Wednesday, September 19, 2012

စိတ်ချမ်းသာချင်ရင် စိတ်အကြောင်းကို သိမှဖြစ်မယ်...(ဆရာတော်ဦးဇောတိက)

တချို.ကပြောတယ်၊ တပည်.တော်တို. တရားအားထုတ်တဲ.အခါမှာ၊ ဟိုတွေးဒီတွေး အလွန်ပေါတယ်ဘုရားတဲ.။ လောဘတွေက သိပ်များတာပဲ၊ ဒီလောဘတွေကို ဖြတ်နိုင်မှ တရားအားထုတ်လို.ရမှာလို. ပြောကြတယ်။ လောဘကို ဖြတ်နိုင်မှ တ
ရားအားထုတ်လို. ဖြစ်မယ်ဆိုရင်တော. တရားအားထုတ်လို. ဘယ်တော.မှ ဖြစ်မှာ မဟုတ်တော.ဘူး။ လောဘဟာ သူ.အလိုလို ပြတ်ဖို.ရာ အကြောင်းမရှိဘူး။ သူ.ရဲ. သဘောသဘာဝတွေကို သိရင်း သိရင်းနဲ. အသိဥာဏ်ရင်.ကျက်လာပြီး တဖြည်းဖြည်း သူ.ဟာသူ အားနည်းသွားတာပါပဲ။ အဲဒီတော. သူ.ရဲ. သဘောသဘာဝတွေကို သိဖို.က အင်မတန်အရေးကြီးပါတယ်။

လောက မှာ လောဘ ဒေါသဆိုတာတွေဟာ အရာကျယ်ဆုံး အရာတွေပဲ။ အဓိကကျတာ သူတို.နှစ်ခုပဲ။ ဖြည်.ပြောလိုက်ရမယ်ဆိုရင်တော. မာန၊ က္ကုဿာ မစ္ဆရိယ၊ ဥဒ္ဒစ္စ ကုက္ကုစ္စ၊ ၀ိစိကိစ္ဆာ အများကြီးရှိတယ်။ သူတို.က နေရာတကာ ချယ်လှယ်နေတာပဲ။ တစ်ခုဖြစ်မနေရင် နောက်တစ်ခုဖြစ်တယ်။ လောဘဖြစ်ရင်ဖြစ် ၊ မဖြစ်ရင် ဒေါသဖြစ်တယ်။ သို.မဟုတ်ရင် မာနဖြစ်တယ်။ မဟုတ်ရင် မနာလို ၀န်တိုတဲ.စိတ်တွေဖြစ်တယ်။ ဒါမှမဟုတ်ရင် ဖြစ်ခဲ.ပြီးတဲ. ကိစ္စတွေ ပြန်တွေးပြီးတော. စိတ်မကောင်းဖြစ်နေတယ်။ ဒါတွေဟာ တစ်ခုမဟုတ် တစ်ခု တစ်လှည်.စီဖြစ်နေတယ်။

ဒီကိလေသာတွေဖြစ်လာတဲ.အခါ ချက်ချင်းကြီးဖျောက်ပစ်ဖို. မကြိုးစားပါနဲ.။ သူတို.ရဲ. သဘောသဘာဝတွေကို စိတ်ဝင်စားပြီးတော. သေသေချာချာကြည်.ပါ။ သူတို.နဲ.အတူတူပါလာတဲ. ဆင်းရဲတဲ.သဘော၊ ပင်ပန်းတဲ.သဘောတွေကိုလည်း တွေ.ရလိမ်.မယ်။ ဆင်းရဲတဲ.သဘော ပင်ပန်းတဲ.သဘောတွေကို မြင်ပါများလာလို.ရှိရင် ကိလေသာတွေကို လက်မခံချင်တော.ဘူး။ ဒီလိုသူတို.ကို သိပါများရင် သူတို.အဖြစ်နည်းလာလိမ်.မယ်။ ဖြစ်တဲ.အခါမှာလည်းသူတို.ရဲ. intensity သူတို.ရဲ. ပြင်းအားကလည်း နည်းသွားလိမ်.မယ်။ အရင်တုန်းက မသိတဲ.အခါမှာ လောဘဖြစ်စေ၊ ဒေါသဖြစ်စေ ဖြစ်လာပြီဆိုရင် နာရီပေါင်းများစွာ ကြာချင်လည်းကြာမယ်။ သတိနဲ.ဒီလိုကြည်.နေလို.ရှိရင် ဖြစ်လာတဲ.အခါ သိလိုက်လို.ရှိရင် မိနစ်ပိုင်းလောက်ပဲ ကြာမယ်။ ပြီးသွားတယ်။ သတိပိုကောင်းလာရင် စက္ကန်.ပိုင်းလောက်ပဲ ကြာမယ်။ ဒီထက်သတိပိုကောင်းလာရင် ဖြစ်မှန်းသိလိုက်တာနဲ. မရှိတော.ဘူး။

