Thursday, February 14, 2013

အဖြည့်ခံနှလုံးသားပိုင်ရှင်..............




မိတ်ဆွေ…….. သင်က တစ်လောကလုံး သင့်လုပ်စာ စားနေရသည့် မျက်နှာထားနှင့် နေသောအခါ ကျွန်ုပ်သည် သင့်၏ ရှေ့၌ “ကြောင်ရှေ့ကြွက်လို” နေပါ့မည်။
မိတ်ဆွေ……. သင်က သင့်ကိုယ်သင် ထင်တစ်လုံးဖြင့် တစ်ဘက်သားကို အဘက်မတန်သလို မတူမတန် ဆက်ဆံလာသောအခါ ကျွန်ုပ်သည် “အညတရလို” နေပါ့မည်။
မိတ်ဆွေ……. သင်က အသိုင်းအ၀ိုင်းအင်အား ဂုဏ်အင်အားကို အသုံးပြုပြီး တိုက်ခိုက်လာသောအခါ ကျွန်ုပ်သည် “အပယ်ခံသုညလို” နေပါ့မည်။
မိတ်ဆွေ……. သင်က ဒေါသမာန်မာန အဆိပ်ပြည့်သော အတ္တအစွယ်ကို ထုတ်ပြသောအခါ ကျွန်ုပ်သည် “ ရေမြွေတစ်ကောင်လို” နေပါ့မည်။
မိတ်ဆွေ….. သင်စိတ်ကောက်၍ စကားမဆိုသောအခါ ကျွန်ုပ်သည် “ကျောက်ဖြစ်ရုပ်ကြွင်းလို” နေပါ့မည်။
မိတ်ဆွေ…… သင်က လက်တွဲဖြုပ်လျက် လမ်းခွဲထွက်သောအခါ ကျွန်ုပ်သည် “သစ်ငုတ်တိုလို” နေပါ့မည်။
မိတ်ဆွေ…… သင်က ဣဿာမျက်လုံးဖြင့် မလိုတမာ ကြည့်ရှုလာသောအခါ ကျွန်ုပ်သည် “မျက်မမြင် တစ်ယောက်လို” နေပါ့မည်။
မိတ်ဆွေ….. သင်က တစ်ဖက်သတ်တွေး၍ အထင်လွဲနေသည့်အခါ ကျွန်ုပ်သည် ပြေလည်အောင် ဖြေရှင်း တောင်ပန်၍ သင့်ကို ကျေနပ်စေပါ့မည်။
မိတ်ဆွေ….. သင်က စိတ်လိုလက်ရ စကားပြောလာသောအခါ ရင်းနှီးပွင့်လင်းစွာ ဆက်ဆံလာသောအခါ ပြန်လည်လက်တွဲလာသောအခါတို့၌ ကျွန်ုပ်သည် ဒဏ်ရာမဲ့ နှလုံးသားဖြင့် ကြည်ဖြူစွာ လက်ခံကြိုဆိုပါမည်။
တကယ်ဆိုလျှင် ကျွန်ုပ်သည် သင့်အတွက် သင်လိုရာ အသုံးပြုနိုင်သည့် “အဖြည့်ခံ နှလုံးသားပိုင်ရှင်” တစ်ဦးသာ ဖြစ်ပါသည်။

No comments:

Post a Comment