Monday, December 31, 2012
Sunday, December 30, 2012
Friday, December 28, 2012
ဘာလို့ ချစ်နေကြတာလဲ၊ မချစ်အောင် ဘယ်လိုနေမလဲ
Thursday, December 27, 2012
ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကို မရှုံးစေနဲ့...
Wednesday, December 26, 2012
Tuesday, December 25, 2012
Friday, December 21, 2012
စိတ်အတွက်အာဟာရများ..............
(၁)
တခါက လူတုံးလူအ တယောက်သည် ဈေးထဲတွင် လှည့်လည် ကျက်စားနေ သည်။ လူများက သူ့အား နည်းအမျိုးမျိုးဖြင့် စနောက်ကြသည်။ လူတွေ အမြဲစနောက်သော နည်းတခုမှာ လက်ဖ၀ါးပေါ်တွင် ၅ကျပ်တန်နှင့် ၁၀ကျပ် တန်ကိုတင်ပြီး သူ့အား ရွေးယူစေသောနည်းဖြစ်သည်။ သူသည် အမြဲတမ်း ၅ကျပ်တန်ကိုသာ ရွေးယူခဲ့သည်။ လူများက သူ့အား တုံးအသောသူ၊ စိတ် မနှံသောသူ၊ ၅ကျပ်နှင့်၁၀ကျပ် မည်သည်က ပိုတန်ဖိုးရှိသည်ကို မသိသော သူဟု ထင်ပြီး ၀ိုင်းလှောင်ကြသည်။ ဈေးထဲသို့ သူ ဖြတ်သွားတိုင်း လူများက ထိုနည်းကို အသုံးပြုပြီး အမြဲ စနောက်ခဲ့ကြသည်။
Thursday, December 20, 2012
"ဒီနေ့" ဆိုတဲ့ "လက်ဆောင်" .............
Yesterday is just a memory... မနေ့က ဆိုတာ အမှတ်သညာမျှပဲ။
မှတ်မိနေတာပဲ ရှိတော့တယ်။တကယ်ဖြစ်ခဲ့တဲ့ ကိစ္စတွေက မရှိတော့ဘူး။မှတ်မိတယ် ဆိုတာ လည်း ပြန်ပြီး စိတ်ကူးနဲ့ဖော်ယူမှ ရတယ်။မဖော်ယူရင် မရှိဘူး။မရှိတာကို ပြန် အသက်သွင်းယူရ တာပါ။အတိတ်ကို ပြန်တွေးပြီး ပျော်တာ ရှိပါတယ်။ဒါလည်း ပင်ကိုယ်က ပျော်နေတဲ့စိတ်အခံ ရှိမှ ပျော်တာ။ဝမ်းနည်းနေတဲ့သူက အတိတ်က ပျော်ခဲ့တာကို ပြန်တွေးမိရင် ၀မ်းနည်းတယ် ။ မပျော်ဘူး။ အတိတ်ဟာ ဘယ်လောက်ပဲ ပျော်စရာကောင်းခဲ့ ကောင်းခဲ့ အတိတ်ကို တွေးနေတာ ဟာ ပစ္စုပန်ကို တန်ဖိုးမထားတာပဲ။
Wednesday, December 19, 2012
ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင်
ယခုရက်ပိုင်းတွင်
ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ
ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ထိုငါးလေးများမှာ
အလွန်သေးငယ်သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် ငါးသေးသေးလေးများ
ဖြစ်သည်။ ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ် ကျပ်သားလျှင် ငါးရာ ကျပ်ဝန်းကျင်သာ
ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက်လည်း ဈေးသုံးချွေတာရာ ရောက်သည်။
Monday, December 17, 2012
လက်ဖက်ရည်(၃)ခွက် ပုံမှန်သောက်သုံးပါက လေဖြတ်ခံရခြင်းလျော့ပါးစေနိုင်
Thursday, December 13, 2012
နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာဖြစ်ပါသည်။
Wednesday, December 12, 2012
Monday, December 10, 2012
ဖရဲသီးနဲ့ Diet လုပ်နည်း (ကျန်းမာရေး သိမှတ်ဖွယ်ရာ)....
