ကိုယ်အလေးချိန်တက်လာတဲ့အခါ
အစားများတာ၊ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမလုပ်တာနဲ့ အဆီအအိမ့်နဲ့
အချိုမှုန့်တွေ စားတာတွေကြောင့်လို့ပဲ ထင်မြင်တတ် ကြပါတယ်။
တချို့လူတွေကျတော့ ဒီအလေ့အထမလုပ်မိဘဲ ကိုယ်အလေးချိန် တက်လာတဲ့အခါ
အကြောင်းရင်းရှာမရဘဲ စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြပါတယ်။ ဒါကြောင့်
သင်မသိသေးတဲ့ ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းငါးရပ်ကို
ဖော်ပြပေးလိုက်ပါတယ်။
၁။ စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဟာ အစာစားဖြစ်အောင် တွန်းအားပေးပါတယ်။ အကြာကြီး
စိတ်ဖိစီးမှုဒဏ်ခံရရင် ခန္ဓာကိုယ်ကနေ ကော်တီဇုန်းနဲ့ အင်ဆူလင် ထုတ်လုပ်မှု
တိုးလာပါတော့တယ်။ အဲဒီအခါ အစာစားချင်တဲ့ ဆန္ဒများလာပြီး ကယ်လိုရီများတဲ့
အစာတွေကိုသာ ရွေးစားမိတတ်ပါတယ်။
ဖြေရှင်းနည်း
စိတ်ခံစားချက်ကောင်းစေတဲ့ ဟော်မုန်းပမာဏ ထိန်းနိုင်ဖို့ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပါ။
၂။ အချိုတု
သကြားအစားသုံးတဲ့ အချိုတုတွေဟာ ခန္ဓာကိုယ်သွယ်လျလိုသူတွေအတွက်တော့
မကောင်းပါဘူး။ အဝလွန်ခြင်းအကြောင်း လေ့လာမှုအရ တစ်ပတ်အတွင်း ဆေးသကြား
(Aspartame) ပါတဲ့ အချိုရည် ၂၁ မျိုး သောက်သူတွေဟာ မသောက်သူတွေထက်
ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ နှစ်ဆကျော်ရှိကြောင်း သိရပါတယ်။
ဖြေရှင်းနည်း
သကြားရော သကြားအစားထိုး အချိုတုကိုပါ အလွန်အကျွံ မစားသောက်ပါနဲ့။
၃။ အိပ်ရေးပျက်ခြင်း
ခန္ဓာကိုယ် အားပြည့်လန်းဆန်းဖို့ တစ်ညမှာ ခုနှစ်နာရီကနေ ကိုးနာရီလောက်
လိုအပ်ပါတယ်။ အိပ်ချိန်မလုံလောက်ဘဲ အိပ်ရေးပျက်ရင် စိတ်ခံစားချက်
ကောင်းစေတဲ့ ဆီရိုတိုနင်နဲ့ ဒိုပါမင်းဓာတ်တွေ မထွက်ရှိတော့ဘဲ အချိုစာတွေ
စားမိတတ်ပါတယ်။
ဖြေရှင်းနည်း
ဟားဗတ်လေ့လာမှုအရ တစ်ညမှာ
ငါးနာရီသာအိပ်တဲ့ အမျိုးသမီးတွေဟာ တစ်ညမှာ ခုနှစ်နာရီနဲ့အထက် အိပ်သူတွေထက်
ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ ၃၂ ရာခိုင်နှုန်း ပိုများကြောင်း သိရပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်သွယ်လျချင်ရင် အိပ်ရေးဝဝ အိပ်ပါ။
၎။ အစာမြန်မြန်စားခြင်း
အစားအသောက်ကို နှေးနှေးနဲ့ ကြေညက်အောင် ဝါးစားပေးရင်
