အခုလို ဆောင်းရာသီအတွင်း အဖြစ်များတဲ့ နှုတ်ခမ်းကွဲခြင်းဟာ နှုတ်ခမ်းအရေပြားမှာ အစိုဓာတ်လျော့နည်းခြင်းကြော
ဥပမာ - ရေဓာတ်ခန်းခြောက်တာကြောင့် နှုတ်ခမ်းသားခြောက်သွေ့ရင် ရေများများ သောက်ပေးတဲ့နည်းနဲ့
သက်သာစေပါလိမ့်မယ်။ နှုတ်ခမ်းသားကို လျှာနဲ့မလျက်ပါနဲ့။ ဒါဟာ နှုတ်ခမ်းသားခြောက်သွေ့မှုကိုပိုဆိုးစေနိုင်ပါတယ်။ ဗီတာမင်အေပါဝင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ မုန်လာဥနီနဲ့
ခရမ်းချဉ်သီးတွေကို များများစားပေးပါ။ ဗီတာမင်အေ ပေါကြွယ်ဝတဲ့ အစားအစာတွေဟာ ခြောက်သွေ့တဲ့
နှုတ်ခမ်းသားနဲ့ အသားအရေကို စိုပြည်စေပါတယ်။
ရေနံဂျယ်လီ (Petroleum Jelly) ကို နှုတ်ခမ်းသားမှာ လိမ်းပေးပါ။ ခရီးသွားပါက သွားတဲ့
လမ်းခရီးတစ်လျှောက်မှာပါ မကြာခဏ လိမ်းပေးပါ။ အစိုဓာတ်ထိန်းပေးနိုင်တဲ့
Moisturizing Lip balm လို နှုတ်ခမ်းဆိုးဆေး အကြည်ကို ဆိုးပေးရင်လည်း နှုတ်းခမ်းသား ကွဲအက်မှု
မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေနဲ့ နှုတ်ခမ်းသားစိုပြည်နေအောင် အရည်ရွှမ်းတဲ့ သစ်သီးတွေစားပြီး
ရေများများ သောက်ပေးပါ။Health
satekuupuyar.blogspot.com/2012/11/blog-post_9598.htmlမှကူးယူတင်ပြထားပါသည်။
No comments:
Post a Comment