Tuesday, January 29, 2013

စိတ်နဲ့ခန္ဓာ



ငါ့ခန္ဓာကိုယ်  ငွေထုတ် စက်လား

ငါ့ကိုခိုင်းစေ မနေမနား

ငါပေးဆပ်နေ နေ့မအား ညမနား


ငါရှာဖွေနေ ငါတည်ဆောက်နေ

ငါ့တွက်မဟုတ်  လောက လူ့ရွာ

မပေးတတ်ရင်   မယူတတ်ရင်

သံသရာမှာ  ငရဲရောက်လိမ့်

ယခုခဏ  လောဘအတ္တ

အမိုက်မှောင်ဖုန်း  တဏှာရာဂ

သူခိုင်းစေလို့  စေသည့်ကျွန်လား

ထွန်သည့်နွားလား   ခန္ဓာသဘော

လိုက်လျှောပြီးတော့   ခန္ဓာခိုင်းသမျှလုပ်ရတယ်

မင်း  ရဲ့သယုဒ်   မင်း  ပြယုဒ်ကို

မင်း ကြည့်တတ်ရင် မြင်လိမ့်မယ်

လောကလူ့ရွာ မကြည့်တတ်ရင်

ငရဲပန်းကို ရွှေပန်းအမှတ်

မင်းမြင်နေတယ်

လောဘ အတ္တ တဏှာ ရာဂ ကိလေသာကို

ရွှေပန်းမှတ်လို့   ပန်ချင်တယ်

လောဘ အတ္တ သူခိုင်းစေတော့

သားတွက်သမီးတွက်

ဆွေတွက် မျိုးတွက်

စည်းစိမ်ဥစ္စာ တည်မြဲဖို့အရေး

နောင် သံသရာ မတွေးခေါ်ဘူး

ခန္ဓာခိုင်း သမျှလုပ်ရတယ်

ခန္ဓာသဘော မလိုက်ရောရင်

အာရုံတွေနောက်  စိတ်တွေ   ဖောက်ပေါ့

ရင်မှအပူ မီးလိုဆူလို့

စိတ်ဝယ်  မောပန်း   မရွှင်လန်းနိုင်

ခန္ဓာနားလည်း  စိတ်ကပြေးလွား

မမောပန်းနိုင်  စိတ်ရဲ့စေရာ

အမှား  အမှန်  ရှုမြင်သုံးသတ်

ဝေဖန်စစ်ကြည့်   လောကလူရွာ

စိတ်နဲ့ခန္ဓာ   တရားသလား

အမှားများသလား    မေးချင်တယ်........။

No comments:

Post a Comment