အစာအလွန်အကျွံစားချင်စိတ်ကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဗြိတိန်ဆေးဂျာနယ်က
ထုတ်ဝေတဲ့ ဂျပန်လူမျိုး ၃၀၀၀ ကျော်ကို လေ့လာမှုအရ အစာကို မြန်မြန်စားသူတွေဟာ
နှေးနှေးစားသူတွေထက် အဝလွန်နိုင်ခြေနှစ်ဆ ပိုများကြောင်း သိရပါတယ်။
ဖြေရှင်းနည်း
အစားမြန်ပြီး ဗိုက်ပြည့်တဲ့အထိ စားတဲ့သူတွေဟာ အဝလွန်နိုင်ခြေသုံးဆ
ပိုများပါတယ်။ ဒါကြောင့် အစာစားတဲ့အခါ နှေးနှေးနဲ့ ကြေညက်အောင် ဝါးစားပါ။
၅။ မထိန်းချုပ်နိုင်သော အချက်များ
မျိုးရိုးဗီဇ FTO Gene လို့ခေါ်တဲ့ ဝစေတဲ့ မျိုးရိုးဗီဇတွေဟာ ယင်းဗီဇမရှိသူတွေထက် အဝလွန်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများပါတယ်။
အဆီဆဲလ်
တချို့လူတွေမှာ အဆီဆဲလ်များစွာ ရှိနေပါတယ်။ ကိုယ်အလေးချိန်တက်ခြင်း၊
လျော့ကျသွားခြင်းတွေဟာ အဆီဆဲလ် အရေအတွက်ကို မပြောင်းလဲနိုင်ပါဘူး။
အဆီဆဲလ်များသူတွေဟာ အဆီဆဲလ်နည်းသူတွေထက် အစားအသောက် ပိုပြီးစားတတ်ကြပါတယ်။
Credit - Good Health
ကိုယ်အလေးချိန်တက်လာတဲ့အခါ
အစားများတာ၊ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမလုပ်တာနဲ့ အဆီအအိမ့်နဲ့
အချိုမှုန့်တွေ စားတာတွေကြောင့်လို့ပဲ ထင်မြင်တတ် ကြပါတယ်။
တချို့လူတွေကျတော့ ဒီအလေ့အထမလုပ်မိဘဲ ကိုယ်အလေးချိန် တက်လာတဲ့အခါ
အကြောင်းရင်းရှာမရဘဲ စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြပါတယ်။ ဒါကြောင့်
သင်မသိသေးတဲ့ ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းငါးရပ်ကို
ဖော်ပြပေးလိုက်ပါတယ်။
၁။ စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဟာ အစာစားဖြစ်အောင် တွန်းအားပေးပါတယ်။ အကြာကြီး စိတ်ဖိစီးမှုဒဏ်ခံရရင် ခန္ဓာကိုယ်ကနေ ကော်တီဇုန်းနဲ့ အင်ဆူလင် ထုတ်လုပ်မှု တိုးလာပါတော့တယ်။ အဲဒီအခါ အစာစားချင်တဲ့ ဆန္ဒများလာပြီး ကယ်လိုရီများတဲ့ အစာတွေကိုသာ ရွေးစားမိတတ်ပါတယ်။
ဖြေရှင်းနည်း
စိတ်ခံစားချက်ကောင်းစေတဲ့ ဟော်မုန်းပမာဏ ထိန်းနိုင်ဖို့ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပါ။
၂။ အချိုတု
သကြားအစားသုံးတဲ့ အချိုတုတွေဟာ ခန္ဓာကိုယ်သွယ်လျလိုသူတွေအတွက်တော့
မကောင်းပါဘူး။ အဝလွန်ခြင်းအကြောင်း လေ့လာမှုအရ တစ်ပတ်အတွင်း ဆေးသကြား
