Sunday, September 30, 2012

သူငယ်ချင်း...


ဝ သူငယ်ချင်း...
     တစ်ယောက် လက်ကို တစ်ယောက်တွဲလို့... ငါတို့တွေ ကျောင်းအတူတူ တတ်ခဲ့ဘူးတယ်....
    မင်းမသိတာတွေ ဆိုငါကူဖြေရှင်း ပေးလို့ပေါ့..ငါမသိတာတွေဆို မင်းကကူညီဖြေ ရှင်းပေးလို့...
    တစ်ယောက်ကို တစ်ယောက် ကူညီလို့ အဖြူအစိတ်းလေး နဲ့ အချိန်ကာ လများစွာကို ဖြတ်ကျော်ခဲ့တယ်....။

 ၀ သူငယ်ချင်း...
    အရွယ်ရောက်လို့... ဘ၀အတွတ် ကိုယ့်ဘ၀ ကိုလျှောက်လှမ်းကျတော့..
    မင်းက ဘ၀တကွေ့ရဲ့ လှိုင်းထန် မှုကြောင့် နှောင့်နှေး ခဲ့တယ်... အားမငယ်နဲ့သူငယ်ချင်း...
   မင်းအတွတ်ဆို ငါ တတ်နိုင် သလောက်ကူညီ ပေးမယ်...အားဖြည့်ပေးမယ်...မင်းကြိုးစားပါ တချိန်မှာ
    မင်းပန်းတိုင်တခုကိုရောက်မှာပါ..။
 ၀ သူငယ်ချင်း.....
    မင်းလျှောက်လှမ်းတဲ့...လမ်းတွေ ကြမ်းတမ်းနေလား...မင်း ဆက်လျှောက်လိုက် .. ဘ၀ရဲ့ ခရီးလမ်းဆိုတာ...
    တခါတလေတော့လည်းဒီလိုပဲ...တခါတလေ ကြမ်းတမ်းတယ်..တခါတလေ ချောမွေ့တယ်... မင်းသိမ်မငယ်သွားနဲ့....
    မင်းဘက်ကနေ ငါအမြဲ အားပေးနေတယ်... မင်းကြမ်းတမ်းတာတွေ့ရင် မင်းလျှောက်ရင်း လျှောက်ရင်းနဲ့ ချောမွေ့တဲ့ လမ်း ကို မင်း
    ရောက်မှာပါ..မင်းအားအပြည့် နဲ့ ဆက်လျှောက် မင်းအတွတ် အားပေးတဲ့သူငယ်ချင်းတို့တွေရှိတယ်...။
 ၀ သူငယ်ချင်း.....
    မင်းလျှောက်လှမ်းတဲ့ မင်းရဲ့ စိတ်တိုင်းကျ ဘ၀ကို ပုံသွင်းလို့  အားရပြီလား...
    မင်းမိဘအတွတ်..ဖြည့်ဆည်း ပေးလိုက်ပြီလား.... မင်းသေချာစဉ်းစား လိုက်ပါဦး....
    မွေးမိခင်နဲ့ဖခင်ကို မင်းကျေးဇူး ဆပ်လိုက်ပါ... မင်းကံကောင်းချင်းများစွာကို  ပိုင်ဆိုင်နိုင်မှာပါသူငယ်ချင်း....
 ၀  သူငယ်ချင်း....
     မင်း ဘ၀အတွတ်... ဖြည့်ဆည်း ပေးမယ့်သူ ..တွေ့ပြီလား... မင်းဘ၀အတွတ် သူကစိတ်ချရလား...
    မင်းကိုကော ..တကယ်ချစ်မြတ်နိုး ရဲ့လား... မင်းအတွတ် တတ်နိုင်သလောက် ငါတို့စုံစမ်း ပေးမယ်....
    မင်းအတွတ်..ငါတို့သူငယ်ချင်းတွေ..စုံစမ်းပေးနေတယ်...

ဝ သူငယ်ချင်း....
    မင်း ချစ်ရတဲ့သူက မင်းကို ထားခဲ့တာလား...အားမငယ်ပါနဲ့..သူငယ်ချင်း...
   သစ္စာမရှိတဲ့ သူနဲ့ ငါ့သူငယ်ချင်းကို ငါတို့ကလည်း သဘောမတူနိုင်ပါဘူးသူငယ်ချင်း...
   မင်းသူ့အစားကြေကွဲမ နေပါနဲ့.... မင်းအချစ်နဲ့ထိုက်တန်တဲ့သူ...မတွေ့သေးလို့ပါ....။

ဝ သူငယ်ချင်း....
    မင်းအားငယ်နေချိန် ငါတို့ မင်းအတွတ် အားပေးနေတယ်....
    မင်း ၀မ်းနည်းနေရင်...ငါတို့တွေ ရယ်စရာ တွေပြောပြပေးမယ်....
    မင်း ကျေကွဲနေချိန်...ငါတို့တွေ ဖြေသိမ့်ပေးမယ်.....
    မင်းအခက်အဲတွေ့နေချိန်ဆို..ငါတို့တွေ အရှေ့က မားမားမက်မက် ရက်တည်ပေးနေမယ်....
    ငါ့ရင်ထဲမှာ မင်းကထာဝရသူငယ်ချင်းပဲ...
   မင်းရင်ထဲမှာ ငါဟာ သူငယ်ချင်းကောင်းဖြစ်ရင်ကျေနပ်ပါတယ်......
(ချစ်ဦးမောင်)**##ခံစားရေးသားသည်..။

No comments:

Post a Comment