Tuesday, September 11, 2012

Laptop ဝယ်လျှင် သိထားသင့်သော အကြောင်းအရာများ

 laptop တစ်လုံးဝယ်တာဟာ မိုင်းကွင်းထဲမှာ ကွင်းရှောင်ရတာလောက်တော့ မခက်ခဲပါဘူး။ ဒါပေမဲ့ ဒီ Laptop နဲ့ ဘာလုပ်မှာလဲဆိုတဲ့ အသိလောက်တော့ ရှိဖို့လိုပါတယ်။ ဒါကြောင့် အလွယ်တကူ နားလည်နိုင်မယ့် လမ်းညွှန်းချက်လေးတွေကို ရေးဖြစ်ပါတယ်။ ဒါဆိုရင် Laptop တစ်လုံးကို ယုံကြည်ချက်အပြည့်နဲ့ ဝယ်နိုင်ပါပြီ။

ဘာအတွက် လိုချင်တာလဲဆိုတာကို ဆုံးဖြတ်ပါ

Laptop တစ်လုံးကို ဝယ်တော့မယ်ဆိုရင် အရေးကြီးဆုံးက အဲဒီ Laptop ကို ဘာအတွက်သုံးမှာလဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သင်ဟာ Laptop ကိုသယ်ပြီး မကြာခဏ ခရီးသွားမယ်ဆိုရင်ဖြင့် Laptop  ကြီးကြီးဝယ်လို့ အလကားပါပဲ။ ဒီလိုပဲ ခရီးမသွားဘူးဆိုရင် ကြီးကြီးဝယ်ဖို့ သင့်တယ်ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သင်ဟာ Laptop ကို အိမ်က Desktop PC အတွက် အစားထိုးသုံးဖို့ ဝယ်တာဆိုရင်တော့ netbook တွေကို ဘယ်လောက်ပဲလှလှ မဝယ်သင့်ပါဘူး။ Laptop ကို အိမ်မှာ သိပ်မသုံးဖြစ်ဘူးဆိုရင် ultraportablelaptop မျိုးကို သုံးတာက ပိုပြီး သဘာဝကျပါတယ်။ ဒါပေမဲ့ ultraportablelaptop တွေဟာ ဈေးနှုန်းကြီးမြင့်တာကိုတော့ သတိပြုရပါမယ်။ ဂိမ်းကစားချင်သူတွေနဲ့ ရုပ်ရှင်ကြည့်ချင်သူတွေကတော့ အနည်းဆုံး ၁၇ လက်မ laptop ကို သုံးသင့်ပါတယ်။ ဒါ့အပြင် ဂရပ်ဖစ်ကတ်ကောင်းကောင်း Geforce ဒါမှမဟုတ် AMD Radeon HD စတာတွေ ပါဝင်သင့်ပါတယ်။


Mac (သို့) PC ကို ရွေးချယ်ပါ

ဈေးနှုန်းနဲ့ ရင်းနှီးပြီးသား ပုံစံမျိုးကိုပါ သုံးချင်တယ်ဆိုရင်တော့ Winodws7 သုံးတဲ့ Laptop ကိုပဲ ရွေးရပါမယ်။ Windows 7 ဟာ မြန်ဆန်ပြီး စိတ်ချရတဲ့အပြင် သုံးရတာ လွယ်ကူပါတယ်။ ဒါ့အပြင် သင်နှစ်သက်ရာ software ကိုလည်း သုံးခွင့်ရှိပါတယ်။ ပိုပြီး စတိုင်လ်ကျချင်ရင်တော့ Apple OS လက်ရှိကာလမှာ OSX Moutain Lion သုံးတဲ့ Mac Laptop တွေကို ရွေးချယ်ရပါလိမ့်မယ်။ သုံးစွဲရ လွယ်ကူပေမယ့် သုံးနေကျမဟုတ်ခဲ့ရင်တော့ အချိန်ပေးပြီး လေ့ကျင့်မှု လုပ်ရပါလိမ့်မယ်။ Mac Laptop တွေဟာ ပိုလှပပေမယ့် Windows 7 Laptop တွေထက် ပိုပြီး ဈေးကြီးပါတယ်။ ဒါ့အပြင် အသစ်ထွက်လာတဲ့ Laptop တွေကိုလည်း မျက်ခြည်ပြတ်မခံသင့်ပါဘူး။ သင့် Laptop ဟာ သင်မဝယ်ခင်ကတည်းက version နိမ့်နေပြီဆိုရင် ဝယ်ရတာ မကိုက်သေးပါဘူး။ Mac OSX Mountain Lion ဟာ ၂၀၁၂ ထဲမှာ အသစ်ထွက်ထားပြီး Microsoft က Windows 8 ကို 2012 အောက်တိုဘာထဲမှာ ဖြန့်ချိဖို့ရှိနေပါတယ်။


