Thursday, January 31, 2013

" Their opinions for Valentines Day "




ဒီနေ့ ...
ရတီ Magazine ရဲ့ February Issue ထွက်လာပါတယ် ..
အဲဒီ ထဲ မှာ ... Valentine's Day နဲ့ ပတ်သက်တဲ့ ကဏ္ဍလေး တခုမှာ ..
စာရေးဆရာမ မြနှောင်းညို ..
စာရေးဆရာမ ပုညခင် ..
သရုပ်ဆောင် ခင်ဇာခြည်ကျော် နဲ့ ..
ကျမ ကို ..

" Their opinions for Valentines Day " ဆိုတဲ့ .. ခေါင်းစဉ်အောက်မှာ
Interview လုပ်ထားပါတယ် ..

သူတို့ရဲ့ စာနိဒါန်းလေး က သိပ်ချစ်စရာကောင်းပြီး မြန်မာဆန်လှပါတယ်

ဘာတဲ့ ..

" ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို Valentine's Day အဖြစ် နိုင်ငံတကာ က သတ်မှတ်ထားပါတယ် .. မြန်မာပြည်ရဲ့ ဘယ်ပြက္ခဒိန် မှာမှ ထည့်သွင်းဖော်ပြထားခြင်းမရှိပေမဲ့လဲ ကျွန်မတို့နိုင်ငံမှာလဲ ဖေဖော်ဝါရီ ၁၄ ဆိုရင် Valentine's day ကို ဆင်နွှဲကြတဲ့ ချစ်သူတွေ ဒု နဲ့ ဒေး ရှိပါတယ် ..
Valentine's day ကျင်းပတဲ့ ယဉ်ကျေးမှု က ကျွန်မတို့နိုင်ငံကို ကူးလာတာ သိပ်တော့မကြာသေးပေမဲ့ ဒီလိုနေ့ထူးနေ့မြတ်လေးမှာ ဖြစ်ပျက်ခဲ့ရတဲ့ ကိစ္စတွေကတော့ ပတ်ဝန်းကျင်မှာ များပြားလှပါတယ် .. တိုးတက်နေတဲ့ ခေတ်စနစ်ကြီး ရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ အယူအဆလွဲစွာ ခံယူနေ .. ကျင့်သုံးနေကြတဲ့ တချို့သော လူငယ်အမျိုးသမီးလေးတွေအတွက် ရည်ရွယ်ရင်း ဒီ ကဏ္ဌလေးကို တင်ဆက်ပေးလိုက်ပါတယ် .. ကျွန်မတို့ မြန်မာမိန်းကလေးတွေ " က'zw^]o[w လုံကြပါစေ" လို့လဲ ဆုတောင်းပေးလိုက်ပါတယ် " .. တဲ့ ..

သိပ်ချစ်စရာကောင်းပြီး မြန်မာမှုတွေ ထုံလွှမ်းနေတဲ့ စာရေးသူ ရဲ့ မိတ်ဆက်နိဒါန်းလေးက ကျမ ကို ပြုံးမြစေပါတယ် ...

ကျမ ရဲ့ အချစ် မေတ္တာ နဲ့သစ္စာတရား ဆိုတဲ့ ခံယူယုံကြည်ချက်ကို ..
သုံးသပ်ပေးကြပါဦး ...

မေးခွန်းလေး က ၆ ခု တည်းပေမဲ့ ... ကျမ စိတ်ထဲမှာ ရှိတာကို ..
အရှိ အရှိ အတိုင်း .. ဖွင့်လှစ်ပြခဲ့တဲ့ အဖြေလေးတွေပါ ..

မေးခွန်း .. ၁ …
အရင်ဆုံး အမရဲ့ profile လေးကို အကျဉ်းလေးပြောပြပေးပါဦး အစ်မ ..