အဲဒီတော. လောဘ ဒေါသဖြစ်တဲ.အခါမှာ အင်မတန်ပင်ပန်းတယ်ဆိုတာ ကိုယ်တွေ.သိအောင် ဖြစ်တိုင်း ဖြစ်တိုင်း သေသေချာချာမြင်အောင်ကြည်.ပါ။ ကိလေသာက အမျိုးမျိုးလှည်.စားတတ်တယ်နော်။ လိုချင်တာလေးရရင် ချမ်းသာမယ်။ ဖြစ်ချင်တာလေး ဖြစ်ရရင် ချမ်းသာမယ်လို. ထင်နေတာ။ ဒီလိုထင်နေရင်တော. မှားမယ်။ အဲဒါမိမိစိတ်က မိမိကို လှည်.စားတာပဲ။ အဲဒါ လောဘက လှည်.စားတာပဲ။ ငါလိုချင်တာ ငါဖြစ်ချင်တာတွေ အကုန်လုံးဖြစ်ရရင် စိတ်ချမ်းသာမယ်ဆိုတာ စိတ်ရဲ. လှည်.စားမှုပါပဲ။ လောကရဲ. သဘာဝက လိုချင်တာအကုန်လုံး ဘယ်တော.မှ ဖြစ်မှာ မဟုတ်ဘူး။ ဖြစ်ချင်တာတွေ အများကြီးထဲက နည်းနည်းပါးလောက်ပဲ ဖြစ်မယ်။ ဖြစ်လာတဲ. ကိစ္စတိုင်းကလည်း ကိုယ်.စိတ်တိုင်းကျ ဖြစ်မှာ မဟုတ်ဘူး။ စိတ်တိုင်းကျ ဖြစ်လာတောင်မှ စိတ်တိုင်းမကျဘူး။ စိတ်ရဲ.သဘာဝကိုက ဒီတိုင်းပဲ။ မကျေနပ်ခြင်းဆိုတဲ. သဘာဝဟာ စိတ်ရဲ.သဘာဝပဲ။

စိတ်ရဲ.သဘာဝကို ကြည်.ကြည်.ပြီးတော. အဲဒီလို သိလာတယ်ဆိုရင်ကိုပဲ အင်မတန် အသိဥာဏ်နက်နဲတဲ.သူ ဖြစ်လာပြီ။ ဘ၀လမ်းကြောင်းဟာ နည်းနည်းပြောင်းသွားပြီ။ အရာရာကို ပိုပြီးတော. လေးလေးနက်နက် စဉ်းစားပြီးတော. လုပ်တော.မှာ။ လောဘ ဒေါသအကြောင်းကို သိတယ်ဆိုရင်ပဲ ဥာဏ်ပညာအင်မတန်ရှိတဲ. ပုဂ္ဂိုလ်၊ ဥာဏ်ပညာ ရင်.ကျက်တဲ.ပုဂ္ဂိုလ်ဖြစ်သွားပြီ။ သာမန်လူတွေမှာ ဘာဖြစ်လို. မရင်.ကျက်သလဲဆိုတော. လောဘ ဒေါသတို.ရဲ. လွှမ်းမိုးမှုကို ခံနေရလို.ပဲ။ ဒီကိလေသာတွေကို နည်းနည်းသိတယ်ဆိုရင်ပဲ သူတို.ရဲ. လွှမ်းမိုးမှုကနေ သက်သာရာရပြီ။ သူတို.လုံးဝ အပြီးတိုင် ချုပ်ငြိမ်းမသွားသေးတောင်မှ သူတို.ရဲ. လွှမ်းမိုးမှုက အများကြီးနည်းသွားပြီ။