Hard drive ကြီးကြီး တကယ်ပဲလိုသလား

နည်းပညာတွေ တိုးတက်လာတာနဲ့ သီချင်း၊ ပရိုဂရမ်နဲ့ ဗီဒီယိုတွေအတွက် မှတ်ဉာဏ်ပမာဏ လိုအပ်ချက်ဟာ မြင့်မားလာပါတယ်။ အရည်အသွေးနိမ့်တဲ့ ဈေးပေါပေါ Laptop တွေမှာ 250GB hard drive လောက်ပဲ ပါဝင်လေ့ရှိလို့ နည်းနည်းသေးတာ အမှန်ပါပဲ။ (ဒီထက်နိမ့်တဲ့ hard drive ပမာဏဆိုရင် ရေရှည်သုံးဖို့ လုံးဝမစဉ်းစားသင့်ပါဘူး) ဒါပေမဲ့ Laptop အတွက် တကယ်ကြီးတဲ့ hard drive တွေကိုရော လိုအပ်ပါရဲ့လားဆိုတာ မေးစရာဖြစ်လာပါတယ်။ External Hard drive တွေဟာ ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်သလို သင့်ရဲ့ ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယို စတာတွေကို အလွယ်တကူ သိမ်းဆည်းပေးထားနိုင်ပါတယ်။ ဒီနည်းနဲ့ဆိုရင်တော့ hard drive ကြီးကြီးမလိုအပ်တဲ့အတွက် ငွေကုန်ကြေးကျ သက်သာနိုင်ပါတယ်။

ပိုက်ဆံမဖြုန်းပါနဲ့

သင့်ရဲ့ Laptop ဟာ ပေါ့ပါးပြီး ဘက်ထရီကြာကြာခံတာနဲ့အမျှ ပိုက်ဆံအများကြီး ပိုပေးရပါတယ်။ ဒါကြောင့် ဒီလိုအမျိုးအစားတွေကို သယ်ယူသွားလာဖို့ တကယ်လိုအပ်မှု ရွေးချယ်သင့်ပါတယ်။ တချို့ Laptop တွေဟာ six ဒါမှမဟုတ် nine cell ဘက်ထရီတွေကို သုံးထားပြီး ၈ နာရီလောက် အသုံးခံတယ်လို့ ကြော်ငြာကြပါတယ်။ ဒါဆိုရင် ငွေကုန်ကြေးကျ ပိုများဖို့ သေချာပါတယ်။ သယ်ယူရတာ ပေါ့ပါးတဲ့ Laptop ကို လိုချင်ရင်တော့ 2kg အောက် laptop တွေကို 'ultraportalbe' အဖြစ် သတ်မှတ်ပါတယ်။ ဒါပေမဲ့ ဒီ Laptop တွေဟာ စွမ်းဆောင်ရည်နိမ့်တဲ့ ပစ္စည်းတွေကို သုံးတတ်တဲ့အတွက် စွမ်းဆောင်ရည် ညံ့ဖျင်းတတ်ပါတယ်။ ဒါ့အပြင် ပေါင် ၁၀၀၀ အထက်လည်း ကျသင့်တာများပါတယ်။ သင့် Laptop ကို ဝေးဝေးလံလံ သယ်ယူဖို့ အစီအစဉ်မရှိရင် ဒီအတွက်လည်း ငွေကုန်မခံသင့်ပါဘူး။

