်မင်နိုင် ပီးတော့ ပိုပြီး ရင်းရင်းနှီးနှီး အကျွမ်းဝင်စေနိုင်တယ်လေ...

ဘာပဲဖြစ်ဖြစ် နင် သူ့အာဝဇွန်းမမိခင်၊ သူလှည့်ဖျားတာ

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်


ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

Wednesday, September 19, 2012

စိတ်ချမ်းသာချင်ရင် စိတ်အကြောင်းကို သိမှဖြစ်မယ်...(ဆရာတော်ဦးဇောတိက)

တချို.ကပြောတယ်၊ တပည်.တော်တို. တရားအားထုတ်တဲ.အခါမှာ၊ ဟိုတွေးဒီတွေး အလွန်ပေါတယ်ဘုရားတဲ.။ လောဘတွေက သိပ်များတာပဲ၊ ဒီလောဘတွေကို ဖြတ်နိုင်မှ တရားအားထုတ်လို.ရမှာလို. ပြောကြတယ်။ လောဘကို ဖြတ်နိုင်မှ တ
ရားအားထုတ်လို. ဖြစ်မယ်ဆိုရင်တော. တရားအားထုတ်လို. ဘယ်တော.မှ ဖြစ်မှာ မဟုတ်တော.ဘူး။ လောဘဟာ သူ.အလိုလို ပြတ်ဖို.ရာ အကြောင်းမရှိဘူး။ သူ.ရဲ. သဘောသဘာဝတွေကို သိရင်း သိရင်းနဲ. အသိဥာဏ်ရင်.ကျက်လာပြီး တဖြည်းဖြည်း သူ.ဟာသူ အားနည်းသွားတာပါပဲ။ အဲဒီတော. သူ.ရဲ. သဘောသဘာဝတွေကို သိဖို.က အင်မတန်အရေးကြီးပါတယ်။

ရေခဲရေ သို့မဟုတ် အဆိပ် သောက်နေကြသူများ





လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူး ပေးလိုက်ရာ တစ်ရှိန်ထိုး မော့ချလိုက်ပြီ

းနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။

Tuesday, September 18, 2012

မျောလွင့်သွားတဲ့ "ရိုးသားဖြောင့်မတ်ခြင်း"


"တော်ထက်"တဲ့လူတစ်ယောက်က "ရိုးသားဖြောင့်မတ်ခြင်း"ကို ရေထဲလွှတ်ချစွန့်ပစ်ခဲ့တယ်။ "ရိုးသားဖြောင့်မတ်ခြင်း"ဟာ ကူးရင်းခတ်ရင်း ကျွန်းငယ်လေးတစ်ခုပေါ် ရောက်လာခဲ့တယ်။ "ရိုးသားဖြောင့်မတ်ခြင်း"ဟာ သဲသောင်ပြင်မှာ
အနားယူရင်း တစ်ယောက်ယောက်လာရင် အကူအညီတောင်းဖို့ စောင့်နေခဲ့တယ်။

ကင်ဆာရောဂါအတွက်...........


ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ
စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး
အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ်။

ကွန်ပျူတာပြုပြင်ရန်စဉ်းစားနိုင်သည့်အချက်များ(ကိုစံငြိမ်း)
Download Here

Monday, September 17, 2012


မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ထေရုပ္ပတ္တိနှင့်ကျင့်စဉ်လေးပါ
                     Download Here

ရ‌ဝေ‌နွေ(အင်းမ)
စိတ်ညစ်ရင်ရေချိုးပါ..............
Download Here

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ.…


(ကောင်းလွန်လို့  နေတိုင်းတောင် စားသင့်ပါသည်လို့ အကြံပြုပါသည် )
သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန် စွန်းရွက်ချည်ရည်ဟင်း စသဖြင့်
ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ
“ဒီနေ့ လည်း ကန်စွန်းရွက်ပဲလား ကွာ” ဆိုပြီး မညည်း တွားလိုက်ပါနဲ့။

