Thursday, September 20, 2012

မိဘဟူသည်


ကြွေးရှင်မည်၏။
မိဘမေတ္တာ ၊ ရွှေနှင့်တင်စား
လိုက်ကားမမှီ ၊ ပတ္တမြားရည်
သည်ရာမမှန်း ၊ သွမ်းလို့ရွှင်သည်
ဘယ်အရာမျှ ၊ နှိုင်းမရ ။

အလှစေရာ ၊ သင်ဖွေရှာလည်း
ဘ၀ခြေမှာ ၊ သင်နေသာဖို့
ကျောထောက်နောက်ခံ ၊ ရှိရမှာမို့
ဘ၀လှစေ ၊ အနေတင့်ဖို့
မိခင်ဖခင် ၊ လမ်းပြရှာသည်
သင့်ခြေဖ၀ါး ၊ မဆုတ်နှင့် ။
မြင်းမိုရ်တောင်ထိပ် ၊ စိပ်စိပ်လေးသာ
သမုဒ္ဒရာကြီး ၊ ဟီးဟီးထလိမ့်
မိဘမေတ္တာ ၊ မမှီပါ ။
မိဘဟူသည်
နီရောင်တေ့တေ့ ၊ ဝေ့ရာလေသို့
ရို့မသွားအောင် ၊ သိကာရှောင်ဖို့
ဆုံးမလို့စေ ၊ နေသာဖို့တွေး
မဝေးစေဖို့ ၊ မေတ္တာနို့ရည် တိုက်ကျွေးသည် ။
မိဘစကား ၊ နားထောင်ကြဖို့
ဆုံးမစာပေ ၊ များ၍နေသည်
အသင်ဖတ်သင့် ၊ မဖတ်သင့် ?
အသင်လိုက်သင့် ၊ မလိုက်သင့် ?
အသင်သုံးသင့် ၊ မသုံးသင့် ?
လူဆိုး

No comments:

Post a Comment