မလိုအပ်တဲ့ စွမ်းရည်တွေကိုလည်း မမက်ပါနဲ့

သင်ဟာ Laptop ကို အင်တာနက်ကြည့်ရုံ၊ အလုပ်လုပ်ရုံနဲ့ ရုပ်ရှင်ကြည့်ရုံသက်သက်ပဲ သုံးမယ်ဆိုရင်တော့ အခြေခံအဆင့် ပေါင် ၂၅၀ က ပေါင် ၄၀၀ ဝန်းကျင် Laptop တွေဟာ ကောင်းကောင်း လုံလောက်ပါတယ်။ အခြေခံအဆင့်မှာပဲ Laptop တွေရဲ့ ပါဝင်တဲ့ပစ္စည်းတွေဟာ ကွဲပြားမှုတွေရှိတာကြောင့် စံတစ်ခုတော့ သတ်မှတ်သင့်ပါတယ်။ ဒါကြောင့် အနည်းဆုံး Core i3 processor နဲ့ 4GB RAM လောက်ကို သုံးဖို့ စဉ်းစားထားသင့်ပါတယ်။ (Core i3 နဲ့ တန်းတူလောက်ရှိတဲ့ AMD Processor ကိုလည်း နှစ်သက်ရင် စဉ်းစားနိုင်ပါတယ်။) ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို လိုချင်ရင်တော့ intel Core i5 ဒါမှမဟုတ် i7 processor ရဲ့ နောက်ဆုံး version ကို သုံးရပါမယ်။ Lowvoltage technology တစ်ပါတည်း ပါဝင်ဖို့လည်း သတိပြုသင့်ပါတယ်။ On board ဂရပ်ဖစ်ဟာ 1080p HD ဗီဒီယိုကြည့်ဖို့အတွက် လုံလောက်ပါတယ်။ ဒါပေမဲ့ ဂိမ်းကစားဖို့ ရည်ရွယ်ခဲ့ရင်တော့ သီးသန့် ဂရပ်ဖစ်ကတ် ပါဝင်တဲ့ Laptop မျိုးကို ရွေးချယ်ရမှာဖြစ်ပြီး အနည်းဆုံး CPU ကို Core i5 လောက်နဲ့ RAM 4GB လောက် ပါရှိရင် ပိုသင့်လျော်ပါလိမ့်မယ်။

အနာဂတ်အတွက် ပြင်ဆင်ခြင်း

အခြေခံပစ္စည်းတွေအပြင် တခြားထည့်သွင်းစဉ်းစားစရာ အချက်တွေလည်း ရှိပါသေးတယ်။ လက်ရှိ ထည့်သွင်းစဉ်းစားဖို့သင့်တဲ့ အချက်တွေထဲမှာ USB 3.0 လည်း ပါဝင်ပါတယ်။ Laptop တွေမှာ USB Port အမြဲပါဝင်ပီး memory card, mouse  စတာတွေအတွက် သုံးနိုင်ပါတယ်။ ဒါပေမဲ့ USB 3.0 ဟာ external hard drive လိုဟာမျိုး သုံးမယ်ဆိုရင် USB 2.0 ထက် ပိုမြန်လို့ သုံးရတာ အဆင်ပြေစေပါတယ်။ USB 3.0 ဟာ 2.0 ထက် ၁၀ ဆ ပိုမြန်တာပါ။ ဒါကြေ?}OίWg{ာ ပိုပြီး အဆင်ပြေစေပါလိမ့်မယ်။ နောက်ထပ် အကျိုးများနိုင်မယ့် တိုးချဲ့မှုကတော့ SSD (Solid statedrive) ဖြစ်ပြီး ပိုမိုမြန်ဆန်ပေါ့ပါးတဲ့အပြင် ဘက်ထရီသုံးစွဲမှုလည်း သက်သာစေပါတယ်။ သက်တမ်းလည်း ပိုမိုကြာရှည်ခံတဲ့အတွက် သင်ဟာ ငွေကြေးတတ်နိုင်မယ်ဆိုရင် SSD ပါဝင်တဲ့ Laptop ကို ဝယ်တာက သင့်အတွက် ပိုကောင်းမွန်စေပါတယ်။