ဘ၀မှာ အချိန်တစ်နာ၇ီလောက်ပိုအိပ်ရင် ဘာတွေပြောင်းလဲနိုင်သလဲ


ကျွမ်းကျင်သူတွေကတော့ ဘဝ မှာအချိန်တစ်နာရီ ပိုအိပ်ရုံဖြင့် ပြောင်း လဲနိုင်တာတွေဟာ အများကြီးပါလို့ ဖြေခဲ့ပါတယ်။ အချိန်တစ်နာရီပို၍ အိပ်စက်ရုံဖြင့် သင့်ရဲ့ကျန်းမာရေး၊ ကိုယ်အလေးချိန် ၊အိမ်ထောင်ရေးသာ ယာမှုတို့အပေါ် သက်ရောက်မှုရှိပါ တယ်။ တကယ်လို့သင့်ရဲ့အချိန်ဟာ (၇)နာရီနဲ့ (၈)နာရီအောက်ရောက်နေ ရင်တော့အောက်မှာကွန်ပျူတာစော စောပိတ်ပြီး   စောစောအိပ်သင့်တဲ့အ ကြောင်းပြချက် (၉)မျိုးကိုဖော်ပြလိုက် ပါတယ်။

Sunday, September 16, 2012

ရေတစ်စက်လောက် သောက်ပါရစေ သားရယ်...

  
 .“..မင်းအမေဗိုက်အောင့်လို့ဆေးရုံတင်ရတယ်”


သူငယ်ချင်းစကားသံကကျနော့နားထဲသို့ဆောင့်၍၀င်လာသည်။ကျနော်လ္ဘက်ရည်ဘိုးကိုရှင်းပြီး
ဆေးရုံသို့စက်ဘီးကို  သွန်နင်းသွားခဲ့၏။ကျနော်ဆေးရုံထဲရောက်တော့မြို.နယ်ဆရာဝန်ကြီးက
အမေ့ကိုစမ်းသပ်နေသည်ကိုတွေ့လိုက်ရသည်။
            “နာနေတာကောင်းသွားမယ်နော်..ဟုတ်လား ..”

Virus ၀င်ရောက်မှု အန္တရာယ်မှ ရာနှုန်း ပြည့်နီးပါးကာကွယ်နိုင်AUTORUN ပြုပြင်နည်း


Removal Devices များမှ Virus များ Computer အတွင်းသို့ဝင်ရောက်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါ ၍ အောက်ပါအချက်အနည်းငယ်ကိုလိုက်နာရုံဖြင့်မိမိတန်ဖိုးရှိလှစွာသော ကွန်ပြူတာလေးအား  Virus ၀င်ရောက်မှု အန္တရာယ်မှ ရာနှုန်း ပြည့်နီးပါးကာကွယ်နိုင်မည်ဖြစ်ပါသည်။

ဦးစွာ အားဖြင့် စကားခံရန်ရှိသည်မှာ ကျွန်တော်သည် Microsoft Platform ဖြစ်သော Microsoft Window XP အားဦးတည် အဓိက ထား၍ရေးသားပါသည်။

မိမိတို့ Gmail ထဲကမှားဖျက်လိုက်တယ်... trash မှာလည်မတွေ့တော့ ဘူး... ဘယ်လိုမှပြန်ရှာမရတော့လျှင်




လွယ်ပါတယ်
ပထမဆုံးအနေနဲ အသစ်ဖွင့်ထားတဲ့ gmail ကို ဖွင့်လိုက်ပါ

(1)(နောက်ပြီးတော့ setting ကို သွားပါ.....

အချစ်နဲ့လိင်........