(Aspartame) ပါတဲ့ အချိုရည် ၂၁ မျိုး သောက်သူတွေဟာ မသောက်သူတွေထက်
ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ နှစ်ဆကျော်ရှိကြောင်း သိရပါတယ်။
ဖြေရှင်းနည်း
သကြားရော သကြားအစားထိုး အချိုတုကိုပါ အလွန်အကျွံ မစားသောက်ပါနဲ့။
၃။ အိပ်ရေးပျက်ခြင်း
ခန္ဓာကိုယ် အားပြည့်လန်းဆန်းဖို့ တစ်ညမှာ ခုနှစ်နာရီကနေ ကိုးနာရီလောက် လိုအပ်ပါတယ်။ အိပ်ချိန်မလုံလောက်ဘဲ အိပ်ရေးပျက်ရင် စိတ်ခံစားချက် ကောင်းစေတဲ့ ဆီရိုတိုနင်နဲ့ ဒိုပါမင်းဓာတ်တွေ မထွက်ရှိတော့ဘဲ အချိုစာတွေ စားမိတတ်ပါတယ်။
ဖြေရှင်းနည်း
ဟားဗတ်လေ့လာမှုအရ တစ်ညမှာ ငါးနာရီသာအိပ်တဲ့ အမျိုးသမီးတွေဟာ တစ်ညမှာ ခုနှစ်နာရီနဲ့အထက် အိပ်သူတွေထက် ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ ၃၂ ရာခိုင်နှုန်း ပိုများကြောင်း သိရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်သွယ်လျချင်ရင် အိပ်ရေးဝဝ အိပ်ပါ။
၎။ အစာမြန်မြန်စားခြင်း
အစားအသောက်ကို နှေးနှေးနဲ့ ကြေညက်အောင် ဝါးစားပေးရင် အစာအလွန်အကျွံစားချင်စိတ်ကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဗြိတိန်ဆေးဂျာနယ်က ထုတ်ဝေတဲ့ ဂျပန်လူမျိုး ၃၀၀၀ ကျော်ကို လေ့လာမှုအရ အစာကို မြန်မြန်စားသူတွေဟာ နှေးနှေးစားသူတွေထက် အဝလွန်နိုင်ခြေနှစ်ဆ ပိုများကြောင်း သိရပါတယ်။
ဖြေရှင်းနည်း
အစားမြန်ပြီး ဗိုက်ပြည့်တဲ့အထိ စားတဲ့သူတွေဟာ အဝလွန်နိုင်ခြေသုံးဆ ပိုများပါတယ်။ ဒါကြောင့် အစာစားတဲ့အခါ နှေးနှေးနဲ့ ကြေညက်အောင် ဝါးစားပါ။
၅။ မထိန်းချုပ်နိုင်သော အချက်များ
မျိုးရိုးဗီဇ FTO Gene လို့ခေါ်တဲ့ ဝစေတဲ့ မျိုးရိုးဗီဇတွေဟာ ယင်းဗီဇမရှိသူတွေထက် အဝလွန်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများပါတယ်။
အဆီဆဲလ်
တချို့လူတွေမှာ အဆီဆဲလ်များစွာ ရှိနေပါတယ်။ ကိုယ်အလေးချိန်တက်ခြင်း၊ လျော့ကျသွားခြင်းတွေဟာ အဆီဆဲလ် အရေအတွက်ကို မပြောင်းလဲနိုင်ပါဘူး။ အဆီဆဲလ်များသူတွေဟာ အဆီဆဲလ်နည်းသူတွေထက် အစားအသောက် ပိုပြီးစားတတ်ကြပါတယ်။
Credit - Good Health
စိတ်ဖိစီးမှုဟာ အစာစားဖြစ်အောင် တွန်းအားပေးပါတယ်။ အကြာကြီး စိတ်ဖိစီးမှုဒဏ်ခံရရင် ခန္ဓာကိုယ်ကနေ ကော်တီဇုန်းနဲ့ အင်ဆူလင် ထုတ်လုပ်မှု တိုးလာပါတော့တယ်။ အဲဒီအခါ အစာစားချင်တဲ့ ဆန္ဒများလာပြီး ကယ်လိုရီများတဲ့ အစာတွေကိုသာ ရွေးစားမိတတ်ပါတယ်။
