Wednesday, October 3, 2012
Tuesday, October 2, 2012
မြင်းခွာရွက်အစွမ်း.........
မြင်းခွာရွက်ဟာ စားစရာလဲဟုတ်၊ ဆေးလဲဟုတ်တယ်ဆိုတာ မြန်မာတွေသာမက တခြားလူမျိုးတွေကပါ မှတ်ယူကြတယ်။ Sanskrit သင်္သကရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။ အများဆုံး Indian Pennywort လို့ ခေါ်တယ်။ နာမယ်တော့ India ပါ၊ လက်တွေ့မှာတော့ တရုပ်ပါ။ မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကနေ ၂ဝဝ၈ အောက်တိုဘာလအတွင်း ဆေးမြင်းခွာ ဝ ဒသမ ၅၅ တန် တဖက်နိုင်ငံကို တင်ပို့နိုင်ခဲ့တယ်လို့ ပါခဲ့တယ်။
ဒါတွေစားရင် တကယ်နုပျိုနေမယ်...............
အစာလဲဆေး ဆေးလဲ အစာဆိုတဲ့ ဆိုရိုးနဲ့အညီ
ကျွန်မတို့ ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတွေထဲမှာ
ဆေးဘက်ဝင်တဲ့ အသီးတစ်ချို့အကြောင်း ဖော်ပြချင်ပါတယ်.. ၄င်းအသီးတွေကို
ပုံမှန် စားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ
ရှိနေတဲ့အတွက်ကြောင့် ဘယ်လိုအသီးတွေက ဘယ်လို အကျိုးရှိစေတယ် ဆိုတာလေး
ဖတ်မှတ်ထားမိတာတွေထဲကမှ အသီးတစ်ချို့အကြောင်း ပြန်လည်
ဖော်ပြပေးလိုက်ပါတယ်။
Monday, October 1, 2012
အိုမင်းမှုကို ဟန့်တားပြီး အရွယ်တင် နုပျိုစေရန်
အိုမင်းမှုဆိုတာ မလွှဲမရှောင်သာ ဖြစ်စဉ်တစ်ခုပါ။ ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ သက်ရှိအားလုံး အချိန်နဲ့အမျှ အိုမင်းလာနေကြပါတယ်။ အသက်ကြီးလာတဲ့ သဘောတရားကို လွန်ဆန်လို့ မရပေမယ့် အိုမင်းတဲ့ သွင်ပြင်တွေကို လျှော့ချနိုင်ပြီး အရွယ်တင် နုပျိုလှပအောင် ကြိုးစားသင့်ပါတယ်။ နှစ် ၄၀ ကြာ လေ့လာမှုတစ်ရပ်အရ အာဟာရရှိတဲ့ အစာတွေကို စားတာအပါအဝင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင် စားသောက်မှုပုံစံကို လိုက်နာတာက အိုမင်းမှုကို နှောင့်နှေးစေပြီး အရွယ်တင် နုပျိုစေကြောင်း သိရပါတယ်။
ခွင့်လွတ်သည်းခံခြင်းနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ…'
Subscribe to:
Posts (Atom)