Laptop အတွင်းမှ ပစ္စည်းများ

Laptop ဝယ်ပြီဆိုတာနဲ့ သင့်လက်ထဲကို ရောက်လာမှာက Laptop specs တွေပါတဲ့ စာရွက်ပါ။ အဲဒီစာရွက်ထဲက အခေါ်အဝေါ်တွေဟာ သုံးနေကျသူကိုတောင် မျက်စိလည်နိုင်ပါတယ်။ အဲဒီအတွက် Laptop ဝယ်တဲ့အခါမှာ အဲဒီအချက်အလက်တွေကို နားလည်ထားသင့်ပါတယ်။

Hard drive

Hard drive ဟာ သင့်ရဲ့ File နဲ့ Folder တွေအားလုံး သိမ်းဆည်းဖို့နေရာဖြစ်ပြီး ပမာဏ ပိုများတာနဲ့အမျှ data တွေကို ပိုမိုသိမ်းဆည်းနိုင်ပါတယ်။ လက်ရှိကာလ Laptop တွေမှာ အနည်းဆုံး 160 GB ပမာဏလောက်ကစပါဝင်ပြီး 1TB လောက်ထိ ပါဝင်ပါတယ်။ 250 GB လောက်ရှိရင်ကိုပဲ လူအများစုအတွက် ကောင်းကောင်းလုံလောက်ပါတယ်။


Graphics Card

Graphic Card ဟာ Laptop Screen ပေါ်က ပုံရိပ်တွေအတွက် တာဝန်ရှိပါတယ်။ integrated နဲ့ dedicated ဂရပ်ဖစ်ကတ်နှစ်မျိုးရှိပြီး Laptop ဝယ်ယူစဉ်မှာ မှန်မှန်ကန်ကန် ရွေးချယ်ခဲ့ဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ နောက်မှ အဆင့်မြင့်ဖို့ ခက်လို့ပါ။ Integrated Chips တွေထဲက intel GMA လိုဟာမျိုးတွေဟာ အခြေခံအတွက်ပဲဖြစ်ပြီး သီးသန့် (dedicated) chips တွေဖြစ်တဲ့ Nvidia လို ဂရပ်ဖစ်ကတ်တွေကမှ ပိုကောင်းတဲ့ ဂရပ်ဖစ် စွမ်းဆောင်ရည်ကို ပေးနိုင်ပါတယ်။

Processor

Processor ဟာ သင့် Laptop ရဲ့ ဦးနှောက်ဖြစ်ပြီး သင်သုံးသမျှ data တွေကို တွက်ချက်ပေးရပါတယ်။ Processor ပိုကောင်းတာနဲ့ သင့် Laptop ဟာ ပိုမြန်မှာဖြစ်ပြီး ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ရပါလိမ့်မယ်။ Intel Atom CPU တွေကိုတော့ အခုအချိန်ထိ Notebook လေးတွေမှာ တွေ့ရတတ်ပါတယ်။ Atom Z series တွေဟာ စွမ်းအင်သုံးစွဲမှုနည်းပြီး ပိုဈေးကြီးပါတယ်။ Atom N series တွေကတော့ ကုန်ကျစရိတ် သက်သာပါတယ်။ Atom CPU တွေကို အများအားဖြင့် HP mini တွေ၊ Lenovo ideaPad S10, Acer Aspire One, ASUS Eee PC တွေမှာ တွေ့ရပါတယ်။ တခြား Notebook တွေမှာလည်း အများအပြား တွေ့ရပါတယ်။ Intel Atom ပါဝင်တဲ့ Note Book တွေကို သုံးမယ်ဆိုရင် သိထားသင့်တာက Core 1 ခုသာ ပါဝင်တဲ့ Atom ရဲ့ စွမ်းဆောင်ရည်ဟာ pentium M နဲ့ Clock rate ချင်း တူခဲ့မယ်ဆိုရင်တောင် Pentium M စွမ်းဆောင်ရည်ထက် တစ်ဝက်တိတိ နိမ့်ကျတာပါပဲ။ ဥပမာပြရရင် Atom n 270 (1.6GHz) ဟာ benchmarks တိုင်းကြည့်ရင် pentium M 740 (1.73GHz) ထက် တစ်ဝက် လျော့နည်းတာကို တွေ့ရပါတယ်။ ဒါကြောင့် intel Atom CPU  တွေဟာ စရိတ်သက်သာဖို့နဲ့ စွမ်းအင် ချွေတာဖို့အတွက်ပဲ အဓိကထားပြီး သုံးသင့်ပါတယ်။ တစ်ခါတစ်ရံ Laptop အဟောင်းတွေမှာ Centrino Processor ကို တွေ့ရတတ်ပါတယ်။ Centrino Processor ဟာ Mobile Processor မှာ အခြေခံထားပြီး wireless network ကိုပါ တွဲဖက်သုံးနိုင်တဲ့သဘော ရှိပါတယ်။ ဘက်ထရီသက်တမ်း ပိုကြာစေပြီး ပိုမိုပါးလွှာ ပေါ့ပါးစေလို့ ခေတ်စားခဲ့ပါတယ်။ intel ရဲ့ နောက်ဆုံးပေါ် processor တွေဖြစ်တဲ့ core i3, i5 နဲ့ i7 တို့မှာ ဂရပ်ဖစ်ပါ သီးသန့်ပါဝင်လာတာကြောင့် ငွေများများ ထပ်သုံးစရာမလိုဘဲ HD movies နဲ့ games တွေကို ခံစားနိုင်ပါလိမ့်မယ်။