2011 ခုနှစ်တုန်းကအကိုတယောက်တင်ထားတဲ့ Note လေးပါအရမ်းကြိုက်လို့ပြန်တင်ပေးလိုက်ပါတယ် ။။။အချစ်ဟာ ဘ၀အတွက် အဓိက လိုအပ်ချက်မဟုတ်ပေမဲ့ အချစ်မရှိရင်ဘ၀မှာပျော်ရွှင်မှုဆိုတာတွေလည်း ပျောက်ဆုံးကုန်ရော။ အချစ်နဲ့ပတ်သက်လာရင် လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြတယ်။ ထင်မြင်ချက် ကိုယ်စီလည်း ရှိကြပါတယ်။ ကျနော်အခုပြောပြချင်တာက ဘာလို့ ယောကျာ်းလေးမိန်းကလေး   တော်တော်များများဟာ ချစ်သူတစ်ဦးတည်းကို တသက်လုံး ဘာလို့မချစ်နိုင်တဲ့အပေါ် သုံးသပ်ကြည့်မိတဲ့ အကြောင်းအရာတွေပါ။ ဖောက်ပြန်ကြတယ်ဆိုတဲ့အသံတွေကို နေရာတိုင်းမှာကြားနေရတယ်။

Friday, September 14, 2012

*ပူသည့်မျက်နှာ မှ အေးသည့်မျက်နှာသို့*


မျက်နှာ က သုံးမျိုးရှိပါတယ်။ ပူသည့် မျက်နှာရယ်၊ အေးသည့် မျက်နှာရယ် မပူမအေး မျက်နှာ ရယ်ပါ ။ တစ်ချို့များ မျက်နှာ မြင်လိုက် ရရင်ပဲ သူ့မျက်နှာမှာ အအေးဓတ်က အထင်းသား ပေါ်နေတာပါ။ မျက်နှာက ကြည်နေတာပါ။  သူတင်လား ဆိုတော့ မဟုတ်ပါဘူး။ မြင်ရတဲ့ သူရဲ့ရင်ကို အေးသွားတာပါ။ ကုသိုလ်တွေ ရင်ထဲမှာ ပြည့်နေမယ်၊ စိတ်ထား လေးတွေကောင်း နေမယ်ဆိုရင် အေးတဲ့ မျက်နှာကို ရနေတာပါ။

တစ်ချို့ ကျတော့ မျက်နှာမြင်လိုက် ရတာနဲ့ သူ့မျက်နှာ မှာ အပူဓတ်က အထင်းသား ပေါ်နေတာပါ။ မြင်ရတဲ့သူ ရင်ထဲကို တောင် ပူချင်ပူ သွားတာပါ။

Thursday, September 13, 2012

အပန်းဖြေခရီးထွက်ခြင်းက ကျန်းမာရေးကိုဘယ်လိုအကျိုးပြုနိုင်လဲ .


၁။ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ပေးတယ်။

အလုပ်ကိစ္စတွေ၊ အိမ်ကိစ္စတွေ အားလုံးကို ချန်ထားပြီး စိတ်ပူစရာ၊ ခေါင်းရှုပ်စရာကိစ္စတွေကနေ ဦးနှောက်ကို အနားပေးလိုက်ခြင်းရဲ့ ပထမဆုံးအကျိုးကျေးဇူးကတော့စိတ်ဖိစီးမှုတွေ   လျော့နည်း လာခြင်းပါပဲ။  လေ့လာမှုများစွာအရ ရောဂါဝေဒနာတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါများ၊ ကင်ဆာနဲ့ ရောဂါ ခုခံအားနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါများစတဲ့ ရောဂါများစွာဟာ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိ ရပါတယ်။ စိတ်ဖိစီးမှုမှ ဖြေလျှော့ခြင်းဟာ ဘ၀မှာ ပိုနေပျော်လာပြီး အားအင်တွေရရှိစေကာ အရင်က ဖြေရှင်းရခက်ခဲတယ်လို့ထင်ခဲ့တဲ့ ပြဿနာတွေအတွက် လွယ်ကူရိုးရှင်းတဲ့ ဖြေရှင်းချက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

