Monday, October 21, 2013

ကိုယ်ခံအားကောင်းစေ မည့်အချက် (၁၀) ချက်



(၁) ရေသောက်ပါ
သောက်ရေသန့်သောက်သုံးခြင်းက စွမ်းအားဖြည့်အချိုရည်တွေသောက်တာထက် ကိုယ်ခံအားကိုပို မိုအထောက်အကူပြုပါတယ်။ အိမ်အပြင် ထွက်လျှင်လည်း ရေသန့်တစ် ဘူးဆောင်သွားပါ။
(၂) လေ့ကျင့်ခန်းလုပ်ပါ
ဘယ်လောက်အလုပ်များများ လေ့ကျင့်ခန်းလုပ်တဲ့အချိန်ကိုတော့ အပွန်းပဲ့မခံပါနဲ့။ လေ့ကျင့်ခန်းလုပ် တာဟာ ကိုယ်ခံအားအတွက်ကြီးမား တဲ့ အထောက်အပံ့ဖြစ်စေပါတယ်။။

(၃) အိပ်ပါ
အိပ်ရေးပျက်နေလျှင် ကိုယ်ခံအားစနစ်ရဲ့ပြုပြင်နိုင်တဲ့စွမ်းအားကိုထိခိုက်စေပါတယ်။ ညလုံးပေါက် အလုပ်မလုပ်ပါနှင့်။ စောစောအိပ်၊ စောစောထပါ။

(၄) ဆေးဝါးများ
အချို့ဆေးတွေဟာ ရေရှည်သောက်သုံးလျှင် ကိုယ်ခံအားကျဆင်း စေပါတယ်။ မိမိသောက်သုံးတဲ့ဆေးဝါးကို နားလည်တတ်ကျွမ်းသူများထံမှသာ ရယူသင့်ပါတယ်။

(၅) ဆေးလိပ်ဖြတ်ပါ
ကိုယ်တိုင်သောက်တာကော၊ ဆေးလိပ်ငွေ့ရှူတာကော ကိုယ်ခံ အားကျစေပါတယ်။ ဆေးလိပ်ဖြတ်ရုံ သာမက ဆေးလိပ်သောက်သူကိုပါ ရှောင်ရပါမယ်။

(၆) နေရောင်ခြည်
နေရောင်ခြည်ထိတွေ့တာ ကောင်းတယ်ဆိုပေမယ့် အိုဇုန်းလွှာ ပေါက်ကတည်းက နေရောင်ဟာ သန့်စင်မှုမရှိတော့ပါဘူး။ ခရမ်းလွန် ရောင်ခြည်အထိများလျှင်ကိုယ်ခံ အားကျစေပါတယ်။

(၇) တစ်ကိုယ်ရေသန့်ရှင်းမှု
တစ်နေ့နှစ်ကြိမ်သွားတိုက်ပါ။ နှစ်ကြိမ်ရေချိုးပါ။ အတွင်းခံအ၀တ် များ တစ်ရက်တစ်ခါ အသစ်လဲလှယ် ၀တ်ဆင်ပါ။ တစ်ကိုယ်ရေသန့်ရှင်းမှု ဟာကိုယ်ခံအားကောင်းစေဖို့ အခရာ ကျပါတယ်။

(၈) ကိုယ်အလေးချိန်
အ၀လွန်ခြင်းကြောင့် ကိုယ်ခံအားစနစ်ထိရောက်စွာအလုပ်မလုပ်နိုင်ဘဲဖြစ်စေပါတယ်။

(၉) အရက်
လူမှုရေးအရ အရက်သောက် ခြင်းဆိုတာ အကြောင်းပြချက်သက်သက်သာဖြစ်ပါတယ်။ အရက်လုံးဝမ သောက်ဘဲနေပြီးကိုယ်ခံအား ကောင်းလာခြင်းရှိမရှိ ဆန်းစစ်ကြည့် နိုင်ပါတယ်။

(၁၀) ဖိအား
ဖိအားတွေဟာ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရမှာပါပဲ။ အလုပ်ဖိအား ကြောင့် အစာမစား၊ စိတ်ဖိစီး၊ ပူပန် မှုများခြင်းဟာ သွေးတိုးရောဂါနှင့် အခြားရောဂါများဖြစ်စေနိုင်ပါတယ်။
https://www.facebook.com/photo.php?fbid=558967140825293&set=a.112159578839387.21212.110018585720153&type=1&theater
ဇော်ကို
Source: Readers Digest

Credit to>Health Updates Journal၊Vol.2, No.17




No comments:

Post a Comment