Memory

သင့်ရဲ့ ကွန်ပျူတာဟာ သတင်းအချက်အလက်တွေကို memory ထဲမှာ သိမ်းဆည်းထားပြီး လုပ်ငန်းအတွက် လိုအပ်ရင် ပြန်လည်ခေါ်ယူပါတယ်။ ဒီ memory ကို RAM Memory ပိုများလေလေ သိမ်းဆည်းနိုင်တဲ့ reserve များပြားလာတာကြောင့် သင့်ကွန်ပျူတာဟာ တုံ့ပြန်မှု ပိုမြန်လာမှာဖြစ်ပြီး တောင်းဆိုမှုမြင့်မားတဲ့ ပရိုဂရမ်နဲ့ ဂိမ်းတွေအတွက် RAM Memory များများရှိရင် ပိုကောင်းပါတယ်။

Optical drive

Optical drive ဟာ သင့်ရဲ့ data တွေကို CD, DVD နဲ့ Blu-ray တွေမှာ သိမ်းဆည်းဖို့ ကူညီနိုင်သလို သီချင်းနဲ့ ဗီဒီယိုတွေလည်း ကြည့်ဖို့ အဆင်ပြေစေပါတယ်။ တချို့ Laptop တွေမှာ Tri-format DVD DL Drive တွေ ပါဝင်တတ်ပြီး DVD Super Multi Drive လို့ ခေါ်ပါတယ်။ ဒီ Drive ဟာ လက်ရှိ DVD  နဲ့ CD format အားလုံးကို လက်ခံနိုင်ပြီး CD နဲ့  dual-layer DVDs တွေထဲမှာ data ကို မှတ်သားထားနိုင်ပါတယ်။ Blu-ray drive တွေကတော့ ဈေးနှုန်းမြင့်တဲ့ Laptop တချို့မှာလည်း ပါဝင်ပြီး HD movies တွေကြည့်လို့ရစေပါတယ်။ USB 3.0 နှင့် Thunderbolt Thunderbolt  ဟာ ဆက်သွယ်မှုမြင့်မားတဲ့ နည်းစနစ်အသစ်တစ်ရပ်ဖြစ်ပြီး ၂၀၁၂ အစောပိုင်းကမှ ပီပီပြင်ပြင် ဖြစ်လာခဲ့တာပါ။ USB (3.0) ထက် နှစ်ဆမြန်ပြီး Apple ပစ္စည်းတွေမှာ စတင်ပါဝင်ခဲ့ပါတယ်။ မကြာခင် intel နဲ့ တခြား Laptop, Notebook, PC တွေမှာလည်း ပါဝင်လာပါလိမ့်မယ်။ Acer နဲ့ Asus ဟာ Thunderbolt ထည့်သွင်းဖို့ စတင်နေပါတယ်။ ဒါကြောင့် Laptop  ဝယ်တော့မယ်ဆိုရင် ကိုယ့်  Laptop မှာ ဘယ်လို ports တွေပါသလဲဆိုတာ ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ Thunderbolt ဟာ တစ်ချိန်မှာ သေချာပေါက် ခေတ်စားလာမှာဆိုပေမယ့် လက်ရှိကာလမှာ ရှားပါးပါသေးတယ်။ ဒါပေမဲ့ သင့်ရဲ့ Laptop ဟာ လျင်လျင်မြန်မြန် ဆက်သွယ်အလုပ်လုပ်နိုင်ဖို့အတွက်တော့ အနည်းဆုံး USB 3.0 လောက်တော့ ပါဝင်သင့်ပါတယ်။ USB 3.0 ဟာ တစ်စက္ကန့်ကို 625MB ပို့ဆောင်ပေးနိုင်ပြီး USB 2.0 ထက် ဆယ်ဆပိုမြန်ပါတယ်။ ဒီတော့ အနာဂတ်မှာ ပြောင်းလဲလာမယ့် data ပို့ဆောင်မှုစနစ်တွေကို အနည်းငယ်လောက်တော့ သိထားတာ ပိုအဆင်ပြေစေပါတယ်။