ဖရဲသီးဟာ
ရာသီပေါ် အသီးအနှံ ဖြစ်ပြီး မြန်မာ ပြည်သူပြည်သားတွေ အများဆုံး စားသုံးကြတဲ့
သွားရည်စာ တစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်းကတောင် ဖရဲသီးကို စားတဲ့သူဟာ နတ်သားတွေ
ဘာစားတယ် ဆိုတာ သိလာ လိမ့်မယ်ဆိုပြီး ဖရဲသီး ဂုဏ်ကို ချီးမြောက် ခဲ့ပါတယ်။
ဖရဲသီးဟာ နတ်သားတွေ စားသုံးတဲ့ သစ်သီး ဖြစ်ရုံမက နတ်သမီးလေး ဖြစ်အောင်ပါ ဘယ်လို
စားသုံးသင့်တယ် ဆိုတဲ့ အကြောင်းကို တင်ဆက်စရာ သစ်သီးအလှအဖြစ် ဖော်ပြ
လိုက်ရပါတယ်။
Sunday, December 9, 2012
Tuesday, December 4, 2012
အချစ်နဲ့ဘဝ
ကိလေသာမကုန်သေးတဲ့သတ္တ၀ါတိုင်းရဲ့သန္တာန်မှာ
အချစ်ဆိုတာ ရှိနေကြဦးမှာပါ။ အဲဒီအချစ်ကို ပယ်ဖျောက် နိုင်ဖို့ဖြစ်စေ၊ မှန်ကန်တဲ့နည်းနဲ့
ချစ်တတ်အောင်ဖြစ်စေ ပြုလုပ်တတ်ဖို့အတွက်က ဘာသာတရားရဲ့ အဆုံးအမ၊ မှန်ကန်တဲ့
အသိဉာဏ်များ ရှိမှဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ဆိုတာ မေတ္တာနဲ့ချစ်ရင်
လမ်းမှားမရောက်၊ ဒုက္ခ မရောက်တတ်ပေမဲ့ တဏှာနဲ့ချစ်တဲ့အခါမှာ နည်းလမ်းမမှန်၊
ချစ်နည်းမမှန်ပါက ဒုက္ခပင်လယ်နဲ့ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့်
မှန်ကန်တဲ့ချစ်နည်းနဲ့ ချစ်တဲ့အခါ တကယ်ချစ်ရာရောက်ပြီး အပေါ်ယံချစ်ခြင်းကနေ
ရှောင်ကြဉ်နိုင်ဖို့အတွက် မှန်ကန်တဲ့အသိပညာ ဘာသာရေးတရားများ သိရှိထားဖို့
လေ့လာထားရပါလိမ့်မယ်။ ဘာသာရေးဆိုတာ မှားတဲ့ဘက်ကို မရောက်အောင်၊ မှားတာကိုမပြုလုပ်မိအောင်၊
စိတ်သက်သာရအောင် အားထားရတဲ့၊ ကူညီပေးတဲ့အရာဖြစ်နေတာမို့ မသိမဖြစ် သိထားရမဲ့အရာပါ။
Monday, December 3, 2012
မျက်ရည်မကျခင် သိစေချင်..........
