Friday, October 19, 2012

သူငယ်ချင်းနွယ်လေးအတွက်ဂျူးရဲ့ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ.......


“သူတို့စောင့်ရှောက်သော်ငြား
ကိုယ်ငရဲရောက်နိုင်သား”
ကြယ်တွေကို မော့ကြည့်ကာပင်
ကိုယ်တရေးရေးသိမြင်။

မြေပေါ်မှာဖြင့်
အနည်းဆုံးတော့ လျစ်လျူရှုသင့်
လူ သို့မဟုတ် တိရစ္ဆာန်ကို
ကိုယ်တို့ ကြောက်ရမယ်ထင့်။
ကြယ်ဆိုတာက ကိုယ့်တို့အတွက် လောင်ကျွမ်းနေရ။
ကိုယ်တို့က  ဘာမှ ပြန်မပေးနိုင်ဘူးဆိုပါရင်၊
ဒါမျိုးဟာ ကောင်းရဲ့လား။
ချစ်ခြင်းမတူနိုင်သော်မှဖြင့်
ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ။
အပြစ်မတင်တတ်တဲ့ ကြယ်တွေကို
ချီးကျူးငေးမောသူ ကိုယ်ဟာ
ကြယ်တစ်စင်းကို
တစ်နေ့လုံးလွမ်းနေတယ်လို့ မပြောသာပါဘူး။
‘ကြယ်တွေအားလုံး ပျောက်ကွယ်သွားခဲ့ရင်
ဒါမှမဟုတ် သေဆုံးသွားခဲ့ရင်
ကိုယ်က ဗလာကောင်းကင်ကို မော့ကြည့်ရင်း
ပိန်းပိတ်တဲ့ အမှောင်ရဲ့ ခမ်းနားမှုကို
ခံစားယူရတော့မယ်။
အချိန်တော့ နည်းနည်းယူရမှာပေါ့’
ဂျူး – “ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ”.. ၀တ္ထု မှ
http://www.poemscorner.com/post-type/myanmar-poems/11690မှကူးယူဖော်ပြထားပါသည်။

No comments:

Post a Comment