လောဘကြောင်. စိတ်ပင်ပန်းတယ်၊ ဒေါသကြောင်. စိတ်ပင်ပန်းတယ်။ မာနကြောင်. စိတ်ပင်ပန်းတယ်၊ ကိုယ်.ထက် သူများက သာသွားပြီ၊ ကိုယ်ရမယ်. အခွင်.အရေးကို ကိုယ်က မရဘဲနဲ. သူများက ရသွားပြီ၊ အဲဒါတွေ တွေးတွေးပြီးတော. အိပ်မပျော်တော.ဘူး။ အင်မတန်စိတ်ဆင်းရဲရတယ်။ မာနဖြစ်နေရင်လည်း ပြိုင်ချင်တယ်၊ ယှဉ်ချင်တယ်။ သားသမီးချင်းလည်း ပြိုင်လိုက်တာပဲ။ လင်မယားချင်းလည်း ပြိုင်လိုက်တာပဲ။ ငါ.ယောကျာ်းက ဘယ်လိုတော်တာ၊ ငါ.မိန်းမက ဘယ်လိုတော်တာ၊ ငါ.သားသမီးက ဘယ်လိုတော်တာ၊ နောက်ဆုံးရောဂါချင်းတောင် ပြိုင်လိုက်သေးတယ်။ ငါ.ရောဂါက မြန်မာပြည်ကဆေးနဲ. မပျောက်ဘူး၊ ငါ.ရောဂါက အဆင်.အတန်း သိပ်မြင်.တယ်။ ဂျာမနီက လာတဲ. ဆေးနဲ.မှရတာ။ ငါ.ရောဂါက တော်ရုံတန်ရုံဆရာဝန်နဲ. ပြလို.မရဘူး။ ဘယ်နိုင်ငံကလာတဲ. ပါရဂူကို ပြမှဖြစ်မှာ။ အဲဒီလို တွေးပြီးတော. ပြိုင်ချင် ကြွားချင်တဲ. သဘောတွေက ဖြစ်တတ်တယ်။ တော်ရုံတန်ရုံ ဆရာဝန်နဲ. ပျောက်သွားရင်ကိုပဲ သိပ်မကြိုက်ချင်ဘူး။ စိတ်ရဲ.သဘာဝဟာ ဒီလိုပါပဲနော်။ တခါတလေ တော်တော်ရယ်စရာကောင်းတယ်။ တရားအားထုတ်ရင်တောင်မှ ရိပ်သာချင်းပြိုင်ချင်တယ်။ တော်တော်ကို ပြိုင်ချင်တဲ.စိတ်ပဲ၊ အင်မတန်ဆန်းကြယ်တယ်နော်။

မာနကို အဓိပ္ပါယ်ပြန်တဲ.နေရာမှ တချို. ထောင်လွှားခြင်းလို. အဓိပ္ပါယ်ပြန်တယ်။ ထောင်လွှားခြင်း သက်သက်မဟုတ်ပါဘူး၊ သူနဲ.ငါနဲ.ဆိုတဲ. ယှဉ်တဲ.သဘော၊ ပြိုင်တဲ.သဘောကလည်း မာနပါပဲ။ သူတို.က ငါ.ထက်သာသွားပြီ။ ငါတို.ကတော. နိမ်.ကျတယ်ဆိုတာတွေဟာ မာနတွေပဲ။ ဘယ်လိုနည်းနဲ.ပဲဖြစ်ဖြစ် မိမိနဲ.သူတစ်ပါးနဲ.ဖြစ်ဖြစ်၊ မိမိပစ္စည်းနဲ. သူတစ်ပါးပစ္စည်းဖြစ်ဖြစ် မိမိနဲ.ပက်သက်နေတာတစ်ခုခုနဲ. သူတစ်ပါးနဲ.ပက်သက်နေတာ တစ်ခုခုဖြစ်ဖြစ် တစ်နည်းနည်းနဲ.နှိုင်းယှဉ်လိုက်တာဟာ မာနပဲ။ compare လုပ်တာ မာနပဲ။ တကယ်အသိဥာဏ်ရင်.ကျက်သွားတဲ. ပုဂ္ဂိုလ်ဟာ compare မလုပ်တော.ဘူး။ သူလုပ်နိုင်တာလုပ်ပြီးတော. သူ.ဟာသူ အေးအေးဆေးဆေးနေသွားတာပဲ။ ဘယ်သူက ဘာဖြစ်တယ်ဆိုတာ သူ.စိတ်ထဲမှာ မရှိတော.ဘူး။ compare လုပ်တာ နှိုင်းယှဉ်တာ အင်မတန် ပင်ပန်းပါတယ်။ ကိုယ်.စိတ်ထဲမှာ သတိထားကြည်.စမ်းပါ။ တစ်နေ.တစ်နေ. ဘယ်လောက် compare လုပ်နေလဲဆိုတာ၊ ဒါတွေကို မြင်အောင်ကြည်.စမ်းပါနော်။ ကိုယ်.ကို နှိပ်စက်နေတာ သူများမဟုတ်ဘူး။ ကိုယ်.စိတ်ပဲ။ အဲဒါကို သေသေချာချာလေးလေးနက်နက် သဘောပေါက်ဖို.လိုတယ်။

