ကလေးရေ..
တောအုပ်ကိုဖြတ်ကျော်ပြီးရင်..
ရှေ့မှာ
တောင်တန်းတွေရှိတယ်
တောင်တွေရဲ့ဟိုဖက်မှာတော့
ပင်လင်ပြင်ကြီးရှိပေတယ်၊
ကလေးရေ..
တောအုပ်တိုင်းမာယာမများသလို
တောင်တန်းဆိုတိုင်းမတ်စောက်တာမဟုတ်ပါဘူး၊
ပင်လယ်ကိုဖြတ်ကူး
ပြီးတဲ့အခါ
နူးညံ့တဲ့သဲမြေမွကမ်းခြေမှာ
အနားယူအပန်းဖြေခွင့်တော့ရှိရမှာပေါ့၊
ပညာဆိုတာ
စာသင်ခန်းတွေမှာသာ
သင်ကြားနိုင်တာမဟုတ်ပါဘူး
အချိန်အားရရင်
ကျောင်းမနေဖူးတဲ့
တောင်အာဖရိကသမ္မတကြီး
ဂျက်ကော့ဇူးမားအကြောင်းပြောပြမယ်၊
စတီဖင်ဟော့ကင်းဆိုတဲ့
သွက်ချာပါဒရောဂါသည်
ဒုက္ခိတသိပ္ပံပညာရှင်တစ်ယောက်အကြောင်းပြောပြမယ်၊
ကလေးရေ..
လောကဒဏ်ကို ပုန်ကန်ခြင်းဟာလည်း
ကြီးကျယ်တဲ့သူပုန်အလုပ်ပါပဲ
စစ်ပွဲထဲမှာ ငြိမ်းချမ်းရေးကိုရှာ
နေပူကိုဖြတ်ပြီးမှ အရိပ်စစ်ဆိုတာရောက်မှာ
ညစ်ညမ်းတဲ့ငွေတစ်ရာထက်
သန့်ရှင်းစင်ကြယ်တဲ့ငွေတစ်ကျပ်ကိုတန်ဖိုးထားပါ
ကလေးရေ..
အမိအဖကိုစောင့်ရှောက်ခြင်းနဲ့
အမှီအခိုကင်းစွာရှင်သန်ခြင်းဆိုတာ
မြင့်မြတ်သူတွေကျင့်ကြံတဲ့တရားပါ၊
မေတ္တာတရား သစ္စာဓါးနဲ့
ရှေ့ဆက်ပါ၊ ရှေ့ကိုဆက်ပါ
မရှိခိုးနိုးမလှစုန်းငြိုး
မျက်နှာကြီးရာဟင်းဖတ်ပါ
တဖက်စောင်းနင်းလူ့ဘုံကြီးမှာ
မနက်ဖြန်ဆိုတာ
မရောက်သေးတဲ့အနာဂတ်ပါ
ကလေးရေ..
မနက်ဖြန်ဆိုတာ
မရောက်သေးတဲ့အနာဂတ်ပါကွယ်…။
Ko Htut
တောင်တွေရဲ့ဟိုဖက်မှာတော့
ပင်လင်ပြင်ကြီးရှိပေတယ်၊
ကလေးရေ..
တောအုပ်တိုင်းမာယာမများသလို
တောင်တန်းဆိုတိုင်းမတ်စောက်တာမဟ
ပင်လယ်ကိုဖြတ်ကူး
ပြီးတဲ့အခါ
နူးညံ့တဲ့သဲမြေမွကမ်းခြေမှာ
အနားယူအပန်းဖြေခွင့်တော့ရှိရမှာ
ပညာဆိုတာ
စာသင်ခန်းတွေမှာသာ
သင်ကြားနိုင်တာမဟုတ်ပါဘူး
အချိန်အားရရင်
ကျောင်းမနေဖူးတဲ့
တောင်အာဖရိကသမ္မတကြီး
ဂျက်ကော့ဇူးမားအကြောင်းပြောပြမယ
စတီဖင်ဟော့ကင်းဆိုတဲ့
သွက်ချာပါဒရောဂါသည်
ဒုက္ခိတသိပ္ပံပညာရှင်တစ်ယောက်အကြေ
ကလေးရေ..
လောကဒဏ်ကို ပုန်ကန်ခြင်းဟာလည်း
ကြီးကျယ်တဲ့သူပုန်အလုပ်ပါပဲ
စစ်ပွဲထဲမှာ ငြိမ်းချမ်းရေးကိုရှာ
နေပူကိုဖြတ်ပြီးမှ အရိပ်စစ်ဆိုတာရောက်မှာ
ညစ်ညမ်းတဲ့ငွေတစ်ရာထက်
သန့်ရှင်းစင်ကြယ်တဲ့ငွေတစ်ကျပ်က
ကလေးရေ..
အမိအဖကိုစောင့်ရှောက်ခြင်းနဲ့
အမှီအခိုကင်းစွာရှင်သန်ခြင်းဆို
မြင့်မြတ်သူတွေကျင့်ကြံတဲ့တရားပ
မေတ္တာတရား သစ္စာဓါးနဲ့
ရှေ့ဆက်ပါ၊ ရှေ့ကိုဆက်ပါ
မရှိခိုးနိုးမလှစုန်းငြိုး
မျက်နှာကြီးရာဟင်းဖတ်ပါ
တဖက်စောင်းနင်းလူ့ဘုံကြီးမှာ
မနက်ဖြန်ဆိုတာ
မရောက်သေးတဲ့အနာဂတ်ပါ
ကလေးရေ..
မနက်ဖြန်ဆိုတာ
မရောက်သေးတဲ့အနာဂတ်ပါကွယ်…။
Ko Htut
No comments:
Post a Comment