အစ်မ က .. ဒါရိုက်တာဝင်းထွန်းထွန်းရဲ့ ဇနီး ..
မမမိုးစက်ပွင့် @ Apple @ Cindy Win Tun Tun နဲ့
မမမိုးစက်သစ် @ ဆုန်ဆုန် @ Tammy Win Tun Tun ရဲ့ အမေ ပါ
အစ်헷uOY Cw Group ရဲ့ ရန်ကုန်ရုံးခွဲမှာ
Country Office Manager အဖြစ် 2002 တည်းက တာဝန်ထမ်းဆောင်ခဲ့တာ ခုချိန်ထိပါပဲ

မေးခွန်း .. ၂ …
အိမ်ထောင်ရှင်တယောက်လဲဖြစ်တယ် .. ပြီးတော့ မိခင်တယောက်လည်းဖြစ်တော့ သစ္စာတရားဆိုတာကို အစ်မ ဘယ်လိုနားလည်ထားပါသလဲ

သစ္စာတရားဆိုတာမျိုးက .. အိမ်ထောင်ရှင်ရယ် .. မိခင်တယောက်ရယ် .. ချစ်သူရယ် ဆိုတဲ့ သူတွေနဲ့ပဲ ဆိုင်တာမဟုတ်ဘူး လို့တော့ အစ်မ က ထင်ပါတယ် …
လူရယ်လို့ဖြစ်လာရင် .. သစ္စာတရားဆိုတာကို တန်ဖိုးထားရမယ် လို့ ယူဆပါတယ် ..
ရှေးတုန်းက ဆိုစကားတောင် ရှိခဲ့တယ် မဟုတ်လား ..
စကားသစ္စာတည်သောခါတွင် နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏ .. တဲ့ ..
အစ်မ လက်ခံနားလည်သလောက် လူတိုင်း လူတိုင်း ကိုယ် ပျော်ဝင်ရတဲ့ ပတ်ဝန်းကျင် ..
ကိုယ်ကျင်လည်ရတဲ့ အသိုင်းအဝိုင်း .. ကိုယ် ဆက်ဆံရတဲ့ လူတိုင်းအပေါ်မှာ ..
အတတ်နိုင်ဆုံး သစ္စာစောင့်သိသင့်တယ် လို့ ထင်ပါတယ် ..

မေးခွန်း .. ၃ …
ချစ်သူ နှစ်ဦး သို့မဟုတ် အိမ်ထောင်ဖက်အချင်းချင်းမှာ အချစ်စစ်မှ သစ္စာရှိမှာလား ..သစ္စာရှိမှ အချစ်စစ်မည်မှာလား ..

အစ်မ ထင်သလောက် ဥာဏ်မှီသလောက်ပြောရရင် ..
အိမ်ထောင်ဘက်တွေကြား .. ချစ်သူတွေကြားထဲမှာ ..
အချစ်စစ် နဲ့ သစ္စာ ဆိုတာ .. ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုများဖြစ်နေမလားလို့
တယောက် အပေါ်မှာ တယောက် ထားတဲ့ အချစ်စစ်နိုင်မှ ..
တယောက် နဲ့ တယောက် သစ္စာစောင့်သိနိုင်မှာပေါ့နော် ..
တယောက် နဲ့ တယောက် သစ္စာစောင့်သိမှသာ အချစ်စစ်လို့ခေါ်နိုင်မှာပေါ့ ..
ဒါပေမဲ့ … ခြွင်းချက်တခုရှိတာက …
ပိုချစ်တဲ့သူတွေက သစ္စာတရား ဆိုတာကို ပိုစောင့်ထိန်းနိုင်ပါတယ် …
ပိုချစ်တယ် ဆိုတဲ့ ဆီမှာ ကိုယ့် ချစ်သူ လင်ယောက်ျား ဇနီး ကို ကိုယ်က ပိုချစ်တယ် ဆိုတာလဲ ဖြစ်နိုင်သလို ..
မိခင်တွေ အတွက်ကတော့ ကိုယ့်ရင်ကဖြစ်လာတဲ့ ကိုယ့်သား ကိုယ်သမီး ကို ပိုချစ်တာလဲ ဖြစ်နိုင်ပါတယ် …
တရားနည်းလမ်းကျချင်မှတော့ကျနိုင်ပေမဲ့ …
အစ်မ ခံစားနားလည် ကြုံတွေ့မိသလောက်တော့ ..
အစ်မ တို့ မိန်းမတွေ .. အထူးသဖြင့် မိခင်တွေဟာ သားသမီး ဆိုတဲ့ နှောင်ကြိုးတွေကြောင့် သစ္စာ ဆိုတဲ့ အရာ ကို ပိုစောင့်ထိန်းတန်ဖိုးထားနေကြသလားလို့ ပါ …