လွန်ခဲ့သော (၁၅) နှစ်ခန့် ၁၃၄၃ ခုနှစ် ပြာသိုလ၏ တစ်ခုသောည၊ တစ်ည၊ အချိန်အားဖြင့် ည
(၁၁) နာရီ ကျော်နေပြီမို့ မြင်းခြံခရိုင် တောင်သာမြို့၏ ကျက်သရေဆောင် သာသနာ့
မူလိကာရာမ ကျောင်းသစ်ကျောင်း စာသင်တိုက်ကြီး အတွင်းမှ စာချ စာသင် သံဃာတော်
အရှင်မြတ် (၇၀) ကျော်တို့ မိမိတို့အိပ်ရာ အသီးသီးတွင် ကျိန်းစက်တော်မူ နေကြပြီ
ဖြစ်သည်။
Thursday, November 29, 2012
တရားထိုင်ခြင်းသည် ဦးနှောက်ကြွက်သားများကို တောင့်တင်းခိုင်မာစေသည်
ဒိုက်ထိုးလေ့ကျင့်ခန်းသည်
လူ့ခန္ဓာကိုယ် ကြွက်သားများအား တောင့်တင်းခိုင်မာစေသလို တရားထိုင်ခြင်းသည်လည်း
ဦးနှောက်ကြွက်သားများကို တောင့်တင်းခိုင်မာစေပြီး ဦးနှောက်ကျုံ့ခြင်းကို
တွန်းလှန်နိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြားသည်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ
ဦးနှောက်ဓာတ်မှန်ရိုက် ဓာတ်ခွဲခန်းဌာနမှ လက်ထောက်
ဧည့်ပါမောက္ခအီလင်လူဒါစ်နှင့်အဖွဲ့သည် ။
Tuesday, November 27, 2012
Monday, November 26, 2012
မျက်စိကို စစ်ဆေးသင့်သော ထိပ်တန်း အကြောင်းပြချက် လေးရပ်
လူအများစုက
မျက်စိစစ်ဆေးမှုရဲ့ အရေးပါပုံကို သိနားလည်တာမျိုး မရှိကြပါဘူး။ ဒါကြောင့်
လူတွေက ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် တစ်နှစ်တစ်ကြိမ် စစ်ဆေးမှုနဲ့ သွား၊ ခံတွင်း
ကျန်းမာရေးအတွက် ခြောက်လတစ်ကြိမ် စစ်ဆေးမှုတွေကို ပြုလုပ်သလိုမျိုး
မျက်စိကျန်းမာရေး အတွက်လည်း ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။ ဒါကြောင့် မျက်စိကို
တစ်နှစ်တစ်ကြိမ် စစ်ဆေးမှု ပြုလုပ်သင့်တဲ့ အကြောင်းရင်း လေးရပ်ကို
ဖော်ပြလိုက်ပါတယ်။
Friday, November 23, 2012
ဘာဝနာအမိုးကျဲတဲ့စိတ်ဟာ မိုးမလုံတဲ့အိမ်ပါပဲ.......
ပကတိသော မိုးသည်ပင်လျှင် အိမ်မိုးပေါက်တဲ့နေရာ၊ အိမ်မိုးကျဲတဲ့နေရာက ဝင်လာပြီဆိုရင် အဲဒီမိုးရေတွေက အိမ်ကို၊ အိမ်မှာရှိတဲ့ ပစ္စည်းပစ္စယ လူတွေအားလုံးကို နှိပ်စက်တတ်တဲ့သဘောရှိတယ်။ ပကတိသော မိုးသည်ပင်လျှင် နှိပ်စက်တတ်တဲ့ သဘောရှိတယ်ဆိုရင် ကိလေသာဆိုတဲ့ မိုးကပိုပြီးတော့ နှိပ်စက်မှာပဲ။
ကိလေသာဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကိုက စိတ်ကို ညှင်းဆဲတတ်တဲ့ သဘော၊ စိတ်ကို ပူလောင်စေတတ်တဲ့သဘော၊ စိတ်ကိုပင်ပန်းစေတတ်တဲ့သဘောဖြစ်ပါတယ်။
Thursday, November 22, 2012
ရှေးခေတ်မှယခုခေတ်ထိပစ်ပယ်မရတဲ့ ဆေးဖက်ဝင် အသီးအရွက်များ
ကြက်သွန်နီ
ရှေးထုံးစဉ်လာ
အယူအဆအရ ကြက်သွန်နီဟာ ၉၆ ပါးဝေဒနာကို ပျောက်ကင်းစေတယ်ဆိုပြီး နိုင်ငံအနှံ့မှာ
အသုံးပြုကြပါတယ်။ အရှေ့အလယ်ပိုင်း တိုင်းရင်းဆေး ဆရာတွေက ကြက်သွန်နီကို
ဆီးချိုရောဂါ ကုသရာမှာ အသုံး ပြုကြပါတယ်။ ၂၀ ရာစုနှစ် အစောပိုင်း ကာလတွေ မှာလည်း
အမေရိကန်မှ ဆရာဝန် Willian Boericke က ကြက်သွန်နီကို အသက်ရှူလမ်းကြောင်း ဆိုင်ရာ
ပြဿနာတွေမှာ အသုံးပြုခဲ့ပါတယ်။
Tuesday, November 20, 2012
ခုခံအားစနစ် ပြန်လည်ကောင်းလာစေမည့် နည်းလမ်းခြောက်သွယ်
Monday, November 19, 2012
Friday, November 16, 2012
ဆောင်းရာသီတွင်အဖြစ်များသော နှုတ်ခမ်းကွဲခြင်း ........
