Yesterday is just a memory... မနေ့က ဆိုတာ အမှတ်သညာမျှပဲ။
မှတ်မိနေတာပဲ ရှိတော့တယ်။တကယ်ဖြစ်ခဲ့တဲ့ ကိစ္စတွေက မရှိတော့ဘူး။မှတ်မိတယ် ဆိုတာ လည်း ပြန်ပြီး စိတ်ကူးနဲ့ဖော်ယူမှ ရတယ်။မဖော်ယူရင် မရှိဘူး။မရှိတာကို ပြန် အသက်သွင်းယူရ တာပါ။အတိတ်ကို ပြန်တွေးပြီး ပျော်တာ ရှိပါတယ်။ဒါလည်း ပင်ကိုယ်က ပျော်နေတဲ့စိတ်အခံ ရှိမှ ပျော်တာ။ဝမ်းနည်းနေတဲ့သူက အတိတ်က ပျော်ခဲ့တာကို ပြန်တွေးမိရင် ၀မ်းနည်းတယ် ။ မပျော်ဘူး။ အတိတ်ဟာ ဘယ်လောက်ပဲ ပျော်စရာကောင်းခဲ့ ကောင်းခဲ့ အတိတ်ကို တွေးနေတာ ဟာ ပစ္စုပန်ကို တန်ဖိုးမထားတာပဲ။
အတိတ်က ဖြစ်ခဲ့တာတွေကို ပြန်တွေးပြီး ပျော်ရတာထက် ပစ္စုပန်မှာ ပျော်အောင်နေတာက ပိုပြီး အသက်ဝင်ပါတယ်။ပစ္စုပန်မှာ ပျော်နေတဲ့သူဟာ အတိတ်ကအကြောင်းတွေကို ကြာကြာမတွေးဘူး။ အတိတ်ကို တွေးနေရင် ပစ္စုပန်ဟာ အသက်မ၀င်ဘူး။
Tomorrow we may never see... မနက်ဖန်ဆိုတာ တွေ့ချင်မှ တွေ့ရမှာပါ။ဘယ်တော့မှ မတွေ့ ရတော့တာ ဖြစ်ချင်ဖြစ်မယ်။မသေချာဘူး။
ဒါပေမဲ့ ဒီခောတ်မှာ အနာဂတ်အတွက် စိတ်မအေးတဲ့သူတွေ ပိုများလာတယ်။
There's beauty all around us,
life can be so pleasant.
ကိုယ့်အနားမှာ အလှအပတွေ ရှိပါတယ်။
ဘ၀ဟာ အင်မတန် နှစ်သက်စရာ ကောင်းနိုင်ပါတယ်။
Today is like a gift
That's why it's called the present.
ဒီနေ့ဟာ လက်ဆောင် လိုပါပဲ။
အဲဒါကြောင့် သူ့ကို Present လို့ ခေါ်တယ်။
လက်ဆောင်ကောင်းတစ်ခုကို ရရင် ပျော်တယ်။ဘာကြောင့် ပျော်တာလဲ။မမျှော်လင့်ပဲရတာ
ရတဲ့အခါကျမှ သိရတယ်။သိရတဲ့အခါမှာ ရတာကို ကိုယ်က တန်ဖိုးထားနိုင်ရင် ပျော်တယ် ။ပြီးတော့ ပေးတဲ့သူက ကိုယ့်ကိုချစ်လို့ပေးတာ ဆိုတော့ အဲဒါလည်း ပျော်တဲ့အကြောင်းတစ်ခုပဲ။ ချစ်တဲ့သူက ပေးတာ ချစ်လို့ပေးတာ ပျော်စရာကောင်းတယ်။
ဒီနေ့ ဆိုတာကို အခု ပစ္စုပန်ကို လက်ဆောင်လို့ သဘောထားနိုင်ရင် ပျော်စရာ ကောင်းလာမှာပါ။
ဒီနေ့ဆိုတာကို ရဖို့ ဘယ်လောက်ပေးပြီး ၀ယ်ရသလဲ။ ဘာမှ မပေးရဘူး။ဒါကြောင့် အဲဒါ လက်ဆောင်ပေါ့။
*** ဆရာတော် ဦးဇောတိက(မဟာမြိုင်တာရ)၏ စိတ်ချမ်းသာမှုဟာ ဘ၀နေနည်းပါ စာအုပ် မှ ကောက်နှုတ် ဖော်ပြသည် ***
~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာ ရွှင်လန်း ငြိမ်းအေး နိုင်ကြပါစေ ~~~
Source:https://www.facebook.com/photo.php?fbid=440297686035303&set=a.439857692745969.105326.439852356079836&type=1&theater
No comments:
Post a Comment