စားစရာမရှိလို. စိတ်ဆင်းရဲတယ်ဆိုရင် နားလည်နိုင်ပါတယ်။ ၀တ်စရာမရှိလို. စိတ်ဆင်းရဲတယ်ဆိုရင်လည်း နားလည်နိုင်ပါတယ်။ နေစရာမရှိလို. သူ.မှာ စိတ်ဆင်းရဲခြင်းဖြစ်နေတယ်ဆိုရင်လည်း နားလည်နိုင်ပါသေးတယ်။ သို.သော် လူတော်တော်များများမှာ စားစရာလည်း ရှိပါတယ်။ နေစရာကောင်းကောင်းမွန်မွန်လည်း ရှိပါတယ်။ ၀တ်စရာတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ်. စိတ်မချမ်းသာဘူး။ ငါ.မှာစားစရာလည်းရှိတယ်၊ ၀တ်စရာလည်းရှိတယ်၊ နေစရာလည်းရှိတယ်။ ငါဘာလို. စိတ်ဆင်းရဲ.နေတာလဲ။ ဘယ်သူကနှိပ်စက်နေတာလဲ။ ကိုယ်.စိတ်က ကိုယ်.ကို နှိပ်စက်နေတာပါ။ အဲဒီတော. စိတ်ချမ်းသာချင်ရင် စိတ်အကြောင်းကို သိမှဖြစ်မယ်။ လောလောဆယ် နှိပ်စက်နေတာကြီး မပျောက်ခင်မှာ နှိပ်စက်နေမှန်း အသေးစိတ်သိဖို.လိုတယ်။ ဘယ်လောက်ထိအောင် အသေးစိတ် နှိပ်စက်နေလဲဆိုတာ သိဖို.လိုတယ်။ စိတ်ဝင်စားမှုရှိဖို.လိုတယ်။ စိတ်ကိုသိလို.ရှိရင် စိတ်ရဲ.လွှမ်းမိုးမှု နှိပ်စက်မှု ခြယ်လှယ်မှုကို မခံရတော.ဘူး။ စိတ်ကိုမသိလို.ရှိရင် သူနှိပ်စက်သမျှ လွှမ်းမိုးသမျှ ခြယ်လှယ်သမျှ ဧကန်မုချ ခံရမှာပဲ။ သေသည်ထိအောင် နှိပ်စက်မှာ။

အဲဒီတော. သေခါနီး နောက်ဆုံးအချိန်အထိအောင် မနှိပ်စက်အောင်ဆိုရင် သူ.သဘာဝကို သေသေချာချာသိဖို. အင်မတန် အရေးကြီးပါတယ်။ အဲဒီတော. နေတတ်ရင် စိတ်ချမ်းသာမယ်။ စိတ်ထားတတ်ရင် စိတ်ချမ်းသာမယ်။ အသိဥာဏ်နဲ.နေတတ်ရင် အများကြီး သက်သာရာရမယ်။

လူတွေဟာ စိတ်ချမ်းသာမလားဆိုပြီး အမျိုးမျိုး ရှာကြံလုပ်ကြတယ်။ ဘယ်ဟာမှ တကယ်နက်နက်နဲနဲ အတွင်းကျကျ စိတ်ချမ်းသာမှု မပေးနိုင်ဘူး။ ဘယ်ဟာရရ ခဏလေးပဲ စိတ်ချမ်းသာတယ်။ အဆင်မပြေမှုဟာ တစ်ခုပြီး တစ်ခုပေါ်နေမှာပဲ။ အဆင်မပြေမှုဆိုတာ လောကရဲ. သဘာဝပဲ။ လောကကြီးဟာ ဘယ်တော.မှ perfect မဖြစ်နိုင်ဘူး။ ဒီလိုဖြစ်နေတဲ. သဘာဝတွေကို ဥာဏ်နဲ.ယှဉ်ပြီးတော. နေသွားရင် အသိဥာဏ် တဖြည်းဖြည်းနဲ.ရင်.ကျက်လာပြီးတော. စိတ်က ဖြစ်သမျှ ကိစ္စတွေပေါ်မှာ လိုက်ပြီးတော. တုန်.ပြန်မှု react မလုပ်တော.ဘူး။ မြင်ရုံမျှ၊ ကြားရုံမျှ၊ သိရုံမျှလေးပဲ နေသွားလို.ရတယ်။ စိတ်က မတုန်.ပြန်ရင် အများကြီးသက်သာပါတယ်။ ဘာဖြစ်လို. စိတ်ဆင်းရဲနေတာလဲဆိုတာ သိဖို.လိုတယ်။ စိတ်က တုန်.ပြန်နေလို. ဆင်းရဲနေတာပါ။