အခုလို ဆောင်းရာသီအတွင်း အဖြစ်များတဲ့ နှုတ်ခမ်းကွဲခြင်းဟာ နှုတ်ခမ်းအရေပြားမှာ အစိုဓာတ်လျော့နည်းခြင်းကြော
ဆရာတော် ဦးဇောတိကရဲ့ ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ် အပိုင်း (၂)
၁။ ဒီနေ့ ဟာ ငါတကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာအပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခုပစ္စုပ္ပန်မှာပဲ ရှိတယ်။ ငါ့ကိုယ်ကို ငါကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ
ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ ဆိုတာ ငါသိတယ်။ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။
ဆုံနိုင်ခွင့်...
ဘဝသံသရာဆိုတာ
အလွန်ပဲ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ ဘဝတစ်ခုမှာ လင်မယား တော်စပ်ပေမယ့် တခြားဘဝတစ်ခုမှာတော့
မောင်နှစ်မ ဖြစ်ချင်ဖြစ်ကြရပါတယ်။ မိဘ၊ သားသမီး တော်ခဲ့ဖူးသူလည်း လင်မယား တော်ရင်တော်ကြရပြန်ပါတယ်။
ဘဝတစ်ခုတည်းမှာသာဆိုရင်တော့ အလွန်ကို ကဲ့ရဲ့စက်ဆုပ်ဖွယ်ရာကြီးပါ။ ဒါပေမယ့် ဘဝဆိုတဲ့
နံရံတစ်ခုက ခြားကွယ်ထားတဲ့အခါကျတော့ မိမိတို့အနေနဲ့ ဘာကိုမှ သတိမရ သံဝေဂမရနိုင်တော့ဘဲ
ပျော်ပျော်ပါးပါးကြီး ခံစားစံစားမိကြပါတယ်။
Thursday, November 15, 2012
ဆရာတော် ဦးဇောတိကရဲ့ ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ် အပိုင်း (၁)
(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်းအရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေး
တွေကို ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်နိုင်တဲ့ အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ ငါ့ဘ၀မှာ ငါဟာ အရေးပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀ မှာ အရေးပါဆုံးဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင် ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ်စိတ်အားတက်မလဲ။
ဆရာတော်ဦးဇောတိက – ခွင့်လွှတ်ခြင်း တရားတော်
Wednesday, November 14, 2012
Tuesday, November 13, 2012
Sunday, November 11, 2012
Friday, November 9, 2012
သစ်သီးဝလံတို့၏ အစေ့ကို စားသင့်မစားသင့်...
သစ်သီးဝလံအချို့ ရဲ့ အစေ့ကို စားလို့ရတယ်လို့ ထင်နေသူများ
ရှိနေပါတယ်။ ပြီးတော့ ယင်းအစေ့ဟာ ကျန်းမာရေးအတွက် အထောက်အကူ ပြုတယ်။ ဝမ်းနဲ့ ပက်သက်တဲ့
ရောဂါ ပျောက်တယ်၊ မျက်စိ အားတိုးတယ်လို့ ထင်သူများလည်း ရှိနေပါတယ်။ အမှန်တော့ ယင်းအစေ့များကို
မစားသင့်ပါဘူး။ (သာမန်- အပြင်အသားစားရသော သစ်သီးဝလံများကို ဆိုလိုသည်၊ အစေ့စားရသော
မြေပဲ၊ ပဲသီး တို့ကဲ့သို့ အသီးများကို မဆိုလိုပါ။)
မုသားစကားပြောခြင်းကြောင့် စိတ်ပိုင်းနှင့် ရုပ်ပိုင်း ကျန်းမာရေး ထိခိုက်စေတတ်
မုသားကင်းစင်သော စကားများသည် စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးအတွက်