ဦးနှောက်ကို ထိခိုက်ပျက်စီးစေသော အမူအကျင့် ( ၉ ) ချက်


*နံနက်စာ မစားသုံးခြင်း။*
နံနက်စာ မစားတဲ့သူတွေ ဟာ သွေးထဲမှာ သကြားဓာတ်ပမာဏနည်းပါးတတ်ပါတယ်။သကြားဓာတ်
ပမာဏ နည်း လို့ ဦးနှောက်ကို လုံလောက်တဲ့ အဟာရ မပံ့ပိုးပေးနိုင်လို့
ဦးနှောက်ကို ယို

ယွင်းစေပါတယ်။
*
**အစားအလွန်အကျွံစားသုံးခြင်း။*
အစာကို အလွန် အကျွံစားသုံးတဲ့အခါ ဦးနှောက်သွေးလွတ်ကြောကို မာစေပြီး
စိတ်စွမ်းအားကို လျော့ကျ စေပါ တယ်။
*
**ဆေးလိပ်သောက်ခြင်း။*
ဦးနှောက်ကို ကျုံစေလို့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေတတ်ပါတယ်။

Wednesday, September 12, 2012

ကိုယ်အလေးချိန်တက်စေသော အံ့အားသင့်ဖွယ်ရာ အကြောင်းငါးရပ်


ကိုယ်အလေးချိန်တက်လာတဲ့အခါ အစားများတာ၊ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမလုပ်တာနဲ့ အဆီအအိမ့်နဲ့ အချိုမှုန့်တွေ စားတာတွေကြောင့်လို့ပဲ ထင်မြင်တတ် ကြပါတယ်။ တချို့လူတွေကျတော့ ဒီအလေ့အထမလုပ်မိဘဲ ကိုယ်အလေးချိန် တက်လာတဲ့အခါ အကြောင်းရင်းရှာမရဘဲ စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သင်မသိသေးတဲ့ ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းငါးရပ်ကို ဖော်ပြပေးလိုက်ပါတယ်။


၁။ စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဟာ အစာစားဖြစ်အောင် တွန်းအားပေးပါတယ်။ အကြာကြီး စိတ်ဖိစီးမှုဒဏ်ခံရရင် ခန္ဓာကိုယ်ကနေ ကော်တီဇုန်းနဲ့ အင်ဆူလင် ထုတ်လုပ်မှု တိုးလာပါတော့တယ်။ အဲဒီအခါ အစာစားချင်တဲ့ ဆန္ဒများလာပြီး ကယ်လိုရီများတဲ့ အစာတွေကိုသာ ရွေးစားမိတတ်ပါတယ်။

Tuesday, September 11, 2012

ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ

Photo: ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ 

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ ကမောက်ကမဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများပိုမိုဖြစ်တတ်သည်။ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။ ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင် နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။ လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။ည ၉-နာရီ မှ နံနက်၃-နာရီ    = ခန္ဓာကိုယ်အားဖြည့်ချိန် ည ၉-နာရီ မှ ည ၁၁-နာရီ     = ရောဂါခုခံကာကွယ်စနစ်အချိန် (အလယ်တန်းအောက်ကလေးသူငယ်များသည် ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင် အိပ်နိုင်လျှင်ကောင်း၏)ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန် နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန် နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန် (ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊ သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့် အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)
နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန် နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန် နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန် (ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန် (နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါ လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန် (ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန် ည ၇-နာရီမှ ည ၉-နာရီ   = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန် (ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)
စာကိုး။     ။ လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ (ပါမောက္ခ ဒေါ်ခင်ဖြူ)
မြတ်မင်္ဂလာစာစောင် အတွဲ-၂၅၊အမှတ်-၁၊ ၂၀၀၉ခုနှစ်၊ ဇူလိုင်လ မှ ကောက်နုတ်ဖေါ်ပြသည်။
                            သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ ကမောက်ကမဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါမျာ
းပိုမိုဖြစ်တတ်သည်။ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။