ဒါကြောင်. စိတ်က တုန်.ပြန်နေတာ react လုပ်နေတာတွေကို လိုက်ကြည်.ဖို. သိဖို.လိုတယ်။ သိလာလို.ရှိရင် react လုပ်တာ နည်းနည်းသွားတယ်။ စိတ်အကြောင်း အပြည်.အစုံသိသွားပြီဆိုရင် စိတ်က မတုန်.ပြန်တော.ဘူး။ မတုန်.ပြန်တော.ရင် လုပ်သမျှ ကိစ္စတိုင်းက reaction မဟုတ်တော.ပဲနဲ. ဥာဏ်နဲ. သိပြီးလုပ်တဲ. Action၊ ဥာဏ်နဲ.သိပြီး လုပ်တဲ. ကုသိုလ်စိတ်ဖြစ်တယ်။ အချိန်ပြည်.လောဘနဲ. react လုပ်တယ်၊ ဒေါသနဲ. React လုပ်တယ်၊ မာနနဲ. React လုပ်တယ်၊ မနာလို ၀န်တိုမှုနဲ. React လုပ်တယ်။ တုံ.ပြန်နေကြတာနော်။

သတိနဲ.မနေတတ်ရင်တော. မြင်လိုက်တာနဲ. Automatic reaction ဖြစ်ပြီးနေပြီ။ ကြားလိုက်တာနဲ. Automatic reaction ဖြစ်ပြီးနေပြီ။ တစ်ခုခုသိလိုက်တာနဲ. အလိုအလျောက် စိတ်က တုန်.ပြန်ပြီးနေပြီ။ အဲဒီတော. အလိုအလျောက် automatic စိတ်က တုံ.ပြန်လိုက်လို.ရှိရင် များသောအားဖြင်.တော. အကုသိုလ်နဲ. တုံ.ပြန်တာဖြစ်နေပြီ။ ဒီလိုဖြစ်နေရင် စိတ်က ရှုပ်ထွေးတယ်။ ဘ၀ရှုပ်ထွေးတယ်။ အကုသိုလ်ဆိုတာ ဘ၀ကို သိပ်ရှုပ်ထွေးစေတယ်။ စိတ်ချမ်းသာဖို.ဆိုတာ သိပ်မျှော်လင်.လို.မဖြစ်တော.ဘူး။ ဒီလိုဖြစ်နေတာကိုပဲ ဖြစ်နေမှန်းသိနေရင် အဲဒီလို အလိုအလျောက် တုံ.ပြန်နေတဲ. သဘောတွေ automatic reaction တွေ နည်းသွားတယ်။ ဖြစ်လာရင် ချက်ချင်းသိတယ်၊ ချက်ချင်းပျောက်သွားတယ်။ ဒီထက်ကြာလို.ရှိရင် ဖြစ်ကိုမဖြစ်တော.ဘူး။

သိပြီးတော. လုပ်လိုက်တဲ.အလုပ်တစ်ခုဟာ ကုသိုလ်ဖြစ်သွားတယ်။ သတိနဲ.အတူ ပါလာတဲ. ဥာဏ်ပညာ wisdom က ဘ၀ကိုရှင်းလင်းပေးသွားတယ်။ ဘ၀ဟာအများကြီး simple ဖြစ်လာတယ်။ ရိုးရှင်းလာတယ်။ စိတ်ရှုပ်ထွေးရင် ဘ၀ရှုပ်ထွေးတယ်။ စိတ်ရှင်းရင် ဘ၀လည်းရှင်းသွားတာပါပဲ။ ဘ၀ဆိုတာ စိတ်ရဲ. Reflection ၊ စိတ်ရဲ.ရောင်ပြန်ဟပ်မှုပါပဲ။ အဲဒီတော. ရှုပ်နေတာကို အရင်သိဖို.လိုတယ်။ ရှုပ်နေတာကို သေသေချာချာသိသွားရင် တဖြည်းဖြည်း တဖြည်းတဖြည်း ရှင်းသွားတယ်။ automatic reaction မလုပ်တော.ဘူး။ အဲဒီ automatic reaction ကြောင်. ရှုပ်နေတာ။ mindful wholesome action က မရှုပ်ဘူး။ ဥာဏ်နဲ.သိပြီးတော. သေသေချာချာလုပ်တဲ.အလုပ်က ဘ၀ကို မရှုပ်ထွေးစေဘူး။
(စာအုပ်စဉ်ပြတိုက်မှကူးယူတင်ပြထားပါသည်။)

No comments:

Post a Comment