ာ သုတေသန ရလဒ်က မုသားစကားပြောခြင်းသည်
လူတစ်ဦး၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်း ကျန်းမာရေးကို အနည်းနှင့်အများ ထိခိုက်စေတတ်ကြောင်း
ဖော်ထုတ် တွေ့ရှိခဲ့သည်။
လူပေါင်း (၁၁၀) ပါဝင်သော သုတေသန စစ်တမ်းတွင် ယင်းတို့အနက် (၆၆)ရာခိုင်နှုန်းအား သုတေသန
ပြုလုပ်နေသော ကာလအတွင်း ကြီးကျယ်သော ကိစ္စများနှင့် သေးငယ်သော ကိစ္စများတွင် အမျိုးမျိုးသော
လိမ်ညာစကားတို့ကို ပြောကြားစေခဲ့သည်။ ကျန်သူများကိုမူ မည်သည့် သီးခြားစေခိုင်းမှုမျှ
မပြုလုပ်ဘဲ သာမန်အတိုင်းသာ နေထိုင်ဖြတ်သန်းစေသည်။ သုတေသန စစ်တမ်းအတွက် ရွေးချယ်ထားသူ
အားလုံးသည် ဘွဲ့ရသူများနှင့် ပညာတတ် အသိုင်းအဝိုင်းနှင့် ဆက်နွယ်သူများ ဖြစ်ကြသည်။
၎င်းတို့၏ ကျန်းမာရေးဆိုင်ရာ အခြေအနေများကို တစ်ပတ်လျှင် တစ်ခါ မှတ်တမ်းပြုစုထားပြီး
(၁၀)ပတ်လုံးလုံး လေ့လာမှု ပြုခဲ့ကြသည်။ဖော်ထုတ်တွေ့ရှိမှုများကို အော်လန်ဒို ဖလော်ရီဒါတွင် ပြုလုပ်သော အမေရိကန် စိတ်ပညာ အဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြခဲ့သည်။ အလိမ်အညာစကားကို နည်းပါးစွာ ပြောဆိုရသည့် အဖွဲ့တွင် လူအများသည် (၅) ပတ်မျှ အကြာတွင် မိမိကိုယ်ကိုယ် ရိုးသားသူဟု ယူဆလာက စိတ်ချမ်းမြေ့ကြသလို ပတ်ဝန်းကျင်နှင့် ထိတွေ့မှု သဟဇာတဖြစ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မုသားစကား ပြောဆိုရသူများသည် လူမှုဝန်းကျင်နှင့် ထိတွေ့ရာတွင် ပြဿနာအချို့ ရှိလာသလို စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက် သက်ရောက်မှုများ ပေါ်ပေါက်လာကြောင်း သုတေသီများက ပြောကြားခဲ့သည်။
"မကြာသေးခင်က လေ့လာတွေ့ရှိချက်အရ အမေရိကန် နိုင်ငံသားတွေဟာ ပျမ်းမျှ တစ်ပတ်ကို (၁၁) ကြိမ်လောက် လိမ်ညာစကားတွေ ပြောတတ်ကြတယ်။ တကယ်တော့ ရိုးသားဖြောင့်မတ်မှုဟာ ကျန်းမာရေးအတွက် အမှန်တကယ် အကျိုးကျေးဇူးရှိတဲ့ လက်ဆောင်တစ်ခုပါ" ဟု ယခု သုတေသန စစ်တမ်းတွင် ပါဝင်ခဲ့သူ ဒေါက်တာ အန်နီတာကယ်လီက ရှင်းပြခဲ့သည်။ နော်တာဒိမ်း တက္ကသိုလ်၏ စိတ်ပညာ ဌာနမှ ပရော်ဖက်ဆာ တစ်ဦးဖြစ်သူ ကယ်လီက "တွေ့ရှိချက်တွေအရ လူတိုင်းဟာ ကျန်းမာရေးအတွက် နေ့စဉ်ပြောဆိုလုပ်ကိုင်နေတဲ
Source: CBS News
Ref: Planet
News from : Health Articles
Post by အေးချမ်းမွန်
( excellencemedia.myanmar@gm
Source:http://satekuupuyar.blogspot.com/2012_09_01_archive.html
No comments:
Post a Comment