Tuesday, March 19, 2013

ဦးနှောက်ကင်ဆာရောဂါကို ကုသနိုင်ရန်အတွက် လူ့ခန္ဓာကိုယ်ထဲရှိအဆီက အထောက်အကူပေးနိုင်…




လူ့ခန္ဓာကိုယ်အဆီထဲက ထုတ်ယူထားသည့် Stem Cells များသည် Brain
Tumors ဟုခေါ်သည့် သေစေလောက်သော ဦးနှောက်ကင်ဆာရောဂါကို
ကုသနိုင်ရန် သုသေသနပညာရှင်များကစမ်းသပ်လေ့လာနေပြီဖြစ်သည်။

ဂလီယိုဘလက်စတိုးမာ ဟုခေါ်သည့် ဦးနှောက် ကင်ဆာရောဂါသည် များသောအားဖြင့်အမျိုးသားများတွင် ဖြစ်ပွားတတ်ပြီးရောဂါစတင်တွေ့ရှိပြီးသည့်နောက် လူနာအများစုသည် တစ်နှစ်ထက်ပို ပြီးနေရလေ့မရှိကြောင်း သိရသည်။လတ်တလောနှစ်များတွင် ဆရာဝန်တွေက ကင်ဆာဆဲလ်များ၏ ဆွဲထုတ်ခြင်းခံရသည့် မီဆန်ခိုင်မဲလ်ဟုခေါ်သည့် သက်ကြီးကောင်Stem Cell တစ်မျိုးကိုအာရုံစိုက်လေ့လာနေကြပြီး မီဆန်ခိုင်မဲလ်ဆဲလ်များသည် လူဦးနှောက်ထဲတွင် ပြောင်းရွှေ့နေ ထိုင်တတ်ခြင်းကြောင့် ၄င်းဆဲလ်လမ်းကြောင်းများမှတစ်ဆင့် ကင်ဆာဆဲလ်တိုက်ဖျက်မည့် ကုသမှု ပေးနိုင်မည် ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက တင်ပြသွားသည်။

SkyNet TV Browser
Source:https://www.facebook.com/photo.php?fbid=514295011945486&set=a.445129605528694.104366.439724399402548&type=1&theater

No comments:

Post a Comment