Friday, February 22, 2013

မင်းအတွက်..........


ငါကဆူးလေးတစ်ချောင်းပါ
မင်းရင်ကိုစူးသွားနိုင်တယ်
ဒါပေမယ့် စူးကောက်တော့မဟုတ်ပါဘူး
ဆူးဖြောင့်လေးတစ်ချောင်းပါ။
ငါက၀ါးပင်လေးပါ
မင်းအသိုက်မြုံလေးတည်ဖို့
အသုံးချလို့ရပါတယ်
ဒါပေမယ့်တမြေ့မြေ့လောင်ကျွမ်းအောင်တော့မလုပ်လိုက်ပါနဲ့။

ငါကရေတံခွန်လေးပါ 
စီးဆင်းတာရိုင်းစိုင်းပေမယ့်
မင်းစိတ်တွေညစ်ထေးနေရင်
အသုံးပြုလို့ရပါတယ်
ဒါပေမယ့်အသုံးတော့မချပါနဲ့။

ငါကသစ်ပင်ကောင်းတစ်ပင်ပါ
မင်းပင်ပန်းလာရင်
အရိပ်ခိုလှည့်ပါ
ဒါပေမယ့် အခက်တော့ချိုးမသွားပါနဲ့။

ငါကနှင်းဆီဖူးလေးပါ
မင်းအတွက်ဆိုရင်တော့ပြိုင်ဘက်ကင်းတဲ့
ပန်းလှဖြစ်မှာသေချာတယ်
မင်းအတွက်အသုံးဝင်ရင်ခူးလို့ရပါတယ်
ဒါပေမယ့်ရက်ရက်စက်စက်တော့မခြွေလိုက်ပါနဲ့။
(မေချို)

No comments:

Post a Comment