ဖြေရှင်းနည်း
စိတ်ခံစားချက်ကောင်းစေတဲ့ ဟော်မုန်းပမာဏ ထိန်းနိုင်ဖို့ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပါ။
၂။ အချိုတု
သကြားအစားသုံးတဲ့ အချိုတုတွေဟာ ခန္ဓာကိုယ်သွယ်လျလိုသူတွေအတွက်တေ
ဖြေရှင်းနည်း
သကြားရော သကြားအစားထိုး အချိုတုကိုပါ အလွန်အကျွံ မစားသောက်ပါနဲ့။
၃။ အိပ်ရေးပျက်ခြင်း
ခန္ဓာကိုယ် အားပြည့်လန်းဆန်းဖို့ တစ်ညမှာ ခုနှစ်နာရီကနေ ကိုးနာရီလောက် လိုအပ်ပါတယ်။ အိပ်ချိန်မလုံလောက်ဘဲ အိပ်ရေးပျက်ရင် စိတ်ခံစားချက် ကောင်းစေတဲ့ ဆီရိုတိုနင်နဲ့ ဒိုပါမင်းဓာတ်တွေ မထွက်ရှိတော့ဘဲ အချိုစာတွေ စားမိတတ်ပါတယ်။
ဖြေရှင်းနည်း
ဟားဗတ်လေ့လာမှုအရ တစ်ညမှာ ငါးနာရီသာအိပ်တဲ့ အမျိုးသမီးတွေဟာ တစ်ညမှာ ခုနှစ်နာရီနဲ့အထက် အိပ်သူတွေထက် ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ ၃၂ ရာခိုင်နှုန်း ပိုများကြောင်း သိရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်သွယ်လျချင်ရင် အိပ်ရေးဝဝ အိပ်ပါ။
၎။ အစာမြန်မြန်စားခြင်း
အစားအသောက်ကို နှေးနှေးနဲ့ ကြေညက်အောင် ဝါးစားပေးရင် အစာအလွန်အကျွံစားချင်စိတ်ကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဗြိတိန်ဆေးဂျာနယ်က ထုတ်ဝေတဲ့ ဂျပန်လူမျိုး ၃၀၀၀ ကျော်ကို လေ့လာမှုအရ အစာကို မြန်မြန်စားသူတွေဟာ နှေးနှေးစားသူတွေထက် အဝလွန်နိုင်ခြေနှစ်ဆ ပိုများကြောင်း သိရပါတယ်။
ဖြေရှင်းနည်း
အစားမြန်ပြီး ဗိုက်ပြည့်တဲ့အထိ စားတဲ့သူတွေဟာ အဝလွန်နိုင်ခြေသုံးဆ ပိုများပါတယ်။ ဒါကြောင့် အစာစားတဲ့အခါ နှေးနှေးနဲ့ ကြေညက်အောင် ဝါးစားပါ။
၅။ မထိန်းချုပ်နိုင်သော အချက်များ
မျိုးရိုးဗီဇ FTO Gene လို့ခေါ်တဲ့ ဝစေတဲ့ မျိုးရိုးဗီဇတွေဟာ ယင်းဗီဇမရှိသူတွေထက် အဝလွန်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများပါတယ်။
အဆီဆဲလ်
တချို့လူတွေမှာ အဆီဆဲလ်များစွာ ရှိနေပါတယ်။ ကိုယ်အလေးချိန်တက်ခြင်း၊ လျော့ကျသွားခြင်းတွေဟာ အဆီဆဲလ် အရေအတွက်ကို မပြောင်းလဲနိုင်ပါဘူး။ အဆီဆဲလ်များသူတွေဟာ အဆီဆဲလ်နည်းသူတွေထက် အစားအသောက် ပိုပြီးစားတတ်ကြပါတယ်။
Credit - Good Health
No comments:
Post a Comment