Laptop ဝယ်လျှင် သိထားသင့်သော အကြောင်းအရာများ

 laptop တစ်လုံးဝယ်တာဟာ မိုင်းကွင်းထဲမှာ ကွင်းရှောင်ရတာလောက်တော့ မခက်ခဲပါဘူး။ ဒါပေမဲ့ ဒီ Laptop နဲ့ ဘာလုပ်မှာလဲဆိုတဲ့ အသိလောက်တော့ ရှိဖို့လိုပါတယ်။ ဒါကြောင့် အလွယ်တကူ နားလည်နိုင်မယ့် လမ်းညွှန်းချက်လေးတွေကို ရေးဖြစ်ပါတယ်။ ဒါဆိုရင် Laptop တစ်လုံးကို ယုံကြည်ချက်အပြည့်နဲ့ ဝယ်နိုင်ပါပြီ။

သဘောကောင်းသထက် ကောင်းစေဖို့





ပျော်ရွှင်ချမ်းမြေ့ပြီး ပြီးပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ အဓိက လိုအပ်ချက်ကတော့ ကောင်းမွန်တဲ့ စိတ်ထားရှိဖို့ပါပဲ။  ကြင်နာမှုကို ကိုယ်က ပြုလိုက်တာပဲဖြစ်ဖြစ်၊ ကိုယ်က လက်ခံရရှိရင်ပဲ ဖြစ်ဖြစ် ဘဝမှာ ပိုပြီးနေပျော်လာကာ ပိုနွေးထွေး လုံခြုံလာပါတယ်။ ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်လာကာ အရာရာကို အကောင်းမြင် လာတတ်ကြပါတယ်။ သဘောကောင်းတဲ့သူဟာ အပေါင်းအသင်း ပေါပြီး လူချစ်လူခင်များကာ အကူအညီလိုပါက ကိုယ့်ကို ပြန်ကူညီမယ့်သူ မရှားပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်လည်း ရှိနေတတ်ပါတယ်။ သဘောကောင်းခြင်းဟာ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးမှာလည်း အလွန်ပဲ အရေးကြီးပါတယ်။ လူအတော်များများဟာ ဘဝမှာ ကြင်နာမှုကို ငတ်မွတ်နေကြပေမယ့် သူတို့ ကိုယ်တိုင်ကျတော့ သူများတကာကို ကြင်နာမှု မပြတတ်ကြပါဘူး။ ဒါကြောင့် ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝကို ရရှိဖို့ ကြင်နာမှုကို ဘယ်လိုပြရမလဲဆိုတဲ့နည်း တချို့ကို ဖော်ပြလိုက်ရပါတယ်။

Friday, September 7, 2012

အပျိုစင် ...........

ကျွန်မနဲ့သူက ချစ်သူတွေပေါ့......
လက်ဖက်ရည်ကြိုက်တတ်တဲ့ကျွန်မက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ပူပူလေး
သောက်ရတာကိုနှစ်သက်ပါတယ်။ အဲဒီအခါသူပြောလေ့ရှိတာကတော့ " မင်းကွာ...
အပျိုလေးတန်မဲ့ ဆိုင်ထိုင်ရသလားတဲ့ " ။

ကျွန်မအော်ရယ်ပစ်လိုက်မိတယ်၊ လူတွေရှေ့မှာ ထိုင်သောက်ဖို့ သင့်တော်တဲ့
ဆိုင်မှာ ရိုးသားတဲ့အရည်ကို ရိုးသားစွာသောက်နေတာပါရှင်။ ဒါပေမယ့် မဖြေရှင်းတော့
ပါဘူး၊ ကိုယ်မှန်တယ်ထင်ရင်မဖြေရှင်း

ဘဲ ရွေးတဲ့လမ်းကိုဖြောင့်အောင်လျှေ
ာက်တတ်တာ
ကျွန်မအကျင့်ကိုး။