မေးခွန်း .. ၄ ..
လူနှစ်ဦးချစ်ကြလို့ လက်ထပ်ပြီးတဲ့ အချိန်နောက်ပိုင်းကာလတွေအတွက် သစ္စာရှိရှိ နဲ့ ချစ်နေနိုင်ကြဖို့ဆိုရင် ဘယ်လိုအချက်တွေလိုအပ်ပါသလဲ ..

ဒါကတော့ အစ်မ အမြဲမရိုးနိုင်အောင် ဖြေဖူးတဲ့ အဖြေတခုပါ ..
လူနှစ်ဦး ချစ်ကြလို့ လက်ထပ်ပြီးတဲ့အချိန် နောက်ပိုင်းကာလတွေအတွက် သစ္စာရှိရှိ နဲ့ချစ်နေနိုင်ကြဖို့ ဆိုရင် လိုအပ်တဲ့ အချက်က တချက်တည်းပါ …

အဲဒါကတော့ .. “ တဦးအပေါ်တဦး ယုံကြည်ခြင်း” ပါ ..

မေးခွန်း .. ၅ …
ကိုယ့်အပေါ်မှာ သစ္စာရှိတဲ့ အမျိုးသား ဟုတ်မဟုတ် ဆိုတာကို အဲဒီအမျိုးသားနဲ့ လက်မထပ်ခင်မှာ သိနိုင်ဖို့ဆိုရင် ဘယ်လိုအချက်တွေနဲ့ဆန်းစစ်ကြည့်နိုင်သလဲ ..

ကိုယ့်အပေါ်မှာ သစ္စာရှိတဲ့ အမျိုးသား ဟုတ်မဟုတ် ဆိုတာကို သူနဲ့ လက်မထပ်ခင်မှာ ဘယ်လိုနည်းတွေနဲ့စမ်းသပ်ပြီး သိနိုင်မလဲ … ( မေးခွန်းက အဲဒါကို ဆိုလိုတာလားမသိဘူးနော် … )
အစ်မ နားလည်သလောက်တော့ … လူတယောက် (အထူးသဖြင့် ကိုယ့်ချစ်သူ တဖြစ်လဲ ကိုယ့်အိမ်ထောင်ဘက်ပေါ့လေ) ကိုယ့်ပေါ်မှာ တကယ်သစ္စာရှိမရှိဆိုတာ … သူ သစ္စာမဖောက်မဖျက်ဘဲ အသက်သေဆုံးသွားမှသာ သူ ကိုယ့်အပေါ်မှာထားခဲ့တဲ့ သူ့ သစ္စာတရားကို အစ်မ တို့ မှတ်ကျောက်တင်နိုင်မယ် မဟုတ်လားဟင် …
ဥပမာ ဆိုကြပါစို့ …
သူ နဲ့ ကိုယ်နဲ့ .. မယူခင်မှာ သူ့ကို ကိုယ်က အမျိုးမျိုး အဖုံဖုံ စမ်းသပ်စစ်ဆေးကြည့်တယ် ဆိုပါတော့ …
အိုကေ … ကာယကံ .. ဝစီကံ တွေမှာ သူ အမှတ်ပြည့်ရနိုင်တယ်ပဲထား ..
သူ့ မနောကံ ကို .. ကိုယ်တကယ်ပဲ ရဲရဲဝံ့ဝံ့ .. အမှတ်ပြည့်ပေးရဲသလား …
အစ်မ အမျိုးသားတွေကို စော်ကားပုတ်ခတ်တာမဟုတ်ဘူးနော် ..
အစ်မ ဆိုလိုချင်တဲ့သဘောက .. ဘယ်လိုအရာတွေ နဲ့ မှ စမ်းသပ်မနေပါနဲ့ ..
ယုံကြည်မှုတခု နဲ့ အချစ်တခုကို အခြေခံပြီး
ဒီ ယောက်ျားကို လက်တွဲမယ် လို့ သေချာဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ ..
တွေ့ကြုံလာသမျှကို ကောင်းရင်လဲ စံမယ် .. ဆိုးရင်လဲ ခံမယ်
ဘယ်သူ သစ္စာပျက်ပျက် ကိုယ့်အိမ်ထောင်အပေါ် ကိုယ်က သစ္စာခိုင်ကြည်မယ် ဆိုတဲ့ စိတ်တခုတည်းနဲ့ရင်ဆိုင်သွားမယ် … ဆိုရင် အကောင်းဆုံးပါပဲ ..