Laptop တွေအတွက် သတိထားသင့်သော အချက်များ

- Laptop တွေဟာ အပူချိန်မြင့်လာတာကို ခံနိုင်ရည်မရှိပါဘူး။ ဒီအတွက် လိုအပ်ရင် ပြင်ပက ပန်ကာတွေ သီးသန့်တပ်ဆင်သင့်ပါတယ်။
- Laptop တွေဟာ မျက်နှာပြင် ညီညာမှသာ သုံးသင့်ပါတယ်။ မျက်နှာပြင်မညီညာခဲ့ရင် လေဝင်လေထွက်အပေါက်တွေပိတ်ပြီး အပူချိန်တက်လာနိုင်ပါတယ်။
- Laptop ဝယ်လာခဲ့ရင် ပါလာတဲ့ Keyboard projector တွေကို ဖယ်ပြီးမှ သုံးပါ။ လေဝင်လေထွက်ကို ပြဿနာရှိစေပါတယ်။
- အပူချိန် တက်မတက်ကို Laptop ထဲက ပန်ကာသံနဲ့ နားထောင်နိုင်ပါတယ်။ ပန်ကာသံ ဆူညံလွန်းလာရင် ပိုပြီး အပူချိန်တက်လာလို့ ပိ?8O5nϯ]Ywရတာပါ။ ဒီလိုမျိုး မကြာမကြာ ဖြစ်ရင် အပူချိန်လျှော့ချဖို့ တခြား ပြင်ပ အကူအညီ ရယူသင့်ပါပြီ။ (ဥပ7z4o]g wဖုန်နဲ့ အမှိုက်တွေကို ၆ လတစ်ခါ တစ်နှစ်တစ်ခါ သန့်ရှင်းရေးလုပ်ပေးပါ။
- Laptop ဘက်ထရီကို လုံးဝကုန်တဲ့အထိ မသုံးပါနဲ့။ အနည်းဆုံး ၅% လောက်ပဲကျန်ရင် အားပြန်သွင်းပေးပါ။ အားကုန်တဲ့အထိသုံးရင် စက်ကို ထိခိုက်နိုင်သလို ဘက်ထရီလည်း#GpoUoz Sg။
- laptop ဝယ်ရင် laptop အိတ်ကိုပါဝယ်ပါ။ သယ်ယူဖို့အတွက်တင်သာမကဘဲ Laptop ကို အကာအကွယ် အမျိုးမျိုး ပေးနိုင်ပါတယ်။ ကိုယ်ဝယ်တဲ့ Laptop တံဆိပ်အတိုင်း 3zO_g w瀭င်ရင် ပိုကောင်းပါတယ်။
By Net Guide Journal

No comments:

Post a Comment