Tuesday, January 1, 2013

Happy new year အတွေးများ....




မြောက်လေကသွေး၊ နှင်းဖွေးဖွေး နှင့် ၊ ချမ်းအေးပါလှ ၊ ည...တစ်ည.. ၊
မိသားစုတွင်း ၊ မိတ်ဆွေရင်း နှင့် ၊ ချစ်သူချင်းဆုံ ၊
ဝိုင်းစုပြုံကာ ၊ နှင်းမြူမှုံကြား ၊ မြူးပျော်ပါးစွာ ၊ကကြ ခုန်ကြ ၊ ည တစ်ည ။
မီးရှူး မီးပန်း ၊ထောင်သောင်းသန်း ဖြင့် ၊ အံ့မခန်းလှ ၊

ထွန်းညှိကြဘိ ၊ လူတိုင်းသိစွ ၊ ည...တစ်ည
 ဘေး.ရန်. ဒဏ် မျိုး ၊ ကံဆိုး..မဆုံ ၊ ကောင်းကျိုးကြုံပြီး ၊ စီးစိမ်ရွှေငွေ ၊
ထွန်းတောက်စေကြာင်း ၊ စုကာပေါင်းလို့ ၊ ဆုတွေတောင်းကြ ၊ ည တစ်ည ။
happy new year ၊ ဒီစကားကို ၊ အွန်လိုင်း နှင့် ဖုံး ၊
တွင်တွင်သုံးရင်း ၊ အပြုံးနှင့်ယှဉ် ၊ သံယောဇဉ်ကို ၊
ခင်မင်နှစ်လို ၊ ၊စကားချိုဖြင့် ၊ ခေါ်ဆိုပြောကြ ၊ ည တစ်ည ။
ဒီလိုစကား ၊ ဒီစာသားကို ၊ တွေ့ ကြား လေတိုင်း ၊
နက်ရှိုင်းလှစွာ၊ တွေးသိတာက ၊ ပျော်စရာ နှစ်သစ် ၊ ရောက်ပြန် လစ် ဟု ၊
အော် ဘာလိုလို နဲ့ ၊ နှစ်ဟောင်းပြိုပျက် ၊
နှစ်သစ်ရက် သည် ၊ မနက်ဖန်ဆို ရောက်တော့မည်၊
နာရီ. လ. ရက်၊ ရာသီစက် ပေါင်း ၊လီလီပြောင်းလို့၊
နှစ်သစ်နှစ်ဟောင်း၊ ဘယ်မျှပြောင်းလဲ ၊ ရင်ထဲ သတိ၊ မရှိတဲ့သူ ၊
ကိုယ့်လိုလူမှာ.. ဘာတွေဟောင်းလို့ ၊ ဘာတွေ ပြောင်းကုန် ၊ မသိတုံခဲ့ ...
ဒါပေမဲ့လည်း ၊ ဉာဏ်နဲ့ဆင်ခြင် ၊ တွေးဝင်မိတာ ၊ ဒီလို ပါ ..။
အပါယ်ဒုဂ္ဂတိ ၊ လားနိုင်ဘိကြောင်း ၊ မကောင်းအမှု ၊
ကံသုံးခုကို ၊ ဟောင်းခဲ့နှစ် မှာ.... နှစ်ခဲ့ရင်..
မိမိသူတပါး ၊ ကျိုးမများမှု ၊ ကံ သုံးခု ကို ... အဟောင်းနဲ့ အတူ နှစ်ခဲ့ရင် ...
မကောင်းတာ နှစ် ၊ ကောင်းတာ သစ်၍ ၊ ကောင်းမှုဖြစ်ဖို့ ၊ ကြိုးစားရင် ...
အကုသိုလ်နှစ် ၊ ကုသိုလ်သစ်၍ ၊ မဖြစ်သေးတာ ၊ ဖြစ်လာစေမှု ၊ အားပြုရင် ..။
ဒုစရိုက် နှစ် ၊ သုစရိုက် သစ်နဲ့ ၊
ဘဝနောက်နှောင်း ၊ ကောင်းထက်ကောင်းအောင် ၊ ပြောင်းခဲ့ရင် ..၊
မကောင်းအကြောင်း ၊ ကောင်း နဲ့ ပြောင်း၍ ၊
ကောင်းအကျိုးသစ် ၊ ဖြစ်ခဲ့ရင်
စသည် စသည် ၊ အစချီ၍ ၊ မကောင်းကျိုးဖျောက် ၊
ကောင်းကျိုးရောက်အောင် ၊စွမ်းဆောင်နိုင်မှ ၊ နှစ်သစ်နှစ်ဟောင်း ၊
ဒီအပြောင်းသည် ၊ အကြောင်းကောင်းလို့ ၊ အကျိုးကောင်းသည့် ၊
ပျော်ဖွယ်အစစ် ၊ တကယ် နှစ်သစ်ဟု..
တွေးပြုမိပါ ၊ ဒီအခါတွင် ၊ ရင်မှာ ပျော်ရွှင် ၊ ဆိုလိုက်ချင်သည် ....
အားလုံးကို HAPYY NEW YEAR ပါ ဟု ။
အရှင်နန္ဒဝံသ(ရမည်းသင်း)
ဇေယျသုခ ဓမ္မရိပ်သာ ၊Amarillo, Tx, U.S.A
Source:http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A277564&xgs=1&xg_source=msg_share_post


No comments:

Post a Comment