အထောက်အကူ ဖြစ်စေကြောင်း သုတေသန ရလဒ်တစ်ခုက ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားရှိ
နော်တာဒိမ်း တက္ကသိုလ်မှ သုတေသီများသည် မုသားစကားနှင့် ကျန်းမာရေးတို့ ဆက်စပ်မှု ရှိမရှိ
လေ့လာမှု တစ်ခုကို ပြုလုပ်ခဲ့သည်။ (၁၀) ပတ်ကြာ အချိန်ယူ ပြုလုပ်သော သုတေသန ရလဒ်က မုသားစကားပြောခြင်းသည်
လူတစ်ဦး၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်း ကျန်းမာရေးကို အနည်းနှင့်အများ ထိခိုက်စေတတ်ကြောင်း
ဖော်ထုတ် တွေ့ရှိခဲ့သည်။
Thursday, November 8, 2012
ကံကောင်သူများတွင် ရှိတတ်သော "အရည်အချင်းများ"
အချို့လူများသည် ကံကောင်းသူများအဖြစ်
သတ်မှတ်ခံရလေ့ ရှိကြသည်။
ထီပေါက်သည့် ကံကောင်းခြင်းမျိုး မဟုတ်ဘဲ အလုပ်လုပ်ရာ၌ ကံလိုက်တတ်ခြင်းမျိုး ၊
အခြားသူများထက် ထူးကဲအောင်မြင်တတ်ခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်ပါသည်။ သုတေသီ မက္က(စ်)ဂွန်သာ၏ လေ့လာဆန်းစစ်မှုများအရ ကံကောင်းသည် ဆိုသူများမှာ
အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။
ထီပေါက်သည့် ကံကောင်းခြင်းမျိုး မဟုတ်ဘဲ အလုပ်လုပ်ရာ၌ ကံလိုက်တတ်ခြင်းမျိုး ၊
အခြားသူများထက် ထူးကဲအောင်မြင်တတ်ခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်ပါသည်။ သုတေသီ မက္က(စ်)ဂွန်သာ၏ လေ့လာဆန်းစစ်မှုများအရ ကံကောင်းသည် ဆိုသူများမှာ
အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။
ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား
နားပေါက်ဖောက်ရာတွင် သတိထားသင့်တာလေးများ
နားပေါက်ဖောက်ရာတွင်
ထုံးတမ်းဓလေ့အရ မြန်မာအမျိုးသမီး အများစုက နားပေါက်ဖောက်ပြီး နားကပ် ဝတ်ဆင်ကြပါတယ်။
ရှေးဘုရင်တွေ ခေတ်တုန်းကလည်း နားထွင်းမင်္ဂလာ ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာ့ဓလေ့အရ နားဖောက်တာက
ထုံးစံလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်မှာ
အပေါက်ဖောက်ပြီး ပစ္စည်းတွေ ထည့်တာကတော့ မကောင်းပါဘူး။ ဒါပေမဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအရတော့
ဖောက်နေကြတာပါပဲ။ ယဉ်ကျေးမှုဓလေ့ကို တားလို့တော့မရပါဘူး။ အဲဒါကြောင့် အကောင်းဆုံးဖြစ်အောင်
အကြံပေးချင်ပါတယ်။
Wednesday, November 7, 2012
မိန်းကလေးများပျက်စီးခြင်း(၉)မျိုး....
တချို့မိဘတွေက
သူတို့သမီးပျိုလေးများကို မပျက်စီးအောင် ဘယ်လိုဆုံးမပေးရမလဲ။ ဘယ်လိုပြုလုပ်သင့်ပါသလဲ
လို့ မေးလာကြတဲ့အတွက် မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ မိန်းကလေးများ ပျက်စီးခြင်း(၉)မျိုးကို
ရေးသားပေးလိုက်ပါတယ်။ ဒီအချက်တွေကို မိမိတို့သမီးများ မပြုလုပ်မိအောင် စောင့်ရှောက်ကာကွယ်
သတိပေးထားမယ်၊ သမီးဖြစ်သူများကလည်း စောင့်ထိန်း လိုက်နာမယ်ဆိုရင်တော့ ပျက်စီးခြင်းများကနေ
လွတ်ကင်းပါလိမ့်မယ်။
Subscribe to:
Posts (Atom)