မေးခွန်း .. ၆ …
မြန်မာပြည် ရဲ့ တလင်တမယား စနစ်ကိုရော အစ်မ ဘယ်လိုသုံးသပ်ချင်ပါသလဲ ..

တလင်တမယားစနစ် ဆိုတာ .. ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် .. မြန်မာပြည်မှာမှမဟုတ်ပါဘူး ..
တကမ္ဘာလုံး က သုံးစွဲသင့်တဲ့ .. စနစ်ပါ ..
ဒါပေမဲ့လဲ … လူ ကိုး …
“ယောက်ျားကောင်း မောင်းမတထောင် “ ဟေ့ ရယ်လို့ လက်ခမောင်းခတ်ချင်တဲ့ အမျိုးသားတွေအတွက် တော့ .. ဒီစနစ်ဟာ ဘယ် အသုံးဝင်ပါ့မလဲ …
“မိန်းမကောင်းပန်းကောင်းတပွင့်ပန်” ဆိုတဲ့ စကားက;zwN_GKwတဲ့ အစ်မတို့လို … မြန်မာအမျိုးသမီး မိခင်တွေအတွက်ကတော့ ..
တလင်တမယားစနစ် ဆိုတာ .. အတိုင်းထက်အလွန်ပါပဲ …
ဖြစ်ချင်တိုင်းဖြစ်ခွင့်မရလို့ .. အကြောင်းအမျိုးမျိုးကြောင့် .. အိမ်ထောင်ပြိုကွဲလိုက်ရတဲ့ အမျိုးသမီးတွေကတော့ ခြွင်းချက်ပေါ့လေ …

ကဲ ...
သူတို့ရဲ့ေ မးခွန်းက .. ၆ ခု ..
ကျမ ဖြေတဲ့ အဖြေ .. ၆ .. ခု ..

ရှင်တို့ဆိုရင်ရော .. ဘယ်လိုအဖြေတွေ ပေးကြမလဲ ...

:D :D


ကျမ ရင်ထဲမှာ ရှိတာ ရေးချပြီးပြီမို့ ...
ကျေကျေနပ်နပ် အိပ်ရာဝင်ဖို့ပြင်ဆင်တော့မယ် ...
ဒီတည ... အပူအပင်ကင်းကင်း နဲ့ ချမ်းမြေ့စွာ အိပ်စက်နိုင်ကြပါစေ ...
Source:https://www.facebook.com/photo.php?fbid=10151374017183293&set=a.40945223292.50309.655743292&type=1&theater

